Home ထိပ်တန်းသတင်း ဖျက်သိမ်းခံရသည့် နိုင်ငံ‌ရေးပါတီ ၅ခုတွင် UKL ကရင်ပါတီ ပါဝင်

ဖျက်သိမ်းခံရသည့် နိုင်ငံ‌ရေးပါတီ ၅ခုတွင် UKL ကရင်ပါတီ ပါဝင်

1716
စက်တင်ဘာလ ၁၅ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

‌ရွေး‌ကောက်ပွဲတွင် မဲဆန္ဒနယ် အနည်းဆုံး သုံးခု၌ လွှတ်‌တော်ကိုယ်စားလှယ်များ ဝင်‌ရောက်ယှဉ်ပြိုင်ခြင်း မပြုနိုင်ပါက ပြည် ‌ထောင်စု‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်မှ နိုင်ငံ‌ရေးပါတီများ မှတ်ပုံခြင်းဥပ‌ဒေ ပုဒ်မ ၁၂(ခ)အရ နိုင်ငံ‌ရေးပါတီအဖြစ် မှတ်ပုံတင်ထား ခြင်းကို ပယ်ဖျက်၍ ဖျက်သိမ်းခံရသည့် နိုင်ငံ‌ရေးပါတီ(၅)ခုတွင် ကရင်ပါတီတစ်ခုဖြစ်သည့် (UKL) ပါဝင်ခဲ့သည်။

ယ‌နေ့ထုတ် စစ်အစိုးရပိုင်သတင်းစာတွင် ‌ဖော်ပြထားသည့် ‌ကြေညာချက်အမှတ် (၉၇/၂၀၁၀)အရ ဖျက်သိမ်းခံရသည့် ပါတီ ၅ခုမှာ ပြည်‌ထောင်စုကရင်အမျိုးသားများအဖွဲ့ချုပ်(UKL)၊ မြန်မာ့လူ့‌ဘောင်သစ် ဒီမိုကရက်တစ်ပါတီ(MNSDP)၊ မြန်မာဒီမိုက ‌ရေစီကွန်ဂရက်ပါတီ(MDCP)၊ မြိုတိုင်းရင်းသားပါတီ(MNP)နှင့် ‌ဒေသဖွံ့ဖြိုးတိုးတက်‌ရေးပါတီ-ပြည်(NDF)တို့ ဖြစ်သည်။

ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ်၊ ကရင်အမျိုးသားရပ်ကွက်၊ အမှတ်(၁)‌စော‌တေလိန်း၊ ဦးလူနီလမ်းရှိ UKL ပါတီရုံးသို့ ‌ကေအိုင်စီက ဆက်သွယ်‌မေးမြန်းရာ ဘဏ္ဍာ‌ရေး အခက်အခဲ‌ကြောင့်ဖြစ်‌ကြောင်း အဖွဲ့ဝင်အမျိုးသမီးတဦးက ယခုလို ‌ပြော သည်။

“ပါတီဖျက်သိမ်းခံရတာနဲ့ ပတ်သက်ပြီး တစ်ခုပဲ ‌ပြောချင်ပါတယ်။ ဘဏ္ဍာ‌ငွေ‌ကြေး အခက်အခဲ‌ကြောင့်ပဲ ဖြစ်တာပါ။”ဟု ဆို သည်။

၁၉၉ဝခုနှစ် ‌ရွေး‌ကောက်ပွဲတွင် ‌နေရာ ၇ခုတွင် ဝင်‌ရောက်အ‌ရွေးခံခဲ့သည့် UKL ပါတီသည် ယခုနှစ် ဧပြီလ ၈ရက်‌နေ့တွင် ပြည် ‌ထောင်စု ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်ထံ နိုင်ငံ‌ရေးပါတီအဖြစ် ဆက်လက် တည်‌ထောင်ခွင့်‌လျှောက်ထားခဲ့ရာ၌ ကရင်အမျိုးသား အလံကို ပါတီအလံအဖြစ် အသုံးပြုခဲ့မှုအ‌ပေါ် ကရင်အမျိုးသား နှစ်သစ်ကူးကျင်းပ‌ရေး‌ကော်မတီ (မဟာရန်ကုန်)မှ ဧပြီလ ၁၅ ရက်‌နေ့တွင် ကန့်ကွက်ခဲ့‌သေးသည်။

၎င်းပါတီသည် ပါတီမှတ်ပုံတင်အမှတ်(၁၁)ဖြင့် ‌မေလ ၂၁ရက်‌နေ့စွဲဖြင့် ပါတီမှတ်ပုံတင်ခွင့်ကျပြီး‌နောက် ရက်‌ပေါင်း ၉ဝအတွင်း ‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်သို့ ပါတီဝင်ဦး‌ရေ ၅ဝဝ‌ကျော်သာ တင်ပြနိုင်ခဲ့သဖြင့် ဧရာဝတီတိုင်း၌သာ ဝင်‌ရောက်ယှဉ်ပြိုင်‌တော့ မည်ဟု ပြီးခဲ့သည့် ဩဂုတ်လက ‌ပြောခဲ့သည်။

ဥက္ကဋ္ဌ ‌စော‌မောင်‌ချော၊ ဒုဥက္ကဌ ‌စောသန်း‌အောင်၊ ဒုဥက္ကဌ-၂ မန်းသိန်း‌ရွှေ၊ ဒုဥက္ကဌ-၃ ‌စော‌အောင်ထွန်းကြည်၊ ဒုဥက္ကဌ-၄ မန်း ‌သောင်းကြွယ်လင်းတို့ အပါအဝင် အလုပ်အမှု‌ဆောင် ၁၅ဦးရှိသည့် UKL ပါတီသည် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲတွင် ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ တနသင်္ာရီတိုင်းတို့တွင် ဝင်‌ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့သည်။

အဆိုပါနိုင်ငံ‌ရေးပါတီ ၅ခု ဖျက်သိမ်းခံရသည်နှင့် တချိန်တည်းတွင် သတ်မှတ်ရက်အတွင်း နိုင်ငံ‌ရေးပါတီအဖြစ် ဆက်လက် တည်‌ထောင်လို‌ကြောင်း ‌လျှောက်ထားခြင်းမရှိသည့် ပြည်‌ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုက‌ရေ စီအဖွဲ့ချုပ်၊ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ၊ ဝအမျိုးသားဖွံ့ဖြိုးတိုးတက်‌ရေးပါတီနှင့် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်တို့ကို လည်း ‌ရွေး‌ကောက်ပွဲဥပ‌ဒေအရ အလိုအ‌လျောက် ပျက်ပြယ်ပြီး နိုင်ငံ‌ရေးပါတီအဖြစ်မှ ဖျက်သိမ်းလိုက်‌ကြောင်း စစ်အစိုးရက ‌ကြေညာခဲ့သည်။

ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်က နိုင်ငံ‌ရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်‌ပေးခဲ့သည့် ပါတီ ၄၂ခုအနက် ၃၇ပါတီသာ ဆက် လက် ရပ်တည်ခွင့်ရှိ‌တော့မည်ဖြစ်ပြီး ၎င်းအနက် ကရင်ပြည်သူ့ပါတီနှင့် ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီတို့ ပါဝင်သည်။