Home ထိပ်တန်းသတင်း လိုင်စင်မဲ့ကားအချို့ ပြန်လည်‌ပြေးဆွဲ‌နေ

လိုင်စင်မဲ့ကားအချို့ ပြန်လည်‌ပြေးဆွဲ‌နေ

2456
ဇူလိုင်လ ၆ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ပြီးခဲ့သည့် ရက်သတ္တပတ်က မြန်မာနိုင်ငံအနှံ့တွင် လိုင်စင်မဲ့ကားများကို ဖမ်းဆီးမှုများ လုပ်‌ဆောင်‌သော‌ကြောင့် ကရင်ပြည်နယ်ရှိ လိုင် စင်မဲ့ကားများ ‌ပြေးဆွဲမှုရပ်နားထားခဲ့ရာမှ ယခုရက်ပိုင်းအတွင်း အဖမ်းအဆီးသတင်း ငြိမ်သက်သွားသည့်အတွက် ကားအချို့ ပြန်လည် ‌ပြေးဆွဲ‌နေပြီဟု သိရသည်။

လိုင်စင်မဲ့ကားများ ဖမ်းဆီးသည့် သတင်း‌ကြောင့် ပြီးခဲ့သည့် ရက်သတ္တပတ်က ကရင်ပြည်နယ်တွင် လိုင်စင်မဲ့ကား လက်ဝယ်ရှိသူများ က မိမိတို့ကားများကို လိုက်လံဝှက်ထားခဲ့ရာမှ ယခုရက်ပိုင်းတွင် ဘုရားသုံးဆူမြို့ရှိ လိုင်စင်မဲ့ကားများသည် ပုံမှန် ပြန်လည်‌ပြေးဆွဲ‌နေ ပြီဟု မြို့ခံကားပိုင်ရှိင်တဦးက ‌ပြောသည်။

“ဟိုတ‌လောက‌တော့ ရှုတ်ရှုတ်သဲသဲပဲ။ ဟိုဝှက်ဒီဝှက်လာလုပ်ရတာ‌ပေါ့ဗျာ။ ဒီရက်ပိုင်းအ‌တောအတွင်းမှာ နည်းနည်းချင်း ကား‌တွေ ပြန်ဆွဲ‌နေပြီ။ သတိထားမိတာ မ‌နေ့ကစပြီး‌တော့ အရင်လို ပုံမှန်ပြန်‌ပြေးဆွဲ‌နေကြပြီ”ဟု သူက ‌ပြောသည်။

သို့‌သော်လည်း ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင်မူ လိုင်စင်မဲ့ကားများ လက်ဝယ်ရှိသူများက ယခုအချိန်ထိ ၎င်းတို့၏ကားများကို ထုတ်မသုံးရဲ‌သေး‌ကြောင်း မြို့ခံတစ်ဦးက ယခုလို ‌ပြောသည်။

“Without ကား‌တွေကို ဘယ်နှစ်ရက်‌နေ့အထိ ဖမ်းမယ်ဆိုတာကို ကြိုသိမထား‌တော့ ဝှက်ထားတဲ့ ကား‌တွေကို ဘယ်သူမှ ထုတ်မသုံး ရဲ‌သေးဘူး။ အဖွဲ့အစည်းကား‌တွေက လွဲရင်‌ပေါ့”ဟု ‌ပြောသည်။

စစ်အစိုးရက လိုင်စင်မဲ့ကားများကို သိမ်းဆည်းပြီး လိုင်စင်သစ် ထုတ်‌ပေးမည်ဟု ယခင်လက တရားဝင်ထုတ်ပြန်ခဲ့‌သော်လည်း ကရင် ပြည်နယ်ရှိ တိုးတက်‌သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော် (ဒီ‌ကေဘီ‌အေ) အပါအဝင် တခြားငြိမ်းအဖွဲ့များ၏ ယာဉ်များကို သိမ်းဆည်းမည်မဟုတ်‌ကြောင်း ဒီ‌ကေဘီ‌အေ အသိုင်းအဝိုင်းများက ဆိုသည်။

(မြဝတီကားလမ်းတွင် ပြန်လည်‌ပြေးဆွဲ‌နေသည့် လိုင်စင်မဲ့ကားများ)

လိုင်စင်မဲ့ကားလက်ဝယ်ရှိသူများသည် ကားလိုင်စင်လုပ်ရာတွင် ကားတစ်စီးကို လိုင်စင်‌ကြေး ကျပ်‌ငွေ (၁၅)သိန်းမှ (၂၀)သိန်းအထိ ‌ပေး‌ဆောင်ရသည့်အတွက် ကားလိုင်စင်‌ကြေး အဆမတန် မြင့်မားလွန်းအ‌ပေါ် အများစုက ကားလိုင်စင် မလုပ်ချင်ကြ‌ပေ။

‌ရွှေကုက္ကိ်ု‌ကျေးရွာမှ လိုင်စင်မဲ့ ကားပိုင်ရှင်တဦးက “လိုင်စင်လုပ်တာ မူလကား‌ဈေးထက် ‌ဈေးပိုကြီး‌နေ‌တော့ ဒီကလူ‌တွေ တစ်‌ယောက် မှ မလုပ်ချင်ကြဘူး။ အဲဒီ‌ငွေနဲ့ အသစ်တစ်စီး ထပ်ဝယ်လို့ရတယ်”ဟု ‌ပြောသည်။

မြဝတီမှ ဖားအံသို့ ‌ပြေးဆွဲ‌နေသည့် ခရီးသည်တင်ကားနှင့် ကုန်တင်ကားစီး‌ရေ (၂၀၀)ခန့်မှ ထက်ဝက်သည် လိုင်စင်မဲ့ကားများ ဖြစ်ကြ ပြီး ပြီးခဲ့သည့်အပတ်မှစ၍ ကားဖမ်းဆီးမည့်သတင်း‌ကြောင့် မြဝတီ-ဖားအံ ‌ပြေးဆွဲ‌နေသည့်ကားများ နည်းပါးလာရာ လိုင်စင်ရှိ ကား ပိုင်ရှင်များက ခရီးသည်များထံသို့ ယခင်ကထက် ကားခ နှစ်ဆခန့် ပို‌တောင်းလာသည်ဟု သိရသည်။