Home ထိပ်တန်းသတင်း ‌ရွေး‌ကောက်ပွဲတွင် ကရင်လွှတ် ‌တော်ကိုယ်စားလှယ်‌လောင်း ၁၆ဦး အ‌ရွေးခံရ

‌ရွေး‌ကောက်ပွဲတွင် ကရင်လွှတ် ‌တော်ကိုယ်စားလှယ်‌လောင်း ၁၆ဦး အ‌ရွေးခံရ

2259
နိုဝင်ဘာလ ၁၆ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ပြီးခဲ့သည့် နိုဝင်ဘာလ ၇ရက် ‌ရွေး‌ကောက်ပွဲတွင် ကရင်ပါတီ ၃ပါတီမှ လွှတ်‌တော်ကိုယ်စားလှယ် ၁၆ဦးသည် မိမိတို့ ဝင်‌ရောက် ယှဉ်ပြိုင်သည့် မဲဆန္ဒနယ်‌မြေ၌ မဲ‌ရွေးချယ်ခံရကာ အနိုင်ရရှိခဲ့သည်ဟု သိရသည်။

ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP)၊ ကရင်ပြည်သူ့ပါတီ(KPP)နှင့် ကရင်ပြည်နယ် ဒီမိုက‌ရေစီနှင့် ဖွံ့ဖြိုးတိုးတက်‌ရေးပါတီ (KSDDP)မှ ဝင်‌ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်‌လောင်းများအနက် ၁၆ဦးမှာ အနိုင်ရရှိခဲ့ပြီး PSDP မှ ပြည်သူ့လွှတ်‌တော်၊ အမျိုးသားလွှတ်‌တော်နှင့် ပြည်နယ်လွှတ်‌တော် ကိုယ်စားလှယ် ၉ဦး၊ KPP မှ ပြည်သူ့လွှတ်‌တော်၊ အမျိုးသားလွှတ်‌တော်နှင့် ပြည် နယ်လွှတ်‌တော် ကိုယ်စားလှယ် ၅ဦးနှင့် KSDDP မှ အမျိုးသားလွှတ်‌တော်နှင့် ပြည်နယ်လွှတ်‌တော် ကိုယ်စားလှယ် ၂ဦးတို့ ဖြစ် ကြသည်။

အမည်မ‌ဖော်လိုသူ KSDDP ပါတီဝင်တဦးက “ကျ‌နော်တို့ပါတီက အနိုင်ရရှိသူနှစ်ဦးက‌တော့ မြဝတီမဲဆန္ဒနယ်က ပြည်နယ်လွှတ် ‌တော်ကိုယ်စားလှယ် စိုင်းချစ်လှိုင်နဲ့ ကြာအင်းဆိပ်ကြီး မဲဆန္ဒနယ်က အမျိုးသားလွှတ်‌တော် မန်း‌အောင်တင်မြင့်ပါ။ သူက‌တော့ ပြိုင်ဘက်မရှိလို့ ‌အော်တိုမစ်တစ်ကို နိုင်တာ။ စိုင်းချစ်လှိုင်ကျ‌တော့ ကြံ့ဖွံ့၊ တစညတို့နဲ့ပြိုင်တာ သူက အနိုင်ရသွားတယ်။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

PSDP မှ အနိုင်ရရှိသွားသည့် ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ်မှာ နန်း‌စေအွာ(ဖားအံ မဲဆန္ဒနယ်‌မြေ)၊ ‌စောသိန်း‌အောင်(လှိုင်း ဘွဲ မဲဆန္ဒနယ်)၊ အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ်မှာ ‌စော‌အောင်‌ကျော်နိုင်(ဖားအံမဲဆန္ဒနယ် အမှတ်-၁)၊ ‌စောငြိမ်းသင် (လှိုင်းဘွဲ မဲဆန္ဒနယ်အမှတ်-၃)၊ ‌စောသန်းထွန်း(လှိုင်းဘွဲမဲဆန္ဒနယ်အမှတ်-၄)နှင့် ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ်မှာ ‌စော ကြည်လင်း(ဖားအံမဲဆန္ဒနယ် အမှတ်-၁)၊ ‌စောခင်‌မောင်မြင့် (ဖားအံမဲဆန္ဒနယ် အမှတ်-၂)၊ ‌စောမင်း‌အောင်လင်း (လှိုင်းဘွဲမဲ ဆန္ဒနယ် အမှတ်-၁)၊ ‌စောရှားထွန့်‌ဖောင်(လှိုင်းဘွဲမဲဆန္ဒနယ် အမှတ်-၂)တို့ ဖြစ်ကြသည်။

ထို့အပြင် KPP ပါတီမှ ‌စော‌နေ‌ကော်ကြီး(ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ်-သံ‌တောင်ကြီး မဲဆန္ဒနယ်) ‌စော‌တော်ပလဲ (အမျိုး သားလွှတ်‌တော်ကိုယ်စားလှယ်)၊ ‌စောခရစ္စတိုဖာ၊ ‌စော‌ဂျေ‌အေဝင်းမြင့်နှင့် ‌စောဂျူဗလီစံလှ(ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ်) တို့ အနိုင်ရရှိခဲ့သည်။

နိုဝင်ဘာလ ၇ရက်‌နေ့က နအဖ စစ်အစိုးရ ဦး‌ဆောင်ကျင်းပခဲ့သည့် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲသည် ရက်သတ္တနှစ်ပတ်နီးပါး ကြာလာ ခဲ့ပြီဖြစ်‌သော်လည်း ‌ရွေး‌ကောက်ပွဲရလာဒ်များ တရားဝင် အပြီးသတ် ထုတ်‌ဖော်‌ကြေညာခဲ့ခြင်း မရှိ‌သေး‌ကြောင်း သိရသည်။

၎င်းပါတီ ၃ပါတီအနက် PSDP နှင့် KSDDP မှာ ကရင်ပြည်နယ်ကို အ‌ခြေခံကာ ဖွဲ့စည်းထားသည့် နိုင်ငံ‌ရေးပါတီများ ဖြစ်‌သော် လည်း KPP မှာ ရန်ကုန်မြို့တွင် ပါတီရုံးစိုက်ကာ အ‌ခြေစိုက်ထားခြင်းဖြစ်သည်။

‌ရွေး‌ကောက်ပွဲအပြီး၌ ကြံ့ဖွံ့ပါတီ(USDP)မှအပ ကျန်နိုင်ငံ‌ရေးပါတီများအားလုံး၏ လက်ရှိ ‌နောက်ဆုံးရရှိထား‌သော အနိုင်ရရှိမှု မှာ ၁၆ ရာခိုင်နှုန်းသာ ရှိ‌သေး‌ကြောင်း မြန်မာ့သတင်းမီဒီယာများတွင် ‌ဖော်ပြထားသည်။