Home ထိပ်တန်းသတင်း မြဝတီမြို့ကို ဒီ‌ကေဘီ‌အေ ဝင်‌ရောက်စီးနင်းထား

မြဝတီမြို့ကို ဒီ‌ကေဘီ‌အေ ဝင်‌ရောက်စီးနင်းထား

2578
နိုဝင်ဘာလ ၇ရက်။ ‌ကေအိုင်စီ

နယ်ခြား‌စောင့်တပ်ကို လက်မခံသည့် ဒီ‌ကေဘီ‌အေတပ်ဖွဲ့ဝင်များသည် ယ‌နေ့‌နေ့ခင်းပိုင်းတွင် မြဝတီမြို့ကို ဝင်‌ရောက်စီးနင်း ကာ နအဖ စစ်တပ်‌နေရာများနှင့် အ‌ရေးပါသည့်‌နေရာများ၌ ‌နေရာဝင်ယူထားလိုက်သည်ဟု သိရသည်။

အဆိုပါစီးနင်းမှုအ‌ပေါ် ဒီ‌ကေဘီ‌အေ တပ်မဟာ(၅)မှူး ဗိုလ်မှူးချုပ်‌စောလားပွယ်(ဗိုလ်နှုတ်ခမ်း‌မွှေး)က ယခုလို ‌ကေအိုင်စီကို အတည်ပြု ‌ပြောဆိုသည်။

“နအဖရဲ့ ‌ရွေး‌ကောက်ပွဲဟာ တရားမျှတမှု မရှိဘူး။ ပြည်သူလူထုတရပ်လုံးအတွက်လည်း တရားမျှတမှု မရှိဘူး။ ‌နောက်ပြီး ဒီ‌ရွေး‌ကောက်ပွဲဟာ ကရင်တပ်ဖွဲ့‌တွေကိုလည်း ဖျက်လိုဖျက်ဆီးဖြစ်‌အောင် နည်းလမ်းရှာလုပ်‌နေတာပဲ။ ပြီး‌တော့ ကရင်လူမျိုး ‌တွေကို မတိုးတက်‌စေချင်ဘူး‌လေ။ ဒါ‌ကြောင့် တိုင်းပြည်နဲ့ လူမျိုးအတွက် ကျ‌နော်တို့ အဆင်သင့် စပါယ်ရှယ်ရှိ‌နေပါတယ်။”ဟု ဗိုလ်မှူးချုပ်‌စောလားပွယ်က ‌ပြောသည်။

ယင်းသို့ ‌နေရာယူထားသည့် ဒီ‌ကေဘီ‌အေ တပ်ဖွဲ့မှာ တပ်ရင်း(၉၀၂)မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ‌စော‌ကျော်သက်၏ တပ်ဖွဲ့ဝင် များဖြစ်ပြီး ဦးစွာ မြို့ပြင်နားရှိ နအဖ တပ်‌နေရာများမှ တပ်သားများကို အလစ်ဖမ်းဆီးကာ လက်နက်အချို့ကို သိမ်းဆည်းထား လိုက်‌ကြောင်း ဒီ‌ကေဘီ‌အေ တပ်မှူးတစ်ဦးက ‌ပြောသည်။

သူက “ကိုယ့်နဲ့အနီးဆုံး စစ်တပ်‌နေရာကို အရင်လုပ်လိုက်‌တော့ သူတို့ရဲ‌ဘော်အချို့နဲ့ လက်နက်အချို့ကို သိမ်းလို့ရတယ်။ အခု ‌လော‌လောဆယ် ဆက်သွယ်‌ရေး၊ ခရကရုံး၊ ချစ်ကြည်‌ရေးတံတားအနီးနဲ့ အချို့‌နေရာ‌တွေကို ‌နေရာဝင်ယူထားပါတယ်။”ဟု ဆို သည်။

မွန်းလွဲပိုင်းအချိန်ထိ ဆက်သွယ်‌ရေးရုံး၊ မရက၊ ရဲစခန်း အပါအဝင် အချက်အချာကျသည့် ‌နေရာအ‌တော်များများတွင် ဒီ‌ကေဘီ ‌အေတပ်များ ဝင်‌ရောက်ထားလျှက်ရှိပြီး နအဖ စစ်တပ်ဘက်မှ တစုံတရာ တုန့်ပြန်မှုမရှိ‌သေး‌ကြောင်း ဒီ‌ကေဘီ‌အေတပ်ဖွဲ့ဝင် များက ‌ပြောသည်။

ယ‌နေ့မနက်ပိုင်းတွင် နယ်ခြား‌စောင့်တပ်ဖွဲ့ဝင် ၂၀၀‌ကျော်သည် ၎င်းတို့၏ နယ်ခြား‌စောင့်ဘက်တံဆိပ်များကို မီးရှို့ဖျက်ဆီးကာ မြဝတီမြို့နယ်ရှိ ဒုဗိုလ်မှူးကြီး ‌စော‌ကျော်သက် ဦး‌ဆောင်သည့် ဒီ‌ကေဘီ‌အေတပ်ဖွဲ့နှင့် ပူး‌ပေါင်းခဲ့သည်။

တပ်မဟာ(၅) ဒီ‌ကေဘီ တပ်ဖွဲ့ဝင်အချို့

ယ‌နေ့ညဦးပိုင်းအထိ အင်အား ၃ဝခန့်စီရှိသည့် နအဖနှင့် ဒီ‌ကေဘီ‌အေ တပ်ဖွဲ့ဝင်များသည် လက်နက်ကြီးငယ်များဖြင့် ချစ် ကြည်‌ရေးတံတား‌အောက်တွင် ရှိ‌နေ‌ကြောင်း ကိုယ်တိုင်မြင်‌တွေ့သူ မြို့ခံတစ်ဦးက ‌ကေအိုင်စီကို ‌ပြောသည်။

“ဒီညပိုင်းအထိ တံတား‌အောက်မှာ စစ်တပ်ကလည်း အင်အား ၃၀‌လောက်ရှိတယ်။ ‌နောက်ပြီး ဗိုလ်‌ကျော်သက်ရဲ့ကားကို လည်း ‌တွေ့တယ်။ ကာယကံရှင် ပါမပါ‌တော့ မသိဘူး။ သူ့လူ‌တွေစီးလာတာဖြစ်မယ်။ ဒီ‌ကေဘီ‌အေ‌တွေက 79 ‌သေနတ်‌တွေနဲ့ အာရ်ပီဂျီသီး‌တွေကိုင်ပြီး ထိုင်းဘက်ခြမ်းကို ‌ကျော‌ပေးပြီး မြို့ထဲဘက်ကို ချိန်ထားတယ်။”ဟု ဆိုသည်။

ယ‌နေ့မနက် ၁ဝနာရီ‌ကျော်တွင် ဂျပန်သတင်း‌ထောက်တစ်ဦးကို မြန်မာအာဏာပိုင်များက ဖမ်းဆီးလိုက်သည်ဟု သိရပြီးး ‌ကေ အိုင်စီက စုံစမ်းရာ ထိုအ‌ခြေအ‌နေကို ရဲတပ်ဖွဲ့က အတည်ပြု‌ပြောဆို‌သော်လည်း မည်သည့်အဖွဲ့က ဖမ်းဆီးသည်ကို ၎င်းတို့ မသိရှိ‌ကြောင်း ပြန်လည်‌ဖြေကြားခဲ့သည်။