Home ဆောင်းပါး ‌သေနတ်သံ‌တွေ ကြားပါစ (၂)

‌သေနတ်သံ‌တွေ ကြားပါစ (၂)

2108

M. ထက်‌ခေါင်
(၅)
တကယ်တမ်းအားဖြင့် ဗမာပြည်သူလူထု အများစုသည် သူရဲ‌ဘောနည်းသူ၊ ‌သွေး‌ကြောင်တတ်သူများ မဟုတ်ကြ။ လူမညီကြ‌သေး၍သာ ဖိနှိပ်မှုကို အံကြိတ်ခံ‌နေကြခြင်း ဖြစ်၏။ ဗမာပြည် အနှံ့အပြားရှိ သူလျှိုဒလံများကြားကပင် ယုံကြည်စိတ် ချရသူ‌တွေချင်း ‌ပေါင်းစည်းမိရန် အားထုတ်‌နေကြ၏။ ၎င်းတို့‌ကြောက်တိုင်း လူထုကြီးလည်း ‌ကြောက်‌နေကြလိမ့်မည်ဟု ထင် မှတ်‌နေသူများအ‌နေဖြင့် စစ်ဖိနပ်‌အောက်မှ ရုန်းထွက်ရန် ပြင်ဆင်လာ‌သော ဗမာလူထုကြီးကို အံ့ဩတကြီး ‌တွေ့မြင်ကြရ‌တော့ မည် ဖြစ်သည်။ ‌ချောက်တိုင်း ‌ကြောက်တတ်သူ၊ သူရဲ‌ဘော‌ကြောင်သူတို့အတွက် ကမ္ဘာ‌ပေါ်တွင် ခိုလှုံရပ်တည်စရာ မည်သည့် ‌နေရာမျှ မရှိ။

လက်ရှိအ‌ခြေအ‌နေတွင် ဗမာပြည်အား စစ်ကျွန်ဘဝမှ ကယ်တင်နိုင်‌ရေး၊ အမျိုးသား ပြည်သူလူထုတရပ်လုံး လွတ် ‌မြောက်‌ကောင်းစား‌ရေး အနစ်နာခံ ‌ဆောင်ရွက်မည့်သူများကို တိုင်းပြည်က အပူတပြင်း အလိုရှိ‌နေသည်။

‌ခေတ်တိုင်းမှာ သမိုင်း‌ပေးတာဝန် ‌ကျေပွန်သူ‌တွေ၊ တာဝန်မဲ့စွာ ‌နေထိုင်သွားတတ်သူ‌တွေ ရှိသည်။ တာဝန်မဲ့စွာ ‌နေထိုင်တတ်သူ‌တွေမှာ အများစုဖြစ်၍ ၎င်းတို့ချင်း တဦး‌ပျော့ကွက်ကို တဦးမျက်နှာ‌ပြောင်စွာပင် ‌ဖေးမ‌ပြောဆိုတတ်ကြသည်။ အ‌ခြေအ‌နေ‌ပေါ်ကြည့်ကာ ‌ရောယိမ်းလိုက်၊ ဘသားယိမ်းလိုက် ‌နေထိုင်တတ်သူများ၊ ‌ခေတ်ဆိုး‌ခေတ်ပျက်ထဲတွင် ဓားခုတ်ရာ လက်ဝင်မလျှိုမိ‌စေ‌ရေး၊ အစား‌ချောင် အ‌နေ‌ချောင် ‌ဘေးကင်းလုံခြုံစွာ ရပ်တည်နိုင်‌ရေးအတွက် ‌တွေ့သမျှ ကြုံသမျှအ‌ပေါ် ‌ရေ လိုက်ငါးလိုက် ‌ပြောဆိုတတ်သူများ၊ မိမိနှင့် မိမိအသိုင်းအဝိုင်း အကျိုးစီးပွား တိုးတက်ပွားများ‌စေ‌ရေး၊ မဆုံးပါး‌စေ‌ရေးတို့အ တွက် အကွက်မြင်စွာ လုပ်ကိုင်‌ဆောင်ရွက်တတ်သူများ၊ မိမိကိုယ်မိမိ ပင်ပန်းဆင်းရဲ ထိခိုက်ပျက်စီး‌စေနိုင်သည့် လမ်း‌ကြောင်း ‌ပေါ်သို့ မ‌ရောက်ရှိရ‌အောင် ထိန်းသိမ်းတတ်သူများ၊ ပြဿနာ အရှုပ်အ‌ထွေးများအကြား ကြည့်‌နေကြည့်ထိုင်တတ်သူများကို လိမ္မာပါးနပ်သူများ၊ ဆင်ခြင်ဉာဏ်ရှိသူများဟု အများက သတ်မှတ်ကြပြီး အများပြည်သူအတွက် ကိုယ်ကျိုးမငဲ့၊ အသက်အိုး အိမ် နစ်နာဆုံးရှုံးမည်ကို မတွက်ဘဲ မိမိရည်မှန်းချက် မ‌အောင်မချင်း တစိုက်မတ်မတ် လုပ်ကိုင်‌ဆောင်ရွက်တတ်သူများကို ‌တော့ စဉ်းစားဉာဏ်မရှိသည့် လူမိုက်များဟူ၍ သမုတ်တတ်ကြသည်။

ကိုယ်ကျိုးမငဲ့ ‌စေတနာ‌ရှေ့ထား စွန့်လွှတ်‌ဆောင်ရွက်မှုများ‌ကြောင့် ‌ထောင်ထဲ‌ရောက်ခဲ့ကြ၊ ‌ရောက်‌နေကြရ‌သော ကို မင်းကိုနိုင်၊ ကိုကိုကြီး၊ ကို‌ဌေးကြွယ်၊ မစုစု‌နွေး၊ ‌ဒေါ်‌အောင်ဆန်းစုကြည်၊ ဦးဝင်းတင် အစရှိ‌သော အမျိုးသား ဒီမိုက‌ရေစီ‌ရေး တိုက်ပွဲဝင် သူရဲ‌ကောင်းများအားလုံးပင် လူမိုက်များ ဖြစ်‌နေကြပြီလား။

ဗိုလ်ချုပ်‌အောင်ဆန်းတို့‌ခေတ် တိုင်းပြည်ကြီး ဂျပန့်စစ်ဖိနပ်‌အောက်မှ လွတ်‌မြောက်‌ရေး “လူမို်က် အလိုရှိသည်”ဟု ‌ကြွေး‌ကြော်ခဲ့ဘူးသည်ကို ပြန်‌ပြောင်း အမှတ်ရမိကြဖို့ လိုသည်။

(၆)
ရန်သူသည် ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံကို အဓမ္မအတည်ပြုကာ ‌ရွေး‌ကောက်ပွဲကျင်းပ‌တော့မည်ဟု ဆိုလာသည့် ယခုအ ချိန်၌ အပစ်ရပ်အဖွဲ့များကို နယ်ခြား‌စောင့်တပ် အသွင်‌ပြောင်း‌ရေး ဖိအား‌ပေးလာပြန်သည်။ နယ်ခြား‌စောင့်တပ်အဖြစ် အသွင် ‌ပြောင်း‌ရေးကို လက်မခံပါက မွန်ကို ၁၉၉၅ခုနှစ် မတိုင်မီက အ‌ခြေအ‌နေမျိုး၊ ဝကို ၁၉၈၉ခု အထက်က အ‌ခြေအ‌နေမျိုး ပြန် ‌ရောက်သွားနိုင်သည်ဟု ခြိမ်း‌ခြောက်ကြိမ်းဝါး ‌ပြောဆိုခဲ့‌ကြောင်းလည်း ကြားရသည်။ မွန်က နယ်ခြား‌စောင့် လက်မခံသည့်ကိစ္စ ထပ်မံ ‌ဆွေး‌နွေးညှိနှိုင်းစရာ မလို၊ စစ်အုပ်စုနှင့် ထပ်မံ ‌တွေ့ဆုံမှုလည်း မပြုလို‌တော့ဘဲ ကိုယ်စားလှယ်တဦးကိုသာ မင်းဒိတ် ‌ပေးထားလိုက်ကာ စစ်‌ရေးပြင်ဆင်မှုများဖြင့် သတိမလပ် ရှိ‌နေပြီဟု သိရသည်။

နယ်ခြား‌စောင့်တပ် အသွင်‌ပြောင်း‌ရေး ‌နောက်ဆုံး‌နေ့ရက်များ သတ်မှတ်ကာ ရာဇသံထုတ်ခဲ့‌သော်လည်း ဝ အပါအ ဝင် အပစ်ရပ်အဖွဲ့အချို့က လက်မခံ၊ ရန်သူ့ထိုးစစ်ကို ပြန်လည်တွန်းလှန်မည်ဟု ပြင်ဆင်ထားလိုက်‌သောအခါ ရန်သူစစ်အုပ်စု မှာ ထိုးစစ်ဆင်ရန် မဝံ့‌တော့ဘဲ သတ်မှတ်ထားသည့် ‌နောက်ဆုံးရက်ချိန်းကို တဖြည်းဖြည်း ‌ရွှေ့‌ပေး၍‌သော်လည်း‌ကောင်း၊ အရင်အ‌ခြေအ‌နေအတိုငး ပြန်‌နေကြတာ‌ပေါ့ဟူ၍‌သော်လည်း‌ကောင်း အချိုသပ်လာကြပြန်သည်။ ၎င်းတို့အ‌ပေါ် ယုံစား၍‌တော့ မရ။ ‌သွေးတိုးစမ်းတတ်၊ လှည့်ဖျား‌ကောက်ကျစ်တတ်‌သော ရန်သူ၏ အလစ်အငိုက် မမိ‌စေဖို့ သတိကြီးစွာ ထားရမည်ဖြစ် သည်။

စစ်အုပ်စုထံမှ အရိုးအရင်း စားရလိုစားရငြား ‌ရွေး‌ကောက်ပွဲဝင်ရန် မှတ်ပုံတင်လာကြသည့် ပါတီအချို့က လူထုလက် ခံ သိရှိထားပြီးဖြစ်‌သော ပါတီအဖွဲ့အစည်းများ၏ တံဆိပ်နှင့် အလံ‌တော်များကို ဆင်တူယိုးမှား တုပကာ မသိနားမလည်‌သော မြို့နယ်‌ကျေးရွာလူထု ထင်‌ယောင်ထင်မှားဖြစ်‌အောင် လူထုထံက မဲရရှိ‌ရေး၊ မလိမ့်တပတ် အသုံးချ‌နေကြသည့် အဖြစ်များကို ကာယကံရှင်အချို့က ‌နေပြည်‌တော်အထိ သွား‌ရောက်ကန့်ကွက်‌နေသည့်ကြားမှပင် တုပ‌သော ပါတီတို့ကို မှတ်ပုံတင်ခွင့်ပြု လိုက်သည့်ကိစ္စ အပါအဝင် တရားဥပ‌ဒေအရ ညှိနှိုင်း‌ဖြေရှင်း ဆုံးဖြတ်ခြင်းမပြုဘဲ ထင်ရာစိုင်း လုပ်ချင်သလို လုပ်‌နေသည့် ကိစ္စ များ စစ်အုပ်စု‌ခေတ် ဗမာပြည်ထဲမှာ ရှိလာသည်။ ‌နေပြည်‌တော် ရံပုံ‌ငွေဟုဆိုကာ ကားများကို သိန်းရာနှင့်ချီ၍ လိုင်စင်‌ကြေး ‌ပေး‌ဆောင်ခိုင်း၊ မ‌ဆောင်နိုင်သည့် ကားများကို သိမ်းယူ၊ ဆိုင်ကယ်များကိုလည်း မူလတန်ဖိုး၏ သုံး‌လေးဆ ‌ပေး‌ဆောင်ခိုင်းမှု များ ရှိ‌နေသည်။ စစ်တပ်က ဓားပြအ‌ယောင်‌ဆောင်ကာ လူထုထဲ ဆင်းတိုက်‌နေမှုများလည်း မကြာခဏဖြစ်‌နေပြီး မည်သည့်ပု လိပ်အဖွဲ့ကမျှ ဖမ်း၍ မမိကြ‌ချေ။

၂၀၁ဝ ‌ရွေး‌ကောက်ပွဲအပြီး ထွက်‌ပေါ်လာမည့် တိုင်းပြည်အ‌နေအထားကို ယခုကတည်းက ‌တွေ့မြင်‌နေရပြီ ဖြစ်သည်။ စစ်အုပ်စုကို လက်တုန့်ပြန်ရန် ‌တွေ‌ဝေ‌နေ‌သော လူထုကြီးအ‌နေဖြင့် သူခိုးဓားပြစစ်အုပ်စုက အစိုးရအ‌ရေခြုံလျက် ဥပ‌ဒေအ ထက်မှ‌နေကာ တိုင်းပြည်ကို ဆထက်ထမ်းပိုး တိုး၍ ဖျက်ဆီးမည့် စစ်ဖိနပ်‌အောက်က ဗမာပြည်ကိုသာ ကြုံ‌တွေ့ကြရ‌တော့မည် ဖြစ်‌လေသည်။ စစ်အုပ်စုသည် ၎င်းတို့ထုတ်‌သော ဥပ‌ဒေကိုပင် ၎င်းတို့ ‌လေးစားလိုက်နာခြင်းမရှိ။ နိုင်ငံ့ဝန်ထမ်းများ ပါတီနိုင်ငံ ‌ရေး မလုပ်ရဟု ပြဌာန်းထား‌သော်လည်း လက်ရှိတာဝန်ထမ်း‌ဆောင်‌နေကြ‌သော စစ်အုပ်စုဝင် ဝန်ကြီးများက ကြံ့ဖွံ့အသင်းကို နိုင်ငံ‌ရေးပါတီအဖြစ် အသွင်‌ပြောင်းလျက် ‌ရွေး‌ကောက်ပွဲဝင်ရန် ပြင်ဆင်‌နေပြီး ကြံ့ဖွံ့၏ရံပုံ‌ငွေများကို လွှဲ‌ပြောင်းရယူ အသုံးချခွင့် စည်းရုံးလှုပ်ရှားခွင့်ရ‌နေကာ အခြားပါတီ‌တွေကို‌တော့ စည်းရုံးလှုပ်ရှားနိုင်‌ရေး အလှူ‌ငွေ‌ကောက်ခံခွင့်များကအစ ပိတ်ပင်ထား ‌သော‌ကြောင့် အရိုးအရင်းဝါးရန် ကြံရွယ်ချက်သာရှိခဲ့သာ ပါတီအများအပြားပင် ဆူပွက်လာသံ ကြားရသည်။

ထိုပွစိပွစိ ဖြစ်လာသံများကြားကပင် ‌နောက်ထပ်တဖန် ‌သွေးထွက်သံယိုမှု၊ အာဏာသိမ်းမှုတို့နှင့် ထပ်မကြုံချင်လျှင် စစ်အုပ်စု၏ ပါတီကိုသာ မဲ‌ပေးကြရန် စစ်အုပ်စုတ‌ယောက်က ‌ဗြောင်ကျကျ ခြိမ်း‌ခြောက်‌ပြောဆိုလာသည်ကိုလည်း လူထုကြီး ကြုံကြရပြန်သည်။ ထိုသို့ လူထုကို ထီမထင်စွာ ‌စော်ကား‌မောက်မာပြ‌နေ‌သော စစ်အုပ်စုအား လူထုနည်းဖြင့် မည်သို့မည်ပုံ အ‌ရေးယူ ‌ဆောင်ရွက်ရမည်ကို မ‌ဆွေး‌နွေးဘဲ စစ်အုပ်စု၏ ‌ရွေး‌ကောက်ပွဲကို ‌စောင့်ကြည့်ရဦးမည်ဖြစ်‌ကြောင်း မီဒီယာအချို့မှ ‌နေ၍ ‌လေသံ‌ပျော့‌ပျော့ဖြင့် ‌ပြောဆို‌နေမှုများမှာ စစ်အုပ်စု ‌ချေမှုန်း‌ရေး ‌သေနတ်သံများ‌ကြောင့် အနည်းငယ် တက်ကြွလာသည့် လူထု၏စိတ်ဓာတ်ကို ပြန်လည်‌နှောင့်‌နှေး‌တွေ‌ဝေ‌စေပြီး လူထုအား စစ်အုပ်စုကို အရှုံး‌ပေး လက်‌လျှော့‌ရေးလမ်းစဉ်သို့သာ ဦး တည်‌စေမည် ဖြစ်‌လေသည်။

တကယ်‌တော့ စစ်အုပ်စု ဘာလဲဆိုတာ သိထားပြီးဖြစ်သည့် လူထုအဖို့ ဘာမျှ ‌တွေ‌ဝေ‌စောင့်ဆိုင်း‌နေစရာ မရှိ။ ဗမာ ပြည်ကို ဆင်းရဲနွံတွင်း အဓမ္မသွတ်သွင်းခဲ့ပြီး လူထုကို ကမ္ဘာ့နိုင်ငံ အများအပြားသို့ ကျွန်ခံထွက်ရသည့်အဆင့် ‌ရောက်‌စေလျက် ကမ္ဘာက သူရဲ‌ဘော‌ကြောင်‌သော တိုင်းပြည်၊ သူရဲ‌ဘော‌ကြောင်‌သော လူထုအဖြစ် အထင်အမြင်‌သေး‌စေခဲ့သည့် သူခိုးဓားပြ အာဏာရူးစစ်အုပ်စုနှင့် ၎င်းတို့၏ ‌ဒေါက်တိုင်များအား ဝိုင်းဝန်ဖြိုဖျက်ကြရမည် ဖြစ်သည်။ ၎င်းတို့နှင့် ‌စေ့စပ်‌ဆွေး‌နွေး‌ရေး အိပ် မက်မက်လို၍ မရနိုင်။ စစ်အာဏာရှင်စနစ် ‌နောက်ထပ်တဖန် ‌ခေါင်း‌ထောင်ထမလာနိုင်‌အောင် တိုက်ခိုက်‌ချေမှုန်း‌ရေးသည်သာ လက်‌တွေ့ကျ‌သောလုပ်ရပ် ဖြစ်‌ပေလိမ့်မည်။

လူထုကြီးအ‌နေဖြင့် စစ်အုပ်စုအား မတိုက်ခိုက်၊ မ‌ချေမှုန်းနိုင်လျှင် ကိုယ့်သိက္ခာကို ကိုယ်ပြန်မ‌လေးစားနိုင်‌တော့သည့် အဖြစ်မျိုး ယခုထက်တိုး၍ ကြုံကြရမည်ဖြစ်၏။ အနိုင်ကျင့် နှိပ်စက်ခံရပါများ‌သောသူများ၌ မိမိကိုယ်မိမိ မယုံကြည်‌သော စိတ် ဓာတ်အားနည်း‌ရောဂါလည်း ဖြစ်လာတတ်‌လေသည်။

စစ်အုပ်စုပြုတ်ကျ‌ရေး တိုက်ပွဲဝင်ရာတွင် စစ်မ‌ရောက်ခင် မြားကုန်‌သော အပြုအမူများ၊ ထိထိ‌ရောက်‌ရောက် မလုပ်ရ ‌သေးမီ လက်‌လျှော့လို‌သော စိတ်ဓာတ်များ၊ အခက်အခဲနှင့် ကြုံပါက အလွယ်တကူ ‌ကျောခိုင်းစွန့်ခွာလို‌သော အကျင့်အကြံ များ၊ သူတပါးကို အထင်ကြီးပြီး ကိုယ့်လူကိုယ်အ‌လေးမထား ယုံကြည်မှုမရှိသည့် အပြုအမူများ၊ မိမိရဲ‌ဘော်ရဲဘက်ကို နှိမ့်ချချင် သည့် စိတ်ဓာတ်များ၊ ဖိနှိပ်‌ချေမှုန်းမှုနှင့် ရင်ဆိုင်ရပါက လက်လွတ်ထွက်‌ပြေးလို‌သော ‌ပျော့ညံ့မှုများ၊ မိမိတဦးတည်း‌ကောင်းစား ‌ရေးအတွက် မိမိအဖွဲ့အစည်းကို သစ္စာ‌ဖောက်လို‌သော သ‌ဘောထားများ၊ မိမိတို့ ဦးတည်ချက်မှ လမ်းလွဲ‌သွေဖည်သည့် ‌ပြော ဆို‌ဆောင်ရွက်မှုများ၊ အခွင့်အ‌ရေး ‌မြော်ကိုးလျက် အချင်းချင်း ‌ခြေထိုးလုပ်ကြံ သင်းခွဲကာ မထို်က်မတန် ‌နေရာယူမှုများစသည့် က‌လေကဝ အ‌လေ့အထများကို ‌ရှောင်ရှားနိုင်ဘို့ လိုသည်။

(၇)
လူထုတွင် စစ်အုပ်စုကို ရရာနည်းလမ်းဖြင့် ဖယ်ရှားရှင်းလင်းလိုသည့် သ‌ဘောထားခံယူချက်များက‌တော့ ရှိလာခဲ့ပြီ ဖြစ်သည်။ သို့ရာတွင် မဖြစ်စ‌လောက် အုံကြွတိုက်ပွဲဝင်ရင်း အင်အားသုံး အ‌ချေမှုန်းခံလိုက်ရမည်ကိုမူ မလိုလားကြ။ စစ်အုပ်စု က ၎င်းတို့ထက် ကြီး‌သောအင်အားကို သုံးနိုင်ဘို့လိုသည်။ ဗမာပြည်တွင်း ‌ပေါ်‌ပေါက်ခဲ့သမျှ‌သော လူထုအုံကြွမှု အ‌ရေးအခင်း များလို စစ်အုပ်စု၏ ‌ချေမှုန်းမှု‌အောက် အဖျားရှူးသွားကြသည့်အဖြစ်မျိုးလည်း ထပ်မံ မဖြစ်‌စေသင့်။

“လူထုက အချဉ်မဟုတ်ဘူး။ ကိုယ့်‌ဘေးဒုက္ခကို ကိုယ်ကြို‌တွေးတတ် ကြိုသိတတ်တယ်”ဟူ‌သော နအဖ ဒလံတို့၏ စကားကိုလည်း ‌နေရာအ‌တော်များများမှာ ကြားရသည်။ စစ်အုပ်စု မ‌ကောင်း‌ကြောင်း‌ပြောလျှင်ပင် “ကျ‌နော့်ကို အဲဒါ‌တွေ လာမ ‌ပြောနဲ့။ စစ်အစိုးရ မ‌ကောင်းဘူးဆိုရင် ‌တော်လှန်ကြမဲ့ နိုင်ငံ‌ရေးသမား‌တွေ သူပုန်‌တွေက‌ကော ဘယ်‌လောက်‌ကောင်း‌နေကြလို့ လဲ။ တိုင်းပြည်‌ကောင်း‌အောင် ဘာ‌တွေလုပ်နိုင်သလဲ။ ဘယ်‌လောက်ရွပ်ရွပ်ချွံချွံ ကိုယ်ကျိုးစွန့်ပြီး ဘာ‌တွေဖြစ်ဖြစ်‌မြောက် ‌မြောက် ‌ဆောင်ရွက်နိုင်ကြပြီလဲ” စသဖြင့် ဟိုဘက်လိုလို ဒီဘက်လိုလိုဖြင့် နှစ်ဘက်ခွ ‌ပြောဆိုတတ်သူ‌တွေမှာ အများစု ဖြစ် လာသည်။

ထိုအသုံးအနှုန်းမှာ ‌တော်လှန်‌ရေး‌ကောင်းကျိုးအတွက်ပဲ ‌ပြောသလိုလို၊ စစ်အုပ်စု၏ လုပ်ရပ်‌တွေကိုပဲ ‌ထောက်ခံသလို လို ‌လှေနံနှစ်ဘက် နင်းသူတို့၏ အသုံးအနှုန်းဖြစ်သည်။ ထိုသူတို့မှာ ‌ပေါ်‌ပေါက်လာမည့် အ‌ရေးအခင်းအတွင်း အသာစိးရသည့် ဘက်သို့ ‌ပေါ့ပါးလျင်မြန်စွာ ကူး‌ပြောင်းသွားကြမည့်သူများ ဖြစ်‌လေသည်။

(၈)
ပြီးခဲ့သည့်နှစ် ‌ဝေါ်‌လေခီးနှင့် တပ်မဟာ(၇)ကို ဒီ‌ကေဘီ‌အေနှင့် နအဖတို့ ပူး‌ပေါင်းထိုးစစ်ဆင်စဉ်က ဒီ‌ကေဘီ‌အေ ၂၀၀‌ကျော် ၃၀ဝခန့် ကျဆုံးကုန်ကြရသည်မှာ မည်သူ့လက်ချက်လဲဆိုသည်ကို ဒီ‌ကေဘီ‌အေတပ်မှူးတိုင်းပင် သိထား၏။ မည်မျှ ကြီးမားသည့် တိုက်ပွဲဖြစ်‌စေကာမူ မည်သူ့ဘက်မျှ ထိုအ‌ရေအတွက်‌လောက် ဘယ်တုန်းကမှ မကျဆုံးခဲ့။ တကယ်‌တော့ ထိုအ ‌ရေအတွက်မှာ တိုက်ပွဲအတွင်း ‌နောက်‌ကျောမှလာ‌သော ကျည်ဆံများ‌ကြောင့် ‌သေဆုံးကြရခြင်းဖြစ်‌ကြောင်း စဉ်းစားဉာဏ်ရှိသူ တိုင်း သိနိုင်ကြမည်ဖြစ်သည်။

၂၀၀-၃၀ဝ ဆိုသည့် အင်အားအ‌ရေအတွက်မှာ နည်းနည်း‌နော‌နော မဟုတ်။ ၂‌ယောက် ၃‌ယောက် ‌ပြောက်ကျားအစု က‌လေး‌ပေါင်း ၁၀၀‌လောက်ဖွဲ့ကာ အချိတ်အဆက်မိမိ သွက်လက်စွာ ဖြန့်ခွဲလှုပ်ရှားခြင်းဖြင့် ‌နေပြည်‌တော်လို ‌နေရာမျိုးကိုပင် သိမ်းပိုက်ရယူနိုင်သည့် အင်အားဖြစ်သည်။ ထိုအင်အားများ အလဟဿ ဆုံးရှုံးရသည်ထက် ပို၍ဆိုး‌သောအဖြစ်မှာ မိမိတို့ အားထားယုံကြည်ရသူက မိမိတို့‌နောက်‌ကျောအား ဓားနှင့်ထိုးသည်ကို ခံလိုက်ရပြီဆို‌သောအသိဖြင့် တနုံ့နုံ့ ‌ကြေကွဲရခြင်းပင် ဖြစ်‌လေသည်။
မိမိတို့ လုပ်‌ဖော်ကိုင်ဖက်၊ ရဲ‌ဘော်ရဲဘက်၊ ‌သေတူရှင်ဖက်များ အနီးကပ်ဆုံး ရန်သူ၏လက်ချက် မိသွားကြရသည့်အ ဖြစ်ကို သိပင်သိ‌သော်လည်း ဖွင့်ဟ‌ဖော်ထုတ်မှု မပြုနိုင်သည့်အဖြစ်မှာ ဒီ‌ကေဘီ‌အေ တပ်မှူးအများအပြားကို မ‌ကျေမလည် ဖြစ်‌စေ‌လေသည်။ မိမိတို့အလှည့် ဘယ်‌တော့‌ရောက်လာမလဲဟူ‌သော သတိဖြင့် ‌နောက်‌ကျောမလုံလည်း ဖြစ်‌နေကြ‌ပေလိမ့် မည်။

ကရင်အမျိုးသား‌ရေးစိတ်ဓာတ်ရှိ‌သော တပ်မှူးတပ်သား‌တွေ ဒီ‌ကေဘီ‌အေထဲမှာ များစွာ ရှိ‌နေသည်။ အ‌ခြေအ‌နေအ ‌ကြောင်း‌ကြောင်း‌ကြောင့် ရန်သူနှင့် ‌ပေါင်း‌နေကြရသည့်တိုင် မိမိကရင်အမျိုးသားအ‌ပေါ် မည်သူ့နှိပ်စက်‌စော်ကားမှုကိုမျှ သည်း မခံတတ်‌သော တပ်မှူး‌တွေလည်း ရှိသည်။ ‌လော‌လောဆယ် အ‌ခြေအ‌နေအရ နယ်ခြား‌စောင့်တပ်အဖြစ် အသွင်‌ပြောင်းရန် လက်ခံလိုက်‌သော်လည်း ၎င်းတို့၏ ပြဿနာမှာ မ‌အေး‌သေး။ ကရင်‌တွေ မလိမ့်တပတ်ဖြင့် ‌တော်လှန်‌ရေး ရည်မှန်းချက်များ ‌ပျောက်ကာ စစ်အုပ်စု၏‌ကြေးစား ထားရာ‌နေ ‌စေရာသွား နယ်ခြား‌စောင့်တပ်များအဖြစ် ပုံသွင်းချုပ်ကိုင်ခံရမည့်အ‌ရေးကို မလို လားကြ‌သော တပ်မှူးတပ်သား‌တွေလည်း များစွာ ရှိ‌နေသည်။ ‌ရှေ့‌လျှောက် ၎င်းတို့၏ လုပ်ပိုင်ခွင့်အရပ်ရပ်က်ို စစ်အုပ်စုက ချုပ် ကိုင်ကြီးစိုး ချယ်လှယ်ကြ‌တော့မည့်အဖြစ်ကိုလည်း ‌ကျေနပ်မှုမရှိကြ။ အသိဉာဏ်ရှိ‌သော တပ်မှူးတပ်သားများ၊ မှန်ကန်‌သော အမျိုးသား‌ရေး စိတ်ဓာတ်ရှိသူများမှာ မိခင်‌တော်လှန်‌ရေး အဖွဲ့အစည်းသို့ လာ‌ရောက်‌ပေါင်းစည်းရန် ပြင်ဆင်‌နေကြပြီဖြစ်သည်။

မည်သည့်နိုင်ငံကမျှ ဗမာပြည် ‌တော်လှန်‌ရေးတိုက်ပွဲအတွင်း မည်သည့်ဘက်ကမျှ ဝင်‌ရောက်တိုက်ခိုက်‌ပေးကြလိမ့် မည် မဟုတ်။ စစ်အုပ်စုကို ကူညီ‌နေသည်ဆို‌သော နိုင်ငံများသည် ၎င်းတို့အကျိုးစီးပွားကိုသာ ၎င်းတို့ကြည့်တတ်ကြသူများ ဖြစ်သည်။ စစ်အုပ်စုနှင့် ‌ပေါင်း‌နေ‌သော်လည်း စစ်အုပ်စု၏ လက်‌အောက်ခံ ကျွန်များမဟုတ်သလို သစ္စာရှိ မိတ်‌ဆွေ‌ရောင်းရင်း များလည်း မဟုတ်ကြ။ ‌ငွေမျက်နှာ ကြည့်သူများပီပီ အတိုက်အခံတို့ဘက်က တန်ရာတန်ဘိုး ‌ပေးနိုင်လျှင်လည်း ‌ရောင်းချမည့် သူများသာ ဖြစ်သည်။ စစ်အုပ်စုနှင့် တိုင်းရင်းသားလူထုကြီး၏ တိုက်ပွဲအတွင်း ကိုယ်တိုင်ကိုယ်ကျ ဝင်တိုက်‌ပေးမည်မဟုတ်သ လို ‌နှောက်ယှက်လိမ့်မည်လည်း မဟုတ်‌ချေ။

တိုင်းရင်းသား လူထုကြီးတရပ်လုံး၏ အကြွင်းမဲ့ ညီညွှတ်‌ရေးကို‌တော့ ‌မျှော်လင့်‌စောင့်စား‌နေ၍ မရ။ ဘုံရန်သူကို တိုက်ခိုက်‌ရေး ဦးတည်ချက်‌အောက် ညီညွှတ်သင့်သ‌လောက်သာ ညီညွှတ်နိုင်မည်ဖြစ်သည်။ လူထုအ‌နေဖြင့် မိမိတို့ထဲတွင် ရှိ ‌နေသည့် ကြံ့ဖွံ့စွမ်းအားရှင်များနှင့် ကိုယ်ကျိုးငဲ့‌လောက်‌ကောင်များကို သင့်‌တော်သလို ဖယ်ရှားရှင်းလင်း သိမ်းသွင်းနိုင်လျှင်ပင် စစ်အာဏာရှင်၏ ဖိနှိပ်မှု‌အောက်မှ ရုန်းထွက်လို‌သော မျိုးချစ်ပြည်ချစ် တပ်မ‌တော်သား‌ကောင်းတို့၏ တပ်မ‌တော်တရပ်လုံး သည်လည်း လူထုဘက်မှ ရပ်တည်လာလိမ့်မည် ဖြစ်သည်။

‌ဒေါ်‌အောင်ဆန်းစုကြည်နှင့် ဗမာပြည် အနှံ့အပြား အကျဉ်း‌ထောင်များအတွင်း တကွဲတပြားစီ ချုပ်‌နှောင်ခံထားရ‌သော ဒီမိုက‌ရေစီ‌ရေး တိုက်ပွဲဝင်‌ခေါင်း‌ဆောင်များအား စစ်အုပ်စုက ၎င်းတို့ အ‌ခြေမခိုင်မချင်း လွှတ်လိမ့်မည် မဟုတ်‌ချေ။ ထို‌ခေါင်း ‌ဆောင်တို့ လွတ်‌မြောက်‌ရေးမှာ လူထု၏ တာဝန်သာဖြစ်သည်။ လူထုနည်းဖြင့်သာ လွတ်‌မြောက်‌အောင် ‌ဆောင်ရွက်နိုင်သည်။ လူထု‌လေးစားအားထားသည့် ‌ဒေါ်‌အောင်ဆန်းစုကြည်နှင့် လူငယ်‌ခေါင်း‌ဆောင်များ၏ ထိန်းကွပ်ဦး‌ဆောင်မှု မပါဝင်ဘဲ မည် သည့်‌တော်လှန်‌ရေးမျှ လက်နက်ကိုင်နည်းလမ်းသက်သက်ဖြင့် ‌အောင်ပွဲခံနိုင်မည် မဟုတ်မှန်းကိုလည်း စစ်အုပ်စုအား တွန်း လှန်‌ချေမှုန်းလို‌သော လူထုနှင့် တပ်မ‌တော်သား‌ကောင်းတို့က သိထားကြပြီး ဖြစ်သည်။

(ဆက်လက်‌ဖော်ပြပါမည်)