Home ထိပ်တန်းသတင်း ဘုရားသုံးဆူမြို့တွင် တရားမဝင် ‌လောင်းကစားဝိုင်းမျိုးစုံ ‌သောင်းကျန်း‌နေ

ဘုရားသုံးဆူမြို့တွင် တရားမဝင် ‌လောင်းကစားဝိုင်းမျိုးစုံ ‌သောင်းကျန်း‌နေ

2017
ဇွန်လ ၂၉ရက်။ ‌စောသိန်းမြင့်(‌ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ်မြို့တစ်မြို့ဖြစ်သည့် ဘုရားသုံးဆူမြို့၌ ယခုအချိန်တွင် တရားမဝင် ‌လောင်းကစားဝိုင်းများ အဆမတန် များပြားလာ‌နေသည်ဟု မြို့ခံများက ‌ပြောဆိုကြသည်။

မြို့ခံတစ်ဦးက “အခု ကျ‌နော်တို့ ဘုရားသုံးဆူမြို့မှာ ပန်းသီးပုံး၊ ဖဲဝိုင်း၊ ကြက်ဝိုင်း၊ နီ‌တောင် စတဲ့‌လောင်းကစား မျိုးစုံ ‌သောင်းကျန်း‌နေပါတယ်။ အထူးသဖြင့် ထိုင်းကလာတဲ့ ပန်းသီးပုံး ‌လောင်းကစားမျိုးဆိုရင် လူကြီး‌တွေမက ဆယ်နှစ်သား က‌လေး‌လေး‌တောင် ကစားတတ်တယ်။ အဲဒီကစားမျိုးဟာ လူ‌တွေကို ‌တော်‌တော်ဆွဲ‌ဆောင်နိုင် တယ်။ ကစားစရာ ဂိမ်းလိုပဲ ပိုက်ဆံအ‌ကြွေ‌စေ့‌လေး‌တွေ ထည့်ပြီး ကစားလို့ရ‌တော့ ‌ကျောင်းသား‌လေး‌တွေက မုန့်ဖိုးအစား ‌လောင်းကစားပုံးထဲမှာ သွားထည့်ကြတာ‌ပေါ့” ဟု ‌ပြောသည်။

ပန်းသီးပုံး‌လောင်းကစားမျိုးသည် ထိုင်းဘတ်‌ငွေ အ‌ကြွေ‌စေ့များအပြင် ရာတန်အထိ ပုံးထဲသို့ ထည့်၍ ကစားကြ ပြီး ၎င်းကစားနည်းသည် ထိုင်းနိုင်ငံဘက်မှလာသည့် ‌လောင်းကစားမျိုးဖြစ်‌သော်လည်း ထိုင်းနိုင်ငံ၌ တရားဝင် ပိတ်ပင်ထားသည်ဟု သိရသည်။

အဆိုပါ ‌လောင်းကစားဝိုင်းများသည် ယခင်က ရှိခဲ့‌သော်လည်း ပြီးခဲ့သည့် လအနည်းငယ်မှစ၍ တ‌နေ့ထက် တ‌နေ့ များပြားလာ‌သော‌ကြောင့် ထို‌လောင်းကစားဝိုင်းများကို ပိတ်ပစ်ရန် မြို့ခံများက သက်ဆိုင်ရာ လူကြီးများ ကို ‌တောင်းဆိုကြ‌သော်လည်း လျစ်လျူရှုခြင်းခံရသည်ဟု ဘုရားသုံးဆူမြို့ရှိ လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့မှ တပ်ဖွဲ့ ဝင်တစ်ဦးက ‌ပြောသည်။

သူက“‌လောင်းကစားဒိုင်‌တွေက တပ်ရင်းမှူးနဲ့ မရကကို ဖားထား‌တော့ မြို့ခံ‌တွေက ဘယ်‌လောက်ပဲ တင်ပြ ‌တောင်းဆို‌နေပါ‌စေ။ လူကြီး‌တွေက ဂရု‌တောင်မစိုက်ဘူး။ ဘာဖြစ်လို့လဲဆို‌တော့ တစ်လကို ဘတ်‌ငွေ ငါး‌သောင်း ‌ကျော်‌လောက် ရတာကိုး။ ဒီမှာ တာဝန်လာကျတဲ့ လူကြီး‌တွေဆို ဒီလိုချည်းပဲ” ဟု ‌ပြောသည်။

ဘုရားသုံးဆူမြို့အတွင်း ‌ရေပန်းစား‌နေသည့် ‌လောင်းကစားများမှာ ပန်းသီးပုံး၊ ဖဲဝိုင်း၊ ကြက်ဝိုင်းနှင့် နီ‌တောင်က စားဝိုင်းများအပြင် တခြား‌လောင်းကစားများလည်း ပါဝင်သည်ဟု မြို့ခံများက ‌ပြောသည်။

ယင်း‌လောင်းကစားဝိုင်းများ‌ကြောင့် ‌ကျောင်းသူ‌ကျောင်းသားများ၏ ‌ရှေ့‌ရေးနှင့် ပညာ‌ရေးအတွက် တိုက်ရိုက်ထိ ခိုက်နိုင်‌သော‌ကြောင့် ချက်ချင်းပိတ်ပစ်‌စေချင်‌ကြောင်း ရပ်ကွက်(၁)မှာ ‌နေထိုင်သည့် ‌ကျောင်းသားမိဘတစ်ဦး က ‌ပြောသည်။

၎င်းက “က‌လေး‌တွေက ‌ကျောင်းဆင်းပြီးဆိုရင် အိမ်ကို ပြန်မလာဘူး။ ဒီပန်းသီးပုံးရှိတဲ့ ‌နေရာကို တန်းသွားတာ ပဲ။ က‌လေး‌တွေလည်း ‌ကျောင်းစာထက် ဒီကစားစရာကိုပဲ စွဲလမ်း‌နေတာ။ ‌ကျောင်းသားမိဘတစ်ဦးအ‌နေနဲ့ ဖြစ် ချင်တာက ချက်ချင်းပိတ်ပစ်လိုက်ရင် အ‌ကောင်းဆုံးပဲ”ဟု ‌ပြောသည်။

ထို့အပြင် ဘုရားသုံးဆူမြို့ရှိ သံဃာ‌တော်တစ်ပါးကလည်း “ဒီ‌လောင်းကစားကို ဖွင့်လှစ်တာ ပြည်သူ‌တွေက မလို လား‌ပေမယ့် ရည်ရွယ်ချက်ရှိရှိနဲ့ ‌လောင်းကစားဒိုင်‌တွေက ‌ဒေသခံအာဏာပိုင်‌တွေနဲ့ ပူး‌ပေါင်းပြီး လုပ်တဲ့အခါကျ ‌တော့ အလွန်စိုးရိမ်ရပါတယ်”ဟု ‌ပြောသည်။

အလားတူ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့တွင်လည်း ချဲ၊ ထီနှင့် တခြား တရားမဝင် ‌လောင်းကစားမျိုး စုံ ‌သောင်းကျန်း‌နေသည်ဟု မြို့ခံများ၏ ‌ပြောပြချက်အရ သိရသည်။