Home ထိပ်တန်းသတင်း နယ်စပ်ရှိ တရားမဝင်ဂိတ်များမှ ကုန်ပစ္စည်းများကို ရှင်းလင်းထားရန် ညွှန်ကြားခံရ

နယ်စပ်ရှိ တရားမဝင်ဂိတ်များမှ ကုန်ပစ္စည်းများကို ရှင်းလင်းထားရန် ညွှန်ကြားခံရ

1698
ဩဂုတ်လ ၁ဝရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ မြန်မာဘက်ခြမ်းရှိ တရားမဝင်ဂိတ်များမှ ကုန်ပစ္စည်းများကို ယခုလ (၁၅)ရက်‌နေ့ ‌နောက်ဆုံး ထား၍ အကုန်ရှင်းလင်းထားရမည်ဖြစ်‌ကြောင်း သက်ဆိုင်ရာ မြဝတီမြို့ရှိ စစ်အစိုးရ အာဏာပိုင်များက ဂိတ်တာဝန်ခံများကို ယ‌နေ့ ‌ပြောဆိုလိုက်သည်ဟု သိရှိရသည်။

အမည်မ‌ဖော်လိုသူ ဂိတ်မှူးတစ်ဦးက “ဒီ‌နေ့ မြဝတီမှာ စရဖ(စစ်ဖက်‌ရေးရာ လုံခြုံ‌ရေး တပ်ဖွဲ့)က ဂိတ်က တာဝန်ရှိသူ‌တွေကို စရဖ ဂိတ်မှာ ‌ခေါ်‌တွေ့တယ်။ ဂိတ်မှာ ကျန်‌နေ‌သေးတဲ့ ကုန်ပစ္စည်း‌တွေ‌ကော၊ ‌နောက်ထပ်ဝင်လာမယ့် ကုန်ပစ္စည်းအသစ်‌တွေ ကိုပါ ရှင်းထားခိုင်းတယ်။ မရှင်းထားရင် နစက(နယ်စပ်ကုန်သွယ်‌ရေး)က အကုန်သိမ်းပစ်မယ်လို့ ‌ပြောတယ်။”ဟု ဆိုသည်။

ယင်းသို့ ‌ခေါ်ယူ‌တွေ့ဆုံရာတွင် ကုန်ပစ္စည်းရှင်းလင်း‌ရေးကိစ္စများအပြင် နယ်စပ်ကုန်သွယ်‌ရေးက ၎င်းဂိတ်များကို ယခုလ ၁၅ရက်‌နေ့တွင် အပိုင်သိမ်းယူသွားမည်ဖြစ်ပြီး ဂိတ်တာဝန်ခံများအ‌နေဖြင့်လည်း လက်နက်ကိုင်‌ဆောင်ခွင့်မရှိသည့်အပြင် မိမိ တို့၏ အဖွဲ့အစည်း ယူနီ‌ဖောင်းကို ဝတ်ဆင်ခွင့်မရှိဘဲ အရပ်ဝတ်ဖြင့်သာ ဂိတ်‌စောင့်ခိုင်း‌ကြောင်းလည်း ၎င်းက ဆက်‌ပြော သည်။

“ဒီလိုဖြစ်မယ်ဆိုတာ သိထားပြီးသားပဲ။ ဒါ‌ကြောင့် ကျ‌နော်တို့က ဒီ့မတိုင်ခင်က ဂိတ်‌စောင့်တိုင်း ယူနီ‌ဖောင်းကို အပြည့်ဝတ် ထားတယ်။ ‌နောက်ဆို မဝတ်ရ‌တော့ဘူး‌လေ။”ဟု ဒီ‌ကေဘီ‌အေ ဂိတ်မှူးတစ်ဦးက ‌ပြောသည်။

တရားမဝင်ဂိတ်မှ ကုန်ပစ္စည်းတင်သွင်း‌နေသည့် ကုန်သည်တဦးက “‌ပြောတာက ဒီလ (၁၅)ရက်‌နေ့‌နောက်ဆုံး ပစ္စည်း‌တွေကို အကုန်ရှင်းခိုင်းတယ်‌ပေါ့‌နော်။ ကျမတို့ကလည်း ဒီ တစ်ရက်နှစ်ရက် အ‌တောအတွင်းမှာ အကုန်ရှင်းထုတ်ရမှာ‌ပေါ့။ မဟုတ်ရင် ဘယ်‌လောက်အထိ တင်းကြပ်လာမလဲ‌တော့ ကျမတို့ မသိရ‌သေးဘူး‌ပေါ့‌နော်။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

မြန်မာပြည်ဘက်ခြမ်းမှ နှစ်နိုင်ငံ ချစ်ကြည်‌ရေးတံတား၏ အထက်ပိုင်းနှင့် ‌အောက်ပိုင်းတွင် ဒီ‌ကေဘီ‌အေနှင့် ကရင်ငြိမ်းချမ်း‌ရေး ‌ကောင်စီ စသည့် အပစ်ရပ်တပ်ဖွဲ့များမှ ဖွင့်လှစ်ထား‌သော တရားမဝင် ဂိတ်‌ပေါင်း ၃ဝနီးပါးရှိပြီး တံတားမပိတ်ခင်အချိန်ကပင် မြန်မာနိုင်ငံသို့ တင်သွင်း‌နေခဲ့သည့် ထိုင်းနိုင်ငံမှ ကုန်ပစ္စည်းအများစုမှာ ၎င်းဂိတ်များမှပင် ဝင်‌ရောက်‌နေခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းမှ စတင်ကာ မြဝတီခရိုင် အာဏာပိုင်များက အ‌ကြောင်းပြချက် တစုံတရာမ‌ပေးဘဲ ချစ်ကြည်‌ရေး တံတားကို အနည်းဆုံး ၄ကြိမ်ခန့် ဖွင့်လိုက်ပိတ်လိုက် ပြုလုပ်ခဲ့ပြီး‌နောက် ဇူလိုင် (၁၈)ရက်မှစ၍ မြန်မာစစ်အစိုးရဘက်မှ ယ‌နေ့ အချိန်ထိ တံတားကို ပိတ်ထားခဲ့သည်။

ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်‌ရေးလမ်း‌ကြောင်းတစ်‌လျှောက်တွင် ကုန်စည်စီးဆင်းမှု အများဆုံးဖြစ်သည့် မဲ‌ဆောက်-မြဝတီ ကုန်သွယ်‌ရေးလမ်း‌ကြောမှတဆင့် မြန်မာဘက်သို့ လစဉ် လူသုံးကုန်၊ စားသုံးကုန်ပစ္စည်း ဘတ်သန်း ‌လေး‌ထောင်ခန့် တရား ဝင် တင်ပို့လျှက်ရှိသည်ဟု နယ်စပ်ကုန်သည်ကြီးများ၏ ‌ပြောဆိုချက်များအရ သိရသည်။