Home ဆောင်းပါး ‌သေနတ်သံ‌တွေကြားပါစ

‌သေနတ်သံ‌တွေကြားပါစ

2702
M.ထက်‌ခေါင်

(၁)
အမြဲလိုလို တစ်ဆို့ဆို့ဖြင့် အသက်ရှူမဝ၊ ‌မော‌နေတတ်‌သော ကျ‌နော့်ကျန်းမာ‌ရေးအ‌ခြေအ‌နေမှာ ယခုရက်ပိုင်းအတွင်း အ‌တော် ပင် တိုးတက် ‌ကောင်းမွန်လာသည်။ အင်‌ဟေလာ (အသက်ရှူဗူး) အကူအညီမပါပဲ ရက်အတန်ကြာ ‌ကောင်းမွန်စွာ အသက်ရှူ ‌နေထိုင်နိုင်လာသည်။ ‌လေကို ရှူရှိုက်ရသည့်မှာလည်း သန့်ရှင်းလတ်ဆတ်‌နေကာ စိတ်နှလုံးကို ကြည်လင်လန်းဆန်း‌စေ‌လေ သည်။ ‌ကေအဲန်ယူ၏ ကျက်သ‌ရေပြည့်ဝ‌သော ‌အောင်ပွဲရတိုက်ပွဲသတင်းများကို ‌နေ့စဉ်ရက်ဆက်ဆိုသလို ကြားလာရ၍ ဖြစ်၏။

စိတ်ထဲမှာ အလွန်ပင် လှိုက်လှိုက်လှဲလှဲ နှစ်‌ထောင်းအားရ ဖြစ်ရသည်။ တိုက်ပွဲဝင်ရဲ‌ဘော်များကိုလည်း ပြည်သူတရပ်လုံးကိုယ် စား အထူးပင် ‌ကျေးဇူးတင်ရသည်။ နှစ်ကာလ ကြာမြင့်စွာကပင် ‌မျှော်မှန်း‌တောင့်တခဲ့‌သော ‌သေနတ်သံများကို ကြားလိုက်ရ သည့် ပြည်သူတို့အ‌နေဖြင့်လည်း ၎င်းတို့မုန်းတီးနာကျည်း‌နေသည့် စစ်ဓားပြအုပ်စုအား ပညာ‌ပေးတိုက်ပွဲများ ဆင်နွှဲလာသည့် ‌တော်လှန်‌ရေးသမားတို့ကို ဝမ်းပန်းတသာ ‌နွေး‌ထွေးလှိုက်လှဲစွာ ကြိုဆိုကြ ဖြစ်‌လေသည်။

ရန်သူသည် မိမိနယ်‌မြေတဝှမ်း လူထုအ‌ပေါ် စိုးမိုးဖိစီးကာ မိမိနယ်‌မြေတွင်း ‌မြေ‌ပေါ်‌မြေ‌အောက် သယံဇာတများကို တစိမ့်စိမ့် ထုတ်ယူ‌နေသည်မှာ နှစ်ပရိ‌စ္ဆေဒ အတန်ပင် ကြာခဲ့‌ချေပြီ။ မိမိတို့ နယ်‌မြေများကို တစထက်တစ အင်အားသုံး ကျူး‌ကျော် သိမ်း ပိုက်လာခဲ့သည့်အဖြစ်အား ‌ဒေသခံလူထုတရပ်လုံး ကြိတ်မှိတ် ခါးစည်းခံခဲ့ကြရသည်။

ရန်သူ၏ ဖိနှိပ်မှုကို တနှစ်ထက်တနှစ် တိုး၍တိုး၍ ကြုံလာခဲ့ရ‌သော ‌ဒေသခံ ပြည်သူများအ‌နေဖြင့် ‌တော်လှန်‌ရေးအဖွဲ့အစည်း အ‌ပေါ် အားကိုးလိုစိတ်များ တဖြည်းဖြည်း ‌လျော့ပါးလာခဲ့သည်ကို အပြစ်ဆိုဖွယ်မရှိ။ လက်နက်ကြီးဖြင့် အ‌ဝေးမှ ပစ်ခတ်ထု‌ချေ ပြီးမှ တက်လာရဲ‌သော ရန်သူ့ ထိုးစစ်များကို ရပ်ရွာလူထုထိခိုက်နစ်နာမည်စိုး၍ ‌ဘေးလွတ်ရာ ‌ရှောင်တိမ်းခိုင်းကာ မိမိတို့ကိုယ် တိုင်လည်း ရန်သူသိမ်းပိုက်ပြီးခါမှ ရံဖန်ရံခါ ‌ပြောက်ကျားပြန်လည် ပစ်ခတ်‌သောနည်းများသာ သုံးလာခဲ့ကြသည်။

ထိုနည်းကို ကြုံခဲ့ရ‌ပေါင်းများပြီးဖြစ်‌သော ရန်သူမှာ အနည်းငယ်မျှပင် မဖြုံ‌တော့။ ‌ပြောက်ကျားအဖွဲ့က‌လေးများ လာ‌ရောက်ပစ် ခတ်သည်ကို ခံကြရပြီးတိုင်း ‌ကျေးရွာလူထုကို ပြဿနာရှာတတ်သည်။ စစ်‌ကြော‌မေးမြန်းနှိပ်စက် သတ်ဖြတ်တတ်သည်။ ၎င်း တို့ဆုံးရှုံးခဲ့ရသည့် အသက်များ လက်နက်ခဲယမ်းများအတွက် လူထုထံက ‌လျော်‌ကြေး‌တောင်းတတ်သည်။ ထို့‌ကြောင့် လူထုနစ် နာထိခိုက်မည်ကို မလိုလား‌သော ‌ပြောက်ကျားသမားများအ‌နေဖြင့် ရွာများအနီး ရန်သူနှင့် တိုက်ပွဲဖြစ်မည့်ကိစ္စကို အ‌တော်ပင် ဆင်ခြင်ရသည်။ ရန်သူက ကျူး‌ကျော်လွန်းမက ကျူး‌ကျော်လာမှသာ ပစ်ခတ်တတ်ကြသည်။

ရန်သူ၏ နှိပ်စက်ဖိစီးမှုကို တ‌နေ့တခြား ကြုံလာရသည့် လူထုအ‌နေဖြင့် မကြာမီမှာပင် ရန်သူ့ထံ ပြည်သူ့စစ်များအဖြစ် ဒူး ‌ထောက်လျှိုဝင်ရ‌တော့မည့် အ‌ခြေအ‌နေရှိလာသည်။ ရန်သူသည် အပစ်အရပ်အဖွဲ့များအား ချုပ်ကိုင်အသုံးချနိုင်မည့် နယ်ခြား ‌စောင့်တပ်ဖွဲ့စည်း‌ရေး ဖိအား‌ပေး စိုင်းပြင်းလာကာ ‌တော်လှန်‌ရေးအဖွဲ့အစည်းများကိုလည်း အပြတ်‌ချေမှုန်းရန် ထိုးစစ်ကြီး ဆင် လာခဲ့ပြန်သည်။

ယခုစစ်မှာ ရန်သူ၏ ထိုးစစ်ကို ရိုက်ချိုး ရုံမျှသာမဟုတ်၊ ရန်သူကို အမြစ်မကျန်ဖြိုလှဲရန် အားထုတ်လိုက်သည့် တိုက်စစ်ဆင် ထိုးနှက်‌ရေး စစ်ပွဲ ဖြစ်သည်။ ရန်သူ့စစ်‌ကြောင်းမလာမီ ရိက္ခာသယ်ပို့လာ‌သော ‌ထော်လာဂျီများကို စီးနင်းသိမ်းပိုက်လိုက်ကာ ရန်သူ့အစီအစဉ်များကို က‌မောက်ကမ ဖြစ်‌စေခဲ့သည်။ ရန်သူတို့ တက်လာသည့်ကားတန်းကို ကြို၍‌စောင့်ဆိုင်းကာ ပစ်ခတ် လိုက်‌သော‌ကြောင့် ရန်သူများ ဆယ့်‌လေးငါး‌ယောက်‌သေပြီး နှစ်ဆယ်‌ကျော် ဒဏ်ရာ‌တွေ ရခဲ့သည်။ ‌ရှောင်တခင်တိုက်ပွဲ၊ ၆နာ ရီ‌ကျော်ကြာတိုက်ပွဲ၊ ချုံခိုတိုက်ပွဲတို့ဖြင့် ရန်သူ‌တွေကို အထိနာ‌စေခဲ့သည်မှာ အလွန်ပင် အားရဖွယ်‌ကောင်း‌သော သတင်းများ ဖြစ်သည်။

(၂)

စစ်အုပ်စု၏ မ‌ကောင်း‌ကြောင်း‌တွေက‌တော့ ‌ပြောမဆုံး‌ပေါင် ‌တောသုံး‌ထောင်ပင် ဖြစ်၏။ လူထုဆန္ဒဖြင့် ‌ရွေး‌ကောက်ထား ခြင်းခံရသည့် ကိုယ်စားလှယ် မဟုတ်သူများပီပီ ၎င်းတို့သည် လူထုအ‌ပေါ် ‌စေတနာမရှိ။ တိုင်းပြည်ကို ချုပ်ကိုင်ထား‌သော အစိုး ရတရပ်အ‌နေဖြင့် လူထုအကျိုးအတွက် ဘာတခုမျှ မ‌ဆောင်ရွက်‌ပေးဘဲ လူထုကို ဖွတ်သထက်ညစ်သည့် ဘဝဆိုးသို့ တွန်းပို့ခဲ့ ကြသည်။ ကျန်းမာ‌ရေး၊ ပညာ‌ရေး၊ ဘာသာ‌ရေး၊ လူမှု‌ရေး၊ ကိစ္စအဝ ဘာတခုမျှတာဝန်ယူ ‌ဆောင်ရွက်မ‌ပေးပဲ၊ လူထုကို ချွတ်ခြုံ ကျ‌အောင် ပြုလုပ်ပြီး ပြည်ပသို့ သဘာဝဓါတ်‌ငွေ့နှင့် စွမ်းအင်များ ‌ရောင်းစားကာ ပြည်တွင်းလူထုအား ‌ရေ မီး မ‌လောက်င မပြည့်စုံမှုများကို ဖြစ်‌စေခဲ့သည်။ ပြည်တွင်း၌ အခမဲ့ကုသိုလ်ဖြစ် ‌ဆေးရုံများ၊ ‌ကျောင်းများကို အစိုးရတရပ်အ‌နေဖြင့် ထူ‌ထောင် ဖွင့်လှစ်မှုမရှိ‌တော့ဘဲ ဓနရှင်‌ကျောင်းများ၊ အရင်းရှင်‌ဆေးရုံများ၊ အဿပြာဆရာဝန်များ၊ အဿပြာဆရာမများကို ‌မွေးထုတ်ခဲ့ သည်။ ‌ငွေ‌ကြေးမတတ်နိုင်‌သော ‌တောသူ‌တောင်သားများ လက်လုပ်လက်စားရပ်သူရွာသားများမှာ အခက်‌တွေ့ကြရသည်။ မတရားသဖြင့် ချမ်းသာသူ‌တွေက ပို၍ချမ်းသာလာကာ ဆင်းရဲသူ‌တွေမှာ‌တော့ ပို၍ ချွတ်ခြုံကျကြရသည်။ ‌တောင်သူလယ်သ မားများ၏ လယ်‌မြေများကို တာတမံ‌ဆောက်၊ လမ်း‌ဖောက်၊ တပ်စခန်းဝင်း၊ တပိုင်‌မြေ စသည်တို့အတွက် သိမ်းယူကာ ဘဝ ပျက်‌အောင် လုပ်ခဲ့ကြသည်။ တိုင်းပြည်တွင်း ပြည့်တန်ဆာ၊ သူ‌တောင်းစားနှင့် က‌လေက‌ချေများ ပို၍ များလာသည်။ သူ‌တော် ချင်းချင်း သတင်း‌လွေ့‌လွေ့ ‌ပေါင်းဖက်‌တွေ့ကြသည့်အတိုင်း ‌မြောက်ကိုးရီးယားလို စိတ်‌စေတနာဆိုးယုတ်သူများနှင့် ‌ပေါင်းကာ နျူးကလီးယားလက်နက် ထုတ်လုပ်နိုင်‌ရေး စိုင်းပြင်း‌နေမှုများမှာလည်း ဗူး‌ပေါ်သလို ‌ပေါ်လာခဲ့သည်။

စစ်အုပ်စုသည် လူထု‌ကောင်းကျိုးဘာမျှမလုပ်ဘဲ ၎င်းတို့ ဆက်လက်၍ ဗိုလ်ကျစိုးမိုးနိုင်‌ရေး စစ်‌ရေးပြင်ဆင်မှုများ၊ ဗမာပြည် သူလူထုကို နျူကလီးယားလက်နက်ဖြင့် မီး‌လောင်တိုက်သွင်းပြီး ၎င်းတို့က‌တော့ ရိက္ခာအပြည့်အစုံနှင့် ‌ဘေးလွတ်ရာ ‌မြေကျင်း ‌အောင်း ဇိမ်ယူမည့် စီမံချက်များ၊ ‌မြောက်ကိုးရီးယားမှ မီစိုင်းဒုံးလက်နက်များဖြင့် တိုင်းရင်းသားတို့အ‌ပေါ် လူမျိုးတုန်းစစ်ဆင်ရန် ခြိမ်း‌ခြောက်ပြင်ဆင်မှုများ လုပ်လျက်ရှိသည်။ ထိုပြင်ဆင်မှုများကို ဂရုမထားဘဲ လူထုရန်သူ စစ်အုပ်စု၏ မိမိနယ်‌မြေတွင်း စစ် ‌ရေးအစီအစဉ် ကိုဦးချိုးလိုက်သည့် တိုက်ပွဲ‌ခေါ်သံများမှာ သုတိသာယာ မဂင်္လာအ‌ပေါင်းပြည့်ဝ ခ‌ညောင်းလျက်‌နေ‌ပေသည်။

(၃)

၁၉၉ဝပြည့် ‌ရွေး‌ကောက်ပွဲရလဒ်ကို အဓမ္မဖျက်သိမ်း၊ ငြင်းပယ်ခဲ့သည့် စစ်အုပ်စုအား လာမည့်‌ရွေး‌ကောက်ပွဲတွင်လည်း တရား မျှတစွာ တည်ကြည်‌လေးနက် သိက္ခာရှိစွာ လုပ်‌ဆောင်လိမ့်မည်ဟု မည်သည့်အမျိုးသား‌ကောင်းသားကမျှ ယုံကြည်နိုင်မည် မ ဟုတ်‌ချေ။ ကြံ့ဖွံ့ကို လူမှု‌ရေးအသင်းအဖွဲ့အဖြစ် ဖွဲ့စည်းခဲ့ပြီး‌နောက် ယခု‌တော့ ဇွတ်အတင်းပင် နိုင်ငံ‌ရေးပါတီအဖြစ် အသွင် ‌ပြောင်းကာ ‌ရွေး‌ကောက်ပွဲတွင် ၎င်းတို့ချည်းကြီးစိုးရန် မျက်နှာ‌ပြောင်စွာ လုပ်‌ဆောင်လာသည်ကိုလည်း ‌တွေ့မြင်ကြရပြီ ဖြစ်၏။ ကြံ့ဖွံပါတီ၌ ပါတီဝင်အင်အား သန်း၂၀‌ကျော်ရှိ‌ကြောင်းလည်း ‌ကြေညာထားပြီး မဲဆွယ်စည်းရုံးမှုများကို ထုံးစံအတိုင်း မသမာမှု မျိုးစုံ သုံးလျက် လုပ်‌ဆောင်‌နေ၏။

ပါလီမန်တွင် စစ်ဗိုလ်တမတ်သား ပါရုံမျှမက၊ ကြံ့ဖွံနှင့် အခြားအမည်မ‌ဖော်ပြလိုကြ‌သော စစ်အုပ်စု လက်ကိုင်တုတ်ပါတီများက ‌ရွေး‌ကောက်ပွဲတွင် အမတ်‌နေရာများစွာဖြင့် လွှတ်‌တော်ကို အပိုင်စီးနိုင်ကြပြီး၊ အချိန်မ‌ရွေးစစ်တပ်က အာဏာသိမ်းနိုင်ခွင့်၊ စစ် ‌ရေးအ‌တွေ့အကြုံရှိသူသာ သမတဖြစ်နိုင်ခွင့်၊ စသည့် မည်သည့်နိုင်ငံတွင်မျှ မကျင့်သုံး‌သော ဥပ‌ဒေများကို ဦးထိပ်ထားလျက် ‌ဆောင်ရွက်မည့် အစိုးရအဖွဲ့သည် စစ်အုပ်စု၏ အကျိုးစီးပွားကို ကာကွယ်‌စောင့်‌ရှောက် မြှင့်တင်‌ပေး‌သော စစ်အုပ်စု လက်ကိုင် တုတ်အစိုးရသာ ဖြစ်ဘို့ရှိ‌လေသည်။

သူခိုးဓါးပြ လူလိမ်များ ကြီးစိုး‌သော စစ်အုပ်စု၏ ချုပ်ကိုင်မှု‌အောက် ဗမာပြည်ကြီးမှာ ကျွှန်နိုင်ငံ၊ ဖာနိုင်ငံ၊ သူ‌တောင်းစားနိုင်ငံ တနှစ်ထက်တနှစ် ဆင်းရဲတွင်းနက် ချွတ်ခြုံကျခဲ့ရ၏။ အလုပ်သမားလယ်သမား ပြည်သူလူထုကြီး၏ ညည်းတွားသံ၊ အံကြိတ် သံများမှာ တစထက်တစ ကျယ်‌လောင်လာ‌နေပြီး ဖြစ်၏။ မကြာမီ ‌ပေါက်ကွဲ‌တော့မည့် လူထုအုံကြွမှုကြီးကို စစ်အုပ်စုတို့ ‌မြေ ကြီးလက်ခတ်မလွဲ ‌တွေ့ကြုံကြရ‌ပေလိမ့်မည်။

(၄)

စစ်ဖြစ်မည်ဆိုလျှင် လူ‌တွေ‌သေ‌ကြေ‌ကြေကြမည် ဖြစ်သည်။ ‌သေရမည့်အဖြစ်ကို လူတိုင်းပင် ‌ကြောက်တတ်ကြသည်။ သို့ရာ တွင် အဘယ်‌ကြောင့် စစ်တိုက်ကြရသနည်း။ ကျူး‌ကျော်‌စော် ကားဖိနှိပ်မှုများကို မခံမရပ်နိုင်၍ ဖြစ်သည်။ အလဟသ အသက် ဆုံးပါးမခံနိုင်‌သော‌ကြောင့်၎င်း၊ လူချင်းအတူတူ သူချင်းမျှမျှ ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်‌ရေးအတွက်၎င်း၊ စစ်ကျွန်ဘဝမှ လွတ် ‌မြောက်ရန် စွန့်စားတိုက်ခိုက်ကြခြင်းဖြစ်‌လေသည်။

‌ဒေါ်‌အောင်ဆန်းစုကြည်၏ စကားက‌လေးမှာ မှတ်သားဖွယ်‌ကောင်း၏။

“ဒီအချိန်မှာ သတ္တိရှိရှိနဲ့ လုပ်လိုက်လို့ဆိုရင် ‌နောင်ကျရင် ကျမတို့ဟာ မ‌ကြောက်ရတဲ့‌ခေတ်ကို ‌ရောက်သွားနိုင်တယ်။ ဒီအချိန် မှာ ‌ကြောက်ပြီး‌တော့ လုပ်သင့်သ‌လောက် မလုပ်ခဲ့လို့ဆိုရင် ‌နောက်ဆက်ပြီး‌တော့ ‌ကြောက်‌နေရတဲ့စနစ်ကို ရှင်သန်‌အောင် လုပ်‌ပေးသလို ဖြစ်သွားပါမယ်။ လူတ‌ယောက်အ‌နေနဲ့လည်း အများကြီး ဂုဏ်သိက္ခာကျပါတယ်။ ဒီ‌တော့ အားလုံးက မှန်တာ လုပ်လို့ဆိုရင် ‌ကြောက်လည်းလုပ်ရမှာပါ”

အမှန်တရားကို လိုလားသူတိုင်း၊ ‌ကောင်းရာ‌ကောင်းကျိုး လုပ်‌ဆောင်လိုသည့် ‌စေတနာရှိသူတိုင်း၊ မိမိတို့ ဂုဏ်သိက္ခာကို ထိန်း သိမ်းမြှင့်တင်လိုသူတိုင်းပင် မိမိတို့စိတ်အတွင်း နက်ရှိုင်းစွာ စူးဝင်‌နေ‌သော အ‌ကြောက်တရားကို မဖယ်ရှားနိုင်သည့်တိုင် လုပ် စရာရှိသည့်အလုပ်ကို အ‌ကောင်အထည်‌ပေါ်‌အောင် လုပ်ကြရမည်သာ ဖြစ်သည်။

ဤစာ‌စောင်ပါ ‌ဆောင်းပါးတပုဒ်၌ ‌ကေအဲန်ယူ ပဲခူးရိုးမတိုင်း တပ်မဟာမှူး ဗိုလ်မှူးချုပ်‌လောကွားနှင့် ဗမာပြည်ကွန်မြူနစ်ပါတီမှ ဗိုလ်ရဲ‌မောင် အ‌ကြောင်းအနည်းငယ်ကို အလျဉ်းသင့်၍ ‌ဖော်ပြခဲ့ဖူးသည်။ ဗိုလ်မှူးချုပ်ဖူး‌လောကွားမှာ ‌ကြောက်စိတ်ကို ပီပီပြင် ပြင် အသုံးချတတ်သူဖြစ်၏။ ရန်သူများထိုးစစ်ဆင်လာမည့်သတင်းကိုကြားလျှင် သူ့မျက်နှာအ‌နေအထား‌ကော သူ့‌လေသံပါ စိုးရိမ်ပူပန်မှုကို ဖုံးကွယ်၍မရ။ စကားကိုခပ်တိုးတိုး‌ပြောပြီး ရဲ‌ဘော် တပ်မှူးတပ်သားများ အ‌လေးအနက်ထား အာရုံစိုက်လာ ‌အောင် သူ့လိုပင် ပူပန်လာတတ်‌အောင် ဖူး‌လောကွား‌ပြောဆိုတတ်၏။ ရန်သူ့ထိုးစစ်ဒဏ်‌ကြောင့် စစ်ရှုံးပြီးထွက် ‌ပြေးရပါက မိမိ တို့ကိုယ်တိုင် သိက္ခာကျရုံသာမဟုတ်။ မိမိ၏ဇနီးသားသမီးများပါ ရန်သူ့ ပြုကျင့် ‌စော်ကားမှုများကို ခံရမည်။ ရန်သူ့နှိပ်စက်မှုကို ခံရသည့် မိမိ၏လူထုကလည်း မိမိတို့အ‌ပေါ် ယုံကြည်အားကိုးနိုင်‌တော့မည်မဟုတ်။ ရန်သူကိုအနိုင်မတိုက်နိုင်သည့် မိမိတို့၏ ဩဇာအာဏာမှာ လူထုအ‌ပေါ်အနိုင်ကျင့်တတ်သည့် လူရယ်စရာ အာဏာအပဲ့အရွဲ့သာဖြစ်လိမ့်မည်။ ‌ရှေ့မှာဟန်လုပ် ရို‌သေခံ ရ‌သော်လည်း ‌နောက်ကွယ်မှာ ကဲ့ရက်ခံရပြီး အများတံ‌ထွေးခွက်ထဲ ပက်လက်‌မျောရမည့်အဖြစ်မျိုးကို ဖူး‌လောကွား အလွန် ‌ကြောက်၏။ ရန်သူ့လာအတိုက် ကို ရင်တထိတ်ထိတ်‌စောင့်ကာ ဟို‌ပြေးဒီ‌ရှောင်လုပ်ရမည့်ထက် ရန်သူကိုဦး‌အောင် တိုက်ခိုက် ‌ချေမှုန်းရင်း အသက်စွန့်လွှတ်ရသည်က သာ၍မြတ်မည်ဟု ဖူး‌လောကွားတွက်၏။ ထို့‌ကြောင့် ရန်သူ့ကို ထိုးစစ်ဆင်ကျူး‌ကျော် လာခွင့်မ‌ပေး။ ပထမ မိမိနယ်‌မြေကို ရန်သူလာ‌တော့မည်ဟု သတင်းရသည်နှင့် ကျင်းများ ‌ညှောင့်များဖြင့် ပြင်ဆင်‌စောင့်စား ကာ ရန်သူကိုကြို၍ တိုက်သည်။ ဖူး‌လောကွား၏ တပ်မှူးတပ်သားအားလုံး စစ်ကြိုတတ်၊ စစ်မြူတတ်၊ ခွင်သွင်း ‌ချေမှုန်းတတ် လာသည်။ ‌နောက်ပိုင်းမှာ‌တော့ ရန်သူကိုနယ်‌မြေအတွင်း အဝင်မခံဘဲ ရန်သူ့တပ်များ ၎င်းတို့၏တပ်ရင်းများမှ ထွက်လာပြီးဆို သည်နှင့် လမ်းခုလတ်မှ အပိုင်‌စောင့်ကာ ဖရိုဖရဲဖြစ်‌အောင် တိုက်ခို်က်တတ်‌လေသည်။

ကမ္ဘာ့ဟဲဗီးဝိတ်လက်‌ဝှေ့ ချန်ပီယံ‌ဟောင်း မိုဟာမက်အလီအ‌ကြောင်း ‌ရေးသားထားသည့် အကြီးကျယ်ဆုံးဟူ‌သော မိုဟာမက် အလီနှင့်အတူ စားစားသွားသွား‌နေထိုင်ရင်း အနီးကပ်‌လေ့လာ‌နေသည့် စာ‌ရေးဆရာက မိုဟာမက်အလီ ပွဲတိုင်း အနိုင်ရရှိ ‌အောင် ဘာ‌တွေလုပ်သလဲ။ ကြိုးဝိုင်းထဲမဝင်ခင် ဘာ‌တွေပြင်ဆင်ထားသလဲ။ ဘယ်လိုဆု‌တောင်းသလဲ စသဖြင့် ‌မေးမြန်းသည်။ မိုဟာမက်အလီ စဉ်းစဉ်းစားစား ‌ဖြေလိုက်‌သော အ‌ဖြေမှာ အလွန်ပင် ရိုးစင်း၏။ “ကြိုးဝိုင်းထဲ ဝင်ခါနီးတိုင်း ကျ‌နော် ‌သေရမှာကို အရမ်း‌ကြောက်‌နေမိတယ်။”

ဤစကား၌ မိုစာမက်အလီ ‌ပြောလို‌သော စကားလုံးအဓိပ္ပါယ်‌တွေ အားလုံးစုံ ပါဝင်‌နေ‌လေသည်။ ပြိုင်ဖက်ကို အရှုံး‌ပေးလိုက်ရ လျှင် သူ၏မိဘ ညီကို‌မောင်နှမ၊ ဇနီးသားသမီးနှင့် သူ၏လုပ်‌ဖော်ကိုင်ဖက်များအားလုံးပါ ဆုံးရှုံးမှုကြီးနှင့် ကြုံရလိမ့်မည်၏။ သူ ၏ အိုးအိမ် ‌မြေ၊ ကား၊ ဥစ္စာစီးပွားများလည်း ပျက်ယွင်းကာ လူသူပရိသတ်အကြား ကျက်သ‌ရေမဲ့‌သော မျက်နှာဖြင့်မသွားနိုင်၊ မလာနိုင်၊ ‌ခေါင်းမ‌ဖော်နိုင် ဖြစ်လျက် ‌ပြောဆိုသမျှ ‌ပေါက်‌ရောက်တွင်ကျယ်မှု မရှိနိုင်‌သောဘဝ၊ အ‌လှောင်‌ပြောင်သ‌ရော်ခံ ဘဝ သို့ တမဟုတ်ချင်း ‌ရောက်သွားရ‌တော့မည် ဖြစ်၏။ ထိုအခါတွင် သူ့ဘဝသည်‌သေခြင်းနှင့်မခြား။ မိဘ‌ဆွေမျိုး၊ သားချင်း၊ မိသား စုအရင်းအခြာများ၏နစ်နာဆုံးရှုံးမှုများကိုပါ ထည့်တွက်ပါက သူ့ဘဝမှာ တကယ်တမ်း‌သေသွားသည့်အဖြစ်ထက်ပင် ပို၍ဆိုး လိမ့်မည်ဖြစ်သည်။ ဝိုင်းထဲမှာ‌သေချင် ‌သေသွားပါ‌စေ။ အရှုံးခံ၍မဖြစ်။ အရှုံး‌ပေးလိုက်ရမည့် အ‌ရေးကို ‌သေရမည်ထက် သူ ‌ကြောက်သည်။ ထို့‌ကြောင့် အင်အားကြီး‌သော ပြိုင်ဘက်အား အင်အားသုံးအမိုက်ခံပြီး မယှဉ်ပြိုင်။ အ‌ရှောင်အတိမ်းများဖြစ် လိပ်ပြာ‌လေးလို ပျံဝဲပြီး လျင်မြန်‌သော လက်သီးချက်များဖြင့် ပျားပိတုန်းလိုတုတ်၏။ ပြိုင်ဘက်အ‌ပေါ် လက်ဦးမှုယှု၏။ သူ့ ‌ကြောက်စိတ်ကို သူ မှန်ကန်စွာ အသုံးချလိုက်ခြင်းပင် ဖြစ်‌လေသည်။

(ဆက်လက်‌ဖော်ပြမည်)