Home ထိပ်တန်းသတင်း ဒီ‌ကေဘီ‌အေက ဖမ်းဆီးရမိခဲ့‌သော နအဖ တပ်မှူးအား ပြန်လွှတ်လိုက်ပြီ

ဒီ‌ကေဘီ‌အေက ဖမ်းဆီးရမိခဲ့‌သော နအဖ တပ်မှူးအား ပြန်လွှတ်လိုက်ပြီ

1844
နိုဝင်ဘာ ၁၂ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော် (ဒီ‌ကေဘီ‌အေ)မှ နိုဝင်ဘာလ ၈ရက်‌နေ့က မြဝတီခရိုင် ‌ဝေါ်‌လေ‌ဒေသ တွင် ဖမ်းဆီးရမိခဲ့‌သော နအဖ စကခ(၈) နည်းဗျူဟာ(၃)မှ G-3 တပ်မှူးတဦးအား နယ်စပ်လမ်းတ‌နေရာမှ ယ‌နေ့ မွန်းလွဲပိုင်းအ ချိန်တွင် ပြန်လွှတ်‌ပေးလိုက်သည်ဟု သိရှိရသည်။

အမည်မ‌ဖော်လိုသည့် ဒီ‌ကေဘီ‌အေ တပ်မှူးတဦးက “ကျ‌နော်တို့က စစ်သုံ့ပန်းဖြစ်တဲ့အတွက်‌ကြောင့် နိုင်ငံတကာ စစ်သုံ့ပန်း ဥပ‌ဒေအရ‌ပေါ့‌နော်။ နှိပ်စက်တာတို့၊ ညှင်းဆဲတာတို့ သတ်ဖြတ်တာတို့မရှိပါဘူး။ လူတ‌ယောက်ကိုသတ်တာ ဘာမှအကျိုးမရှိ ဘူး။ အဲဒီလူတ‌ယောက်ကို မသတ်ဘဲ သူ့နဲ့‌ဆွေး‌နွေးပြီး‌တော့ သ‌ဘော‌ပေါက်သွားရင် သူက‌နေပြီး‌တော့တဆင့် အများသိသွား ရင် အကျိုးအများကြီးရှိတယ်။”ဟု ဗိုလ်ကြီးသက်နိုင်အား ပြန်လွှတ်ရခြင်းနှင့် ပတ်သက်၍ အတည်ပြု ‌ပြောဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၈ရက်‌နေ့က မြဝတီတွင် ဖြစ်ပွားသည့် နှစ်ဘက်တင်းမာမှုအ‌ခြေအ‌နေ ‌ပြေလည်ရန်အတွက် ‌ဝေါ်‌လေ ‌ဒေသရှိ ဗိုလ်မှူးချုပ်‌စောလားပွယ် ဦး‌ဆောင်သည့် ဒီ‌ကေဘီ‌အေ တပ်မဟာ(၅)တပ်ဖွဲ့ထံ သွား‌ရောက်ညှိနှိုင်း‌ဆွေး‌နွေးသည့် စစ် ကွပ်ကဲ‌ရေးဌာနချုပ် အမှတ်(၈) နည်းဗျူဟာ(၃)မှ G-3 ဗိုလ်ကြီးသက်နိုင်အား ဒီ‌ကေဘီ‌အေက ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။

ဗိုလ်ကြီးသက်နိုင်က “ဒီဘက်မှာ ကျ‌နော် ‌ရောက်လာတဲ့အတွက် ကျ‌နော့်ကိုထားတဲ့ အ‌နေအထားအ‌ပေါ် လူသားချင်းစာနာစွာ ဆက်ဆံတဲ့အ‌ပေါ်မှာ ဒီကအဖွဲ့‌တွေအားလုံးကို အများကြီး ‌ကျေးဇူးတင်တယ်။ ‌ပြောရင်‌တော့ ဒါ အ‌မေ‌ပေးတဲ့အသက် မဟုတ် ‌တော့ဘူး။”ဟု ‌ပြောသည်။

“ကျ‌နော့်ကို ဖမ်းလိုက်ပြီလို့ သိလိုက်ရ‌တော့ ထုံးစံအတိုင်း စစ်သုံ့ပန်းမိသလို အနည်းဆုံး‌တော့ ညှင်းပမ်းနှိပ်စက်ခံရမှာ ‌သေချာ တယ်လို့ ‌တွေးထင်ခဲ့တယ်။ ဒါ‌ပေမဲ့ ဖမ်းလိုက်တဲ့ ဒီ‌ကေဘီ‌အေ‌တွေက သူတို့ ဆက်လုပ်စရာ‌တွေ ရှိ‌နေ‌သေးလို့ ကျ‌နော့်ကို ဒီ‌တောထဲကအဖွဲ့ဆီ လွဲ‌ပေးလိုက်တယ်။ ဒီကို‌ရောက်တဲ့အချိန်မှာ ကျ‌နော့်ရဲ့ ခံယူချက်ဝါဒကို သူတို့ မတိုက်ဖျက်ဘူး။ ကျ‌နော့် ကို ‌ကောင်း‌ကောင်းမွန်မွန်ထားတယ်။ ပြီးရင် ပြန်လွှတ်‌ပေးမယ်လို့ ‌ပြောတယ်။ အဲဒီ‌တော့ ကျ‌နော်အများကြီး ဝမ်းသာတယ်။” ဟု သူက ဆက်‌ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁ဝရက်‌နေ့ထုတ် နအဖ စစ်အစိုးရပိုင် သတင်းစာများတွင် မြဝတီမြို့အတွင်း ဖြစ်ပွားခဲ့‌သော လက်နက် ကိုင် ပဋိပက္ခသည် ‌ကေအဲန်ယူ၏ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု စွပ်စွဲ‌ရေးသားမှုနှင့်ပတ်သက်၍ ဗိုလ်ကြီးသက်နိုင်က ၎င်းပစ်ခတ်မှု မှာ ဒီ‌ကေဘီ‌အေနှင့် နအဖ စစ်တပ်တို့ကြားရှိ ပဋိပက္ခသာဖြစ်‌ကြောင်း အတည်ပြု ‌ပြောကြားသည်။

‌ရှေ့တန်းရှိ နအဖ တပ်မှူးတပ်သားများသည် နိုဝင်ဘာလ ၇ရက်‌နေ့က ပြုလုသည့် ‌ရွေး‌ကောက်ပွဲမှာ တရားမျှတမှုရှိမရှိကို ‌ကောင်းစွာ သိရှိနားလည်ခြင်း မရှိ‌သော်လည်း ထို‌နေ့တွင်ပင် ၎င်း၏ကြီးကြပ်မှုဖြင့် နည်းဗျူဟာ(၃)မှ တပ်မှူးတပ်သားများအား လုံး လွတ်လပ်စွာ မဲထည့်ခဲ့ရသည်ဟု ဆိုသည်။

“ကျ‌နော်က G3လုပ်ရတဲ့အတွက် သူတို့(အထက်)ညွှန်ကြားတာ ကျ‌နော့်‌အောက်က တပ်မှူးတပ်သား‌တွေကို ရှင်းပြတယ်။ ဒီ ပါတီ၊ ဒီပါတီ ဒီလူ‌တွေ အ‌ရွေးခံမယ်။ ပြည်ခိုင်ဖြိုးထည့်မယ့်လူ ဒီဘက်လာ၊ တစည ထည့်မယ့်လူ ဒီဘက်လာ၊ ကရင်အမျိုးသား ပါတီကို ထည့်မယ့်လူ ဒီဘက်လာ၊ ကျ‌နော်ခွဲထုတ်လိုက်ပြီး‌တော့ အထက်က တင်ပြတယ်။ အများအားဖြင့် ပြည်ခိုင်ဖြိုးပါတီကိုပဲ ထည့်တာများပါတယ်။”ဟု ဗိုလ်ကြီးသက်နိုင်က ‌ပြောသည်။

ပြန်လည်လွတ်‌မြောက်သွားသည့် နအဖ တပ်မှူး ဗိုလ်ကြီးသက်နိုင်သည် မန္တ‌လေးတိုင်း မိတ္ထီလာမြို့ဇာတိဖြစ်ပြီး D.S.A စစ် တက္ကသိုလ် အမှတ်စဉ် (46th) Intake ‌အောင်မြင်ခဲ့သူဖြစ်သည်။