Home ထိပ်တန်းသတင်း ကရင်လူငယ်များ နိုင်ငံ‌ရေး ပိုမိုနိုးကြား‌စေရန် KYOနှင့် KSNG စည်းရုံးလှုံ့‌ဆော်မည်

ကရင်လူငယ်များ နိုင်ငံ‌ရေး ပိုမိုနိုးကြား‌စေရန် KYOနှင့် KSNG စည်းရုံးလှုံ့‌ဆော်မည်

1410
ဩဂုတ်လ ၂ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ဒုက္ခသည် စခန်းအသီးသီး၌ ကရင်လူငယ်များ နိုင်ငံ‌ရေး ပိုမိုနိုးကြားလာ‌စေရန် ရည် ရွယ်ပြီး ကရင်လူငယ်အဖွဲ့များက လာမည့် ဩဂုတ်လ ၉ရက်‌နေ့မှစ၍ စည်းရုံး‌ရေး ခရီးစဉ်တရပ် ပြုလုပ်သွားမည် ဟု သိရသည်။

အဆိုပါစည်းရုံး‌ရေးခရီးစဉ်ကို ကရင်လူငယ်အစည်းအရုံး(KYO)နှင့် ကရင်‌ကျောင်းသားများ ကွန်ယက်အဖွဲ့ (KSN G)တို့ ဦးစီးလုပ်‌ဆောင်ခြင်းဖြစ်ပြီး လွန်ခဲ့သည့် ‌မေလက ပြုလုပ်ခဲ့‌သော (၇)ကြိမ်‌မြောက် ကရင်အမျိုးသား စည်း လုံးညီညွှတ်‌ရေး နှီး‌နှောဖလှယ်ပွဲ၏ ဆုံးဖြတ်ချက်ကို အ‌ကောင်အထည်‌ဖော်ခြင်းဖြစ်‌ကြောင်း ခရီးစဉ်ဖြစ်‌မြောက် ‌ရေး တာဝန်ခံ KYOအတွင်း‌ရေးမှူး ‌စော‌ရော်ကီခူပီတခါက ‌ပြောသည်။

၎င်းက “(၇)ကြိမ်‌မြောက် Seminar ရဲ့ ဆုံးဖြတ်ချက်အရ ကျ‌နော်တို့ အ‌ကောင်အထည်ဖို့ ဖြစ်တယ်။ ရည်ရွယ် ချက်က‌တော့ လူငယ်‌တွေ နိုင်ငံ‌ရေး ပိုမိုနိုးကြား‌စေဖို့ ဖြစ်ပါတယ်။ ဒီစည်းရုံး‌ရေးခရီးစဉ်ကို‌တော့ လာမယ့် ဩဂုတ် လ ၉ရက်က‌နေ ၁၅ရက်‌နေ့အထိ မယ်ရာမိုနဲ့ မယ်လအူးစခန်းမှာ အရင်ဆုံးလုပ်မယ်။”ဟု ‌ပြောသည်။

၎င်းစည်းရုံး‌ရေးခရီးစဉ်ကို နယ်စပ်ရှိ ကရင်ဒုက္ခသည် (၇)ခုအတွင်း၌ ၂၀၁ဝခုနှစ် ဩဂုတ်လမှစ၍ လာမည့် ၂၀၁၁ ခုနှစ် ဩဂုတ်လအထိ ပြုလုပ်သွားမည်ဖြစ်ပြီး ကရင်ပြည်နယ်အတွင်း၌လည်း အလျင်းသင့်သလို လုပ်‌ဆောင်သွား မည့်အပြင် ကရင်တက္ကသိုလ်‌ကျောင်းသားများအဖွဲ့(KUSG)သည်လည်း ပါဝင်လုပ်‌ဆောင်သွားမည်ဖြစ်‌ကြောင်း သိရသည်။

ခရီးစဉ်တွင် လိုက်ပါမည့် KSNG ဒုဥက္ကဌ ‌နော်ဆာမူးက “ကျမတို့က‌တော့ နိုင်ငံ‌ရေးနဲ့ ပတ်သက်ပြီး‌တော့ စခန်းထဲ က ‌ကျောင်းသားလူငယ်‌တွေကို ‌ဆွေး‌နွေးချပြသွားဖို့ရှိမယ် ထင်တယ်။ ဥပမာ စာသင်‌ကျောင်းမှာ သွား‌ဆွေး‌နွေး မယ်ဆိုလို့ရှိရင် ကျမတို့က ကြီးကြပ်ပြီး‌တော့ သွားရမယ် စသဖြင့်‌ပေါ့။”ဟု ဆိုသည်။

ကရင်လူငယ်များအတွက် စည်းရုံး‌ရေးခရီးစဉ်သည် အမှန်တကယ် အ‌ကောင်အထည် ‌ဖော်‌ဆောင်သွားမည်ဆိုပါ က ‌ကျောင်းသားလူငယ်များအတွက်များစွာ အကျိုးသက်‌ရောက်မည်ဖြစ်‌ကြောင်း မယ်လစခန်းမှ ကရင်လူငယ် ‌စောမျိုး‌အောင်က ‌ပြောသည်။ သူက “ဒီအစီအစဉ်ကို တကယ်လုပ်ဖြစ်မယ်ဆိုရင် လူငယ်‌တွေ အမျိုးသား‌ရေးအ တွက် အလုပ်ဝင်လုပ်ဖို့ စိတ်အားထက်သန်မှု‌တွေ အများကြီးရှိမယ်လို့ ကျ‌နော်မြင်တယ်။ ‌နောက်ပြီး ဒုက္ခသည် စခန်းအပြင် ထိုင်းနယ်စပ်မှာရှိတဲ့ ကရင်လူငယ်‌တွေ၊ ပြည်တွင်းက လူငယ်‌တွေအတွက်လည်း လုပ်‌ပေးဖု့ိ လိုအပ် တယ်လို့ ကျ‌နော်မြင်တယ်။”ဟု ‌ပြောသည်။

KYO သည် ကရင့်‌တော်လှန်‌ရေးကို ဆက်လက်တာဝန်ယူနိုင်ရန်အတွက် ကရင်လူငယ်များ ပြုစုပျိုး‌ထောင်‌ရေး အပါအဝင် ရည်ရွယ်ချက် ၆ဖြင့် ၁၉၈၉ခုနှစ်က ဖွဲ့စည်းခဲ့ပြီး KSNG ကို ကရင်‌ကျောင်းသားလူငယ်များ ‌ခေါင်း ‌ဆောင်မှု အတတ်ပညာကိုသင်ယူရန် စသည့် ရည်ရွယ်ချက် ၅ချက်ဖြင့် ၁၉၉၆ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။