Home ထိပ်တန်းသတင်း မဲပုံးသယ်လာသည့် နအဖ စစ်တပ် အပစ်ခံရ၍ ၂ဦး‌သေ ၃ဦး ဒဏ်ရာရရှိ

မဲပုံးသယ်လာသည့် နအဖ စစ်တပ် အပစ်ခံရ၍ ၂ဦး‌သေ ၃ဦး ဒဏ်ရာရရှိ

1612
‌အောက်တိုဘာလ ၂၇ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ‌ရွေး‌ကောက်ပွဲအတွက် ‌တောင်စွန်းရွာမှ ‌ချောင်းဆုံရွာသို့ မဲပုံးသယ်ယူလာသည့် နအဖ စစ်တပ်ကို ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် (‌ကေအဲန်အယ်လ်‌အေ)က ယမန်‌နေ့ မနက် ၁ဝး၄ဝနာရီအချိန် ၌ ချုံခိုတိုက်ခိုက်ခဲ့ရာ နအဖ တပ်သား ၂ဦး‌သေဆုံး ၃ဦး ဒဏ်ရာရရှိခဲ့သည်ဟု စုံစမ်းသိရှိရသည်။

ဒု-ဗိုလ်မှူးကြီး မျိုးမြင့်‌အောင် ဦး‌ဆောင်ပြီး အင်အား ၆ဝခန့်ရှိ အဆိုပါ နအဖ စစ်ကွပ်ကဲ‌ရေးဌာနချုပ်(၈)လက်‌အောက်ခံ ခမရ (၄၀၅)တပ်ရင်း စစ်‌ကြောင်း(၁)သည် လာမည့် နိုဝင်ဘာလ(၇)ရက်‌နေ့တွင် ကျင်းပမည့် ‌ရွေး‌ကောက်ပွဲအတွက် မဲပုံးသယ်လာခဲ့ ရာ အာပလုံနှင့် လှိုင်သာယာရွာကြားတွင် ‌ကေအဲန်အယ်လ်‌အေ တပ်ရင်း(၁၆)က ချုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

‌ကေအဲန်အယ်လ်‌အေ တပ်မဟာ(၆)မှ ‌ပြောခွင့်ရသူ ဗိုလ်မှူး‌စောထဲ‌နေက “‌ကေအဲန်အယ်လ်‌အေ တပ်ရင်း(၁၆)က ကျ‌နော်တို့ ကို သတင်းပို့ချက်အရ‌တော့ နအဖ ၂‌ယောက် ကျဆုံးပြီး ၃‌ယောက် ဒဏ်ရာရတယ်ဆိုတာ ဟုတ်ပါတယ်။ ဒီနယ်‌မြေမှာ လှုပ် ရှား‌နေတဲ့ နအဖတပ်ကို‌တော့ လစ်ရင်လစ်သလို အမြဲတိုက်ခိုက်တာပဲ။ ဒီမနက်မှာလည်း တပွဲ ထပ်ဖြစ်‌သေးတယ်လို့ ကြား တယ်။ ထိခိုက်မှုက‌တော့ ဘာမှ အ‌ကြောင်းပြန်ကြားလာတာ မရှိ‌သေးဘူး။”ဟု ‌ကေအိုင်စီကို အတည်ပြု‌ပြောဆိုသည်။

အပစ်ခံရသည့် နအဖ စစ်တပ်မှ တပ်ဖွဲ့ဝင် ၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ‌ကေအဲန်အယ်လ်‌အေဘက်က ‌ပြော‌သော်လည်း အဆိုပါစစ်တပ် အသိုင်းအဝိုင်းဘက်မှ ၎င်းတို့ ရဲ‌ဘော် ၉ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု‌ပြော‌ကြောင်း အမည်မ‌ဖော်လိုသူ ကြာ အင်းဆိပ်ကြီးမြို့နယ်မှ ‌ဒေသခံတဦးက ဆိုသည်။

သူက “သူတို့(နအဖ) စစ်တပ်အရာရှိ‌ပြောတာ‌တော့ အဲဒီအတိုင်းပဲ။ သူတို့လာတာက မဲပုံး‌ကြောင့်ပါ။ ‌ရွေး‌ကောက်ပွဲကျရင် ဘုရားသုံးဆူမှာ မဲထည့်ရမယ်‌လေ။ မဲပုံးမရှိ‌သေးတဲ့အတွက် သူတို့(နအဖ)က မဲပုံးသယ်လာတာ အပစ်ခံရတာပဲ။ သူတို့ သယ် လာတဲ့ မဲပုံးက ၅ပုံး‌ပေါ့‌နော်။ တပုံးက ‌ချောင်းဆုံမှာ၊ ‌လေးပုံးက ဘုရားသုံးဆူမှာလို့ ကြားတယ်။”ဟု ရှင်းပြသည်။

ယမန်‌နေ့က ‌တောင်စွန်းရွာမှ ‌ချောင်းဆုံရွာသို့ တက်လာသည့် အဆိုပါ နအဖ ခမရ(၄၀၅) တပ်ရင်းသည် ကြာအင်းဆိပ်ကြီးမြို့ နယ်အတွင်းရှိ ရွာသားများကို လမ်းပြအဖြစ် ‌ခေါ်ယူမှုများရှိခဲ့ပြီး ကွီးက‌ချောကျုရွာ၌ ‌ကေအဲန်ယူ သစ်‌တောအရာရှိတစ်ဦးကို ဖမ်းဆီးသွားခဲ့သည်ဟု သိရ‌သော်လည်း ‌ကေအဲန်ယူမှ တရားဝင် သတင်းထုတ်ပြန် မရှိ‌သေးပါ။

အင်အား ၁၀၀‌ကျော်ရှိသည့် နအဖ စကခ(၈) လက်‌အောက်ခံ ခမရ(၄၀၅)တပ်ရင်း၏ စစ်‌ကြောင်း(၁)နှင့် (၂)တို့မှာ ‌ချောင်းဆုံ ရွာတွင် အ‌ခြေစိုက်လျှက်ရှိပြီး ယခု မဲပုံးသယ်ယူလာသည့် တပ်ဖွဲ့မှာ စစ်‌ကြောင်း(၁)တပ်ဖွဲ့ဖြစ်သည်။