Home ထိပ်တန်းသတင်း သုံးရက် တိုက်ပွဲ‌ကြောင့် နအဖ စစ်တပ် ထိခိုက်ကျဆုံးမှုများထဲတွင် ဗိုလ်မှူးတဦး ပါဝင်

သုံးရက် တိုက်ပွဲ‌ကြောင့် နအဖ စစ်တပ် ထိခိုက်ကျဆုံးမှုများထဲတွင် ဗိုလ်မှူးတဦး ပါဝင်

1963
စက်တင်ဘာလ ၁၅ရက်။ ‌ကေအိုင်စီ

မြဝတီမြို့ ‌တောင်ဘက်ခြမ်းရှိ ‌ဝေါ်‌လေ‌ဒေသတွင် ‌ကေအဲန်ယူနှင့် နအဖတပ်ဖွဲ့များ ယခုရက်ပိုင်းအတွင်း ရင်ဆိုင်တိုက်ပွဲ သုံး ရက် ဆက်တိုက် ဖြစ်ပွားမှု‌ကြောင့် နအဖဘက်မှ ထိခိုက်ကျဆုံးမှုများလျှက်ရှိရာ ထိုအထဲတွင် ဗိုလ်မှူးတစ်ဦး ပါဝင်‌ကြောင်း ‌ကေအိုင်စီက စုံစမ်းသိရှိရသည်။

ယ‌နေ့မွန်းလွဲ ၂နာရီ‌ကျော်တွင် အဆိုပါ‌ဒေသတွင် လှုပ်ရှား‌နေသည့် ‌ကေအဲန်ယူ တပ်ရင်း(၂၀၁)နှင့် နအဖ ခလရ(၉၇)တပ်ဖွဲ့ တိုက်ပွဲဖြစ်ပွားရာ နအဖဘက်မှ ထိခိုက်ကျဆုံးမှုများရှိ‌ကြောင်း ‌ကေအဲန်ယူနှင့် မြဝတီဘက်မှ သတင်းအရင်းအမြစ်များအရ သိ ရသည်။

အဆိုပါနအဖတပ်နှင့် တိုက်ပွဲဖြစ်ခဲ့သည့် ‌ကေအဲန်အယ်လ်‌အေ တပ်ရင်း(၂၀၁)မှ ဒုရင်းမှူး ဗိုလ်မှူး‌စောကြည်‌အောင်က “ဒီ‌နေ့ ၂နာရီ မိနစ် ၂ဝမှာ ကျ‌နော်တို့တပ်ဖွဲ့ ခလရ(၉၇)နဲ့ ၁ဝမိနစ်နီးပါး‌လောက် တိုက်ပွဲဖြစ်တယ်။ ဖြစ်တဲ့‌နေရာက ‌မောခီးရွာနားမှာပဲ။ သူတို့တပ်က အဲဒီတဝိုက်မှာ တက်လိုက်ဆင်းလိုက်နဲ့ ထိ‌တော့ထိတယ်။ အတိအကျ‌တော့ ကျ‌နော်တို့ မသိရ‌သေးဘူး။”ဟု ဆို သည်။

“ကျ‌နော်တို့ ကြားတာက ဒီ‌နေ့တိုက်ပွဲမှာ နအဖဘက်က ၂‌ယောက် ကျတယ်။ ၄‌ယောက် ဒဏ်ရာရတယ်။ အဲဒီဒဏ်ရာရတဲ့သူ‌ေ တွကို‌တော့ ‌ကော့ကရိတ်‌ဆေးရုံကို ပို့လိုက်ပြီလို့ သိရတယ်။”ဟု စစ်တပ်အသိုင်းအဝိုင်းနှင့် နီးစပ်သူ မြဝတီမြို့ခံတစ်ဦးက ဆို သည်။

နအဖ ခမရ(၄၀၃)နှင့် ခလရ(၉၇)တပ်များသည် ‌ကေအဲန်အယ်လ်‌အေ (၂၀၁)တပ်ဖွဲ့နှင့် စက်တင်ဘာလ ၁၃ရက်‌နေ့ကတကြိမ်၊ စက်တင်ဘာ ၁၄ရက် ယမန်‌နေ့က နှစ်ကြိမ်နှင့် ယ‌နေ့ တိုက်ပွဲတကြိမ် ထပ်မံ၍ ဖြစ်ပွားခဲ့ခြင်းဖြစ်‌သော်လည်း ‌ကေအဲန်အယ်လ် ‌အေဘက်မှ ထိခိုက်ကျဆုံးမှု လုံးဝ မရှိဟု ‌ကေအဲန်ယူက ဆိုသည်။

ယမန်‌နေ့ မနက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် ခမရ(၄၀၃)မှ စစ်‌ကြောင်းတာဝန်ခံ တပ်ရင်းမှူး ဗိုလ်မှူးတစ်ဦး အပါအဝင် ၄ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ခလရ(၉၇)နှင့် ဖြစ်ပွားသည့် ည‌နေပိုင်း တိုက်ပွဲတွင်မူ နအဖဘက်မှ ၂ဦးကျကာ ၅ဦး ဒဏ်ရာရရှိသွားခဲ့ ‌ကြောင်း ‌ကေအဲန်အယ်လ်‌အေ တပ်ရင်း(၂၀၁)မှ ဗိုလ်မှူး‌စောကြည်‌အောင်က အတည်ပြု ‌ပြောဆိုသည်။

“မ‌နေ့မနက် ၆း၄ဝနာရီ ကနဲ‌လေးရွာအ‌နောက်ဖက်မှာ တခါဖြစ်တယ်။ ဆယ်မိနစ်နီးပါး‌လောက်ကြာတယ် တိုက်ပွဲက။ ရန်သူက ၄‌ယောက် ဒဏ်ရာရတယ်။ အဲဒီမှာက ဗိုလ်မှူးတစ်‌ယောက် အပါအဝင် အားလုံး ၄‌ယောက်‌ပေါ့။ ခမရ(၄၀၃)။ ‌နောက်တခါက ည‌နေ ၄နာရီက စဖြစ်ပြီး‌တော့ တိုက်ပွဲက ၁၅မိနစ်ကြာတယ်။ အဲဒါက ခလရ(၉၇)နဲ့ဖြစ်တာ။ ၂‌ယောက်‌သေ၊ ၅‌ယောက်ထိ တယ်။ စုစု‌ပေါင်း ၉‌ယောက် ဒဏ်ရာရတယ်။ ၂‌ယောက် ‌သေတယ်။ အားလုံး ၁၁‌ယောက်‌ပေါ့။”ဟု ဆိုသည်။

မြဝတီမြို့ ‌ဆေးရုံဝန်ထမ်းများ၏ ‌ပြောပြချက်အရ ယမန်‌နေ့ည ၉နာရီက ဗိုလ်မှူးတစ်ဦးနှင့် တပ်ကြပ်နှစ်ဦး အပါအဝင် ဒဏ်ရာ ရ နအဖ စစ်သည် ၈ဦး ‌ရောက်ရှိလာပြီး ယ‌နေ့မနက်‌စော‌စောတွင် ဖားအံ‌ဆေးရုံသို့ ပို့‌ဆောင်လိုက်ပြီဖြစ်‌ကြောင်း သိရသည်။

အဆိုပါဒဏ်ရာရသူများမှာ ခမရ(၄၀၃)မှ ဗိုလ်မှူးသက်ဦး‌မောင် ၃၁နှစ်၊ တပ်သားများဖြစ်သည့် ထွန်းထွန်းဝင်း ၂၂နှစ်၊ မျိုး‌ဇော် ဦး ၂၄နှစ်၊ သန်းစိုး ၃ဝနှစ်နှင့် ခလရ(၉၇)မှ တပ်ကြပ်နှစ်ဦးဖြစ်သည့် ‌အောင်‌ကျော်ဦး ၃၄နှစ်၊ ‌ဇော်မင်းဦး ၃ဝနှစ်၊ တပ်သား ‌အေးမင်းစိုး ၃ဝနှစ်နှင့် ‌နေလင်းဦး ၂၃နှစ်တို့ဖြစ်‌ကြောင်း နအဖ၏ ထိခိုက်ကျဆုံး စာရင်းများအရ သိရသည်။

တပ်အသိုင်းအဝိုင်းနှင့် နီးစပ်သူ မြဝတီပြည်သူတစ်ဦးက “အခု ဒဏ်ရာရလာတဲ့ ၈ဦးထဲမှာ ၃ဦးက‌တော့ စိုးရိမ်ရတဲ့အ‌ခြေအ‌နေ မှာ ရှိ‌နေတယ်။ တချို့က ‌ခေါင်းကိုထိတယ်။ တချို့က လမ်းမှာကြာ‌တော့ ‌သွေးလွန်လာပြီး သတိလစ်‌နေတယ်‌လေ။”ဟု ‌ပြော သည်။

ထို‌ဒေသတွင် ယခုရက်ပိုင်းအတွင်း နအဖတပ်များမှာ အ‌ပြောင်းအလဲ ပြုလုပ်လျှက်ရှိရာ ခမရ(၄၀၃)၊ ခလရ(၂၈၃)၊ ခလရ(၉၇) နှင့် ခမရ(၄၀၇)တို့က အင်အား ၆၀၀‌ကျော်နှင့် စခန်းထိုင်ဗျူဟာတပ်များပါဆိုလျှင် နအဖအင်အား စုစု‌ပေါင်းမှာ တစ်‌ထောင် ‌ကျော်ရှိပြီး ‌ရှေ့ဆက်၍ တိုက်ပွဲများ ဖြစ်လာနိုင်‌ကြောင်း ဗိုလ်မှူး‌စောကြည်‌အောင်က ခန့်မှန်း‌ပြောဆိုလိုက်သည်။

“တိုက်ပွဲက ဆက်ဖြစ်လာဖို့‌တော့ အလားအလာ အများကြီးရှိတယ်။ ဘာဖြစ်လို့လဲဆို‌တော့ ရန်သူကလည်း အင်အားကို ဖြည့်မှ ဖြည့်။ ဖြည့်မှဖြည့်ပဲ‌လေ။ အင်အားဖြည့်တဲ့အခါကျ‌တော့ တိုက်ပွဲက ဆက်ဖြစ်မှာပဲ။”ဟု သုံးသပ်‌ပြောဆိုသည်။

၎င်း‌ဝေါ်‌လေ‌ဒေသတွင် အလားတူ အ‌ခြေစိုက်‌နေသည့် နယ်ခြား‌စောင့်တပ် လက်မခံ‌သော ဗိုလ်မှူးကြီး‌စောလားပွယ် (ဗိုလ်နှုတ် ခမ်း‌မွှေး)၏ ဒီ‌ကေဘီ‌အေ တပ်အင်အားမှာလည်း နအဖတပ်နှင့် ဆတူ တစ်‌ထောင်‌ကျော်ပင်ရှိပြီး ၎င်းတို့တပ်များနှင့် နအဖတပ် များ ယ‌နေ့အထိ စစ်‌ရေးအရ ထိ‌တွေ့မှု မရှိ‌သေး‌ပေ။