Home ထိပ်တန်းသတင်း ခိုက်ရန်ဖြစ်ပွားမှု‌ကြောင့် အုန်းဖျန်ဒုက္ခသည်တစ်ဦး‌သေဆုံး တစ်ဦး ဒဏ်ရာရ

ခိုက်ရန်ဖြစ်ပွားမှု‌ကြောင့် အုန်းဖျန်ဒုက္ခသည်တစ်ဦး‌သေဆုံး တစ်ဦး ဒဏ်ရာရ

1777
ဇူလိုင်လ ၁ဝရက်။ ‌နော်‌အောင်‌လေး (‌ကေအိုင်စီ)

မဲ‌ဆောက်မြို့‌တောင်ဘက်ရှိ အုန်းဖျန်ဒုက္ခသည်စခန်းတွင် ယမန်‌နေ့ညက ဒုက္ခသည်အမျိုးသား သုံးဦး အရက်မူးပြီး ခိုက်ရန်ဖြစ် ပွားကြရာ တစ်ဦး‌သေဆုံးပြီး တစ်ဦးမှာ ဒဏ်ရာရရှိသွားခဲ့သည်ဟု စခန်းတာဝန်ခံများ၏ ‌ပြောကြားချက်များအရ သိရသည်။

ယမန်‌နေ့ ည ၇နာရီဝန်းကျင်ခန့်တွင် စခန်းတွင်း ရပ်ကွက်(၁၂)တွင် ‌နေထိုင်သူ ချစ်ထွန်း ၂၈နှစ်နှင့် ‌စောဖိုးရဲ၊ ‌စောလုံးလုံးတို့က မိတ်‌ဆွေဖြစ်သူ ‌စောချစ်ချစ်‌နေအိမ်တွင် ခိုက်ရန်ဖြစ်ပွားကြပြီး ဖိုးရဲမှာ ဓားဒဏ်ရာများဖြင့် ပွဲချင်းပြီး ‌သေဆုံးကာ ‌စောလုံးလုံးမှာ ဒဏ်ရာရရှိသွားခဲ့ခြင်းဖြစ်သည်ဟု စခန်းဥက္ကဌ ‌စောဝါးထီးက ‌ကေအိုင်စီကို ယခုလို ‌ပြောဆိုသည်။

“အခင်းဖြစ်ပွားတဲ့ ‌စောချစ်ချစ်အိမ်ကို ချစ်ထွန်းက အမူးလွန်ပြီး ‌ရောက်လာပြီး ‌သောင်းကျန်း‌နေတယ်။ ‌နောက်ခဏကြာ‌တော့ ဖိုးရဲနဲ့ ‌စောလုံးလုံးဆိုတာကလည်း မူးပြီး ‌ရောက်လာကြတယ်၊ သူတို့သုံး‌ယောက်က အမူးလွန်‌နေကြပြီး စကားများ‌နေလို့ အိမ် ရှင်‌စောချစ်ချစ်က ဆူဆူပူပူ မလုပ်ဖို့‌ပြောပြီး ဗီဒီယိုသွားကြည့်လိုက်တယ်။ ‌စောချစ်ချစ် ထွက်သွားပြီး သူရဲ့အိမ်က ခိုက်ရန်ဖြစ် ပွားသံ‌တွေနဲ့အတူ လူနှစ်‌ယောက် ပြုတ်ကျလာတာကို သူ‌တွေ့ပြီး သွားကြည့်‌တော့ ဖိုးရဲက ဓားဒဏ်ရာ‌တွေနဲ့ ပွဲချင်းပြီး ‌သေဆုံး ‌နေပြီ။ ‌စောလုံးလုံးက ‌ခြေ‌ထောက်နဲ့ လက်‌တွေမှာ ဓားဒဏ်ရာ‌တွေနဲ့ ဖြစ်‌နေတာကို ‌တွေ့လိုက်ရတယ်။ အဲဒီအချိန်မှာ ချစ်ထွန်း က ထွက်‌ပြေးသွားပြီ”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

‌သေဆုံးသွားသူ ဖိုးရဲမှာ အသက် ၃၀ဝန်းကျင်ရှိပြီး ဓားထိုးချက် ၆ချက်အနက် နှလုံးတည့်တည့်ကို ‌နောက်‌ကျောမှ ဘယ်ဖက် ရင်ဘတ်အထိ ‌ဖောက်ထွက်သွားသည့် ဒဏ်ရာ‌ကြောင့် အသက်ဆုံးရှုံးသွားခြင်း ဖြစ်နိုင်‌ကြောင်း စခန်းတာဝန်ရှိသူများက ခန့် မှန်း‌ပြောဆိုကြသည်။

ဒဏ်ရာရရှိသွားသူ ‌စောလုံးလုံးကို စခန်းတွင်းရှိ AMI ‌ဆေးရုံတာဝန်ရှိသူများက မဲ‌ဆောက်‌ဆေးရုံသို့ ထိုည ၉နာရီခန့်တွင် ပို့ ‌ဆောင်လိုက်ပြီး တရားခံဖြစ်သူ ချစ်ထွန်းမှာ အခင်းဖြစ်ပွားသည့်‌နေရာမှ ထွက်‌ပြေးသွားခဲ့‌သော်လည်း စခန်းတွင်းရှိ ခွဲက‌ဘောင် လုံခြုံ‌ရေးအဖွဲ့၏ ဆက်သွယ်မှု‌ကြောင့် အုန်းဖျန်စခန်းနှင့် စခန်းအပြင်ဖက်ရှိ ထိုင်းစစ်တပ်ဂိတ်အကြားတွင် ဖမ်းဆီးမိခဲ့သည်ဟု သိရသည်။

ထိုည ၁၁နာရီခန့်တွင် ဖုတ်ဖရမြို့နယ်မှ ထိုင်းရဲများ‌ရောက်ရှိလာပြီး အခင်းဖြစ်ပွားမှုနှင့် ပတ်သက်သည့် ပစ္စည်းများကို အချက် အလက် ‌သေချာစွာ သိမ်းယူသွားပြီး ပြစ်မှုကျူးလွန်သူကလည်း မိမိအပြစ်ကို ဝန်ခံ‌ဖြောင့်ချက်‌ပေးကာ ၎င်းအား ရဲများက ဖမ်း ဆီး‌ခေါ်‌ဆောင်သွားခဲ့သည်။

စခန်း Aid Medical International-AMI တာဝန်ခံ ဆရာ‌စော‌ဂေးလယ်ထူးက “ည ၈နာရီ‌လောက်မှာ ဓားဒဏ်ရာ‌တွေနဲ့ လူနာ ‌ရောက်လာ‌တော့ ကျ‌နော်တို့ အတတ်နိုင်ဆုံး ကုသ‌ပေးပါတယ်။ သူထိတဲ့ ‌နေရာ‌တွေက ညာဘက်‌ပေါင်၊ ဘယ်ဖက်လက်‌မောင်း နဲ ့ ဘယ်ဘက်မျက်လုံးနားမှာ နည်းနည်းရှတဲ့ ဒဏ်ရာ‌တွေပါပဲ။ ဒါ‌ပေမဲ့ ညာဘက်‌ပေါင်က ဓားဒဏ်ရာက ‌တော်‌တော်ကြီး‌တော့ စိုးရိမ်တာနဲ့ ညတွင်းချင်း မဲ‌ဆောက်‌ဆေးရုံကို ကျ‌နော်တို့ ပို့လိုက်တယ်။ ဒီမနက် ၁၁နာရီခွဲ‌လောက်မှာ စိုးရိမ်စရာမရှိ‌တော့တဲ့အ တွက် စခန်းကိုပြန်‌ခေါ်လာပြီး ‌ဆေးရုံမှာပဲ အခု ကုသ‌ပေး‌နေပါတယ်။”ဟု ဒဏ်ရာရသူ၏ အ‌ခြေအ‌နေကို ရှင်းပြသည်။

စခန်းတွင်းရှိ မူးယစ်‌ဆေးဝါးနှင့် အရက်‌သေစား‌သောက်စားသူများကို ‌ဆေးဖြတ်‌ပေးကာ ပညာ‌ပေးမှုများ လုပ်‌ဆောင်လျှက်ရှိ သည့် DARE အဖွဲ့၏ ကြီးကြပ်‌ရေးမှူး ဦးချစ်လှိုင်က “ကျ‌နော်တို့ အပတ်တိုင်း ပညာ‌ပေးတာ‌တွေ၊ ‌ဆေး၊ အရက်ဖြတ် ကုသမှု ‌တွေ လုပ်‌နေတဲ့ကြားက အခုလိုဖြစ်သွားတာ ကျ‌နော်တို့လည်း စိတ်မ‌ကောင်းပါဘူး။ အခု အခင်းဖြစ်ကြတဲ့သူ‌တွေက ကျ‌နော် တိ်ု့ဆီမှာ တစ်ခါမှ ကုသမှု မခံယူခဲ့ဖူးဘူး။”ဟု ‌ပြောသည်။

အုန်းဖျန်စခန်းတာဝန်ရှိသူများအ‌နေဖြင့် အဆိုပါအမှုနှင့် ပတ်သက်သည့် အချက်အလက်များကို ကရင်ဒုက္ခသည်‌ကော်မတီသို့ ပို့‌ဆောင်ပြီးဖြစ်‌ကြောင်းနှင့် ယခုလို ရာဇဝတ်မှုမျိုး အပါအဝင် မုဒိမ်းမှု၊ လက်နက်မှု၊ မူးယစ်‌ဆေးဝါး ‌ရောင်းဝယ်မှု၊ သစ်‌တောခိုးမှု နှင့် လူကုန်ကူးမှုများကို ထိုင်းနိုင်ငံ၏ ဥပ‌ဒေဖြင့်သာ စီရင်ဆုံးဖြတ်သွားသည်ဟု စခန်းဥက္ကဌက ဆိုသည်။

လူဦး‌ရေ နှစ်‌သောင်း‌ကျော်ရှိသည့် အုန်းဖျန်ဒုက္ခသည်စခန်းတွင် အရက်‌သေစာ ‌သောက်စားမူးယစ်ခြင်း‌ကြောင့် အိမ်တွင်းအ ကြမ်းဖက်မှုများရှိခဲ့ဖူး‌သော်လည်း ယခုလို လူ‌သေဆုံးသည်အထိ ဖြစ်ပွားမှုမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး အမှုဖြစ်ပွားသူများမှာ စခန်းထဲတွင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး(UNHCR)မှ ဒုက္ခသည်အဖြစ် တရားဝင် အသိအမှတ်မပြု‌သေး သူများ ဖြစ်သည်။