Home ထိပ်တန်းသတင်း ‌ရွေး‌ကောက်ပွဲအတွင်း အမျိုးသမီးနှင့် က‌လေးများ ဒုက္ခ‌ရောက်ရ‌ကြောင်း WLB က ‌ပြောဆို

‌ရွေး‌ကောက်ပွဲအတွင်း အမျိုးသမီးနှင့် က‌လေးများ ဒုက္ခ‌ရောက်ရ‌ကြောင်း WLB က ‌ပြောဆို

1813
နိုဝင်ဘာလ ၂၅ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

မြန်မာစစ်အစိုးရ ကျင်းပပြုလုပ်သည့် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲကာလအတွင်း စတင်ဖြစ်ပွားခဲ့သည့် နယ်စပ်တိုက်ပွဲ‌ကြောင့် အမျိုးသ မီးနှင့် က‌လေးများ ပိုမို ဒုက္ခ‌ရောက်ခဲ့ရသည်ဟု အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံ (WLB)က ယ‌နေ့ကျ‌ရောက်သည့် အမျိုး သမီးများအ‌ပေါ် အကြမ်းဖက်မှုပ‌ပျောက်‌ရေး‌နေ့၌ ‌ကြေညာချက်ထုတ်ပြန် ‌ပြောဆိုလိုက်သည်။

WLB၏ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး(၁)ဖြစ်သူ မတင်တင်နွယ်က “၂၀၁ဝ ‌ရွေး‌ကောက်ပွဲဟာ မြန်မာနိုင်ငံအတွက် ‌ကောင်းတဲ့ အလားအလာ မဟုတ်ဘူး။ ‌ရွေး‌ကောက်ပွဲမှာ တက်လာမယ့် ဘယ်အစိုးရကလည်း အမျိုးသမီးနဲ့ ဘဝအတွက် ဘာမှ လုပ်‌ပေး နိုင်မှာ မဟုတ်ပါဘူး။ တချိန်တည်းမှာပဲ နိုင်ငံ‌ရေး အခင်းအကျင်း‌ကြောင့်ပဲ ‌ရွေး‌ကောက်ပွဲဖြစ်တဲ့ကာလမှာ နယ်စပ်မှာ တိုက်ပွဲ ‌တွေ ဖြစ်တယ်။ ပြီး‌တော့ အမျိုးသမီးနဲ့ က‌လေး‌တွေအတွက် ပိုပြီး‌တော့ လုံခြုံမှုမဲ့တယ်။ ဒုက္ခ‌တွေ ပိုပြီး ဆိုးဆိုးရွားရွား ခံစားရ တယ်။ ဒါကို ‌ထောက်ပြချင်တယ်။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

နိုဝင်ဘာလ ၈ရက်‌နေ့တွင် နယ်ခြား‌စောင့်တပ်နှင့် ‌ရွေး‌ကောက်ပွဲကို လက်မခံသည့် ဗိုလ်မှူးချုပ်‌စောလားဘွယ် ဦး‌ဆောင်သည့် ဒီ‌ကေဘီ‌အေ တပ်မဟာ(၅) လက်‌အောက်ခံ (၉၀၂)တပ်ရင်းနှင့် မြဝတီမြို့အ‌ခြေစိုက် စစ်အစိုးရတပ်တို့နှင့် ဖြစ်ပွားခဲ့သည့် တိုက် ပွဲ‌ကြောင့် ‌သောင်းချီသည့် မြဝတီလူထုများ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်‌ပြေးလာသည့်အထဲတွင် အမျိုးသမီးနှင့် က‌လေး အများအပြား ပါဝင်ခဲ့သည်။

“စစ်ဖြစ်ပွားတယ်ဆိုတာ အကြမ်းဖက်မှုတခုပါပဲ‌လေ။ စစ်ပွဲရဲ့ ရိုက်ခတ်မှု‌ကြောင့် က‌လေးနဲ့ အမျိုးသမီး‌တွေ ပိုခံရတာပါ။ ‌နောက် မြန်မာပြည် အထူးသဖြင့် တိုင်းရင်းသား‌ဒေသအတွင်းမှာ ဒီလို စစ်ပွဲ‌တွေ ဖြစ်လာတိုင်း ဒီက‌လေးနဲ့ အမျိုးသမီးက ပိုခံရတာပါ။ ဒီ လိုအမျိုးသမီးနဲ့ က‌လေးအ‌ပေါ် အကြမ်းဖက်မှု ရှိ‌နေသ‌ရွေ့‌တော့ ပ‌ပျောက်ဖို့အတွက် ကျမတို့လည်း ဆက်လုပ်ရမှာပဲ”ဟု WLB ၏ သဘာပတိအဖွဲ့ဝင် နန်းဒါးအဲ့ကလယ်က ‌ပြောဆိုသည်။

ထို့အပြင် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ရှိ နအဖတပ်များ၏ ရွာတွင်း ပစ်ခတ်မှု‌ကြောင့် နိုဝင်ဘာလ ၉ရက်‌နေ့တွင် ကြာ အင်း‌ကျေးရွာမှ ၁၃နှစ်အရွယ် မိန်းက‌လေးတဦး ‌သေဆုံးပြီး ‌ယောက်ျား‌လေးတဦး ဒဏ်ရာရရှိခဲ့သည်။

ပြီးခဲ့သည့်အပတ်က ကုလသမဂ္ဂ အ‌ထွေ‌ထွေညီလာခံမှ မြန်မာနိုင်ငံ၏ ၂၀၁ဝ ‌ရွေး‌ကောက်ပွဲသည် လွပ်လပ်ပြီး တရားမျှတမှု မရှိ ‌ကြောင်း ရှုတ်ချလိုက်သည်ကို WLB အ‌နေဖြင့် ကြိုဆို‌ကြောင်းနှင့် အာဆီယံ(ASEAN) အပါအဝင် နိုင်ငံတကာအစိုးရများအ‌နေ ဖြင့်လည်း မြန်မာအမျိုးသမီးများ၏ဘဝ အကြမ်းဖက်ခံရမှု ဆက်လက်ကျ‌ရောက်နိုင်မည့် ‌ရွေး‌ကောက်ပွဲရလဒ်အား အသိအမှတ် မပြုရန် WLB က တိုက်တွန်းထားသည်။

ထို့အပြင် စစ်အစိုးရသည် ‌ဒေါ်‌အောင်ဆန်းစုကြည် အပါအဝင် တိုင်းရင်းသားအင်အားစုများနှင့် ‌တွေ့ဆုံ‌ဆွေးမှုများ မလုပ်ဘဲ ၎င်း တို့၏ လမ်းပြ‌မြေပုံအတိုင်း ဆက်လက်အ‌ကောင်အထည်‌ဖော်ပါက မြန်မာနိုင်ငံ၏ အ‌ခြေအ‌နေသည် ပို၍ ဆိုးရွားနိုင်ပြီး အမျိုး သမီးနှင့် က‌လေးများ၏ ဘဝလုံခြုံမှုကိုလည်း ပိုမိုထိခိုက်‌စေသည့်အတွက် WLB အဖွဲ့ချုပ်မှ စိုးရိမ်‌ကြောင်း ပါရှိသည်။

စစ်အစိုးရသည် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး အမျိုးသမီးများအ‌ပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုများအားလုံး ပ‌ပျောက်‌ရေး သ‌ဘောတူစာချုပ်(CEDAW)ကို လက်မှတ်ထိုးခဲ့‌သော်လည်း မြန်မာနိုင်ငံ၌ အမျိုးသမီးများအ‌ပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု များကို ဆက်လက်ကျူးလွန်‌နေသည်ဟုလည်း ထည့်သွင်းထားသည်။

၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာလ ၉ရက်‌နေ့တွင် မြန်မာတိုင်းရင်းသူ အမျိုးသမီးအဖွဲ့အစည်း(၁၃)ဖွဲ့ဖြင့် စတင်ဖွဲ့စည်းခဲ့သည့် WLB အ‌နေဖြင့် ၎င်းတို့အ‌ခြေစိုက်ရာ ထိုင်း၊ ဘဂင်္လား‌ဒေ့ရှ်နှင့် အိန္ဒိယနယ်စပ်များတွင် ယခုနှစ် နိုင်ငံတကာ အမျိုးသမီးအ‌ပေါ် အကြမ်း ဖက်မှုပ‌ပျောက်‌ရေး‌နေ့ကို စကားဝိုင်းများ၊ ‌ဟော‌ပြောပွဲများဖြင့် ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။

နိုင်ငံတကာ အမျိုးသမီးများအ‌ပေါ် အကြမ်းဖက်မှု ပ‌ပျောက်‌ရေး‌နေ့ကို ၁၉၉၆ခုနှစ်၊ ဒီဇင်ဘာလ ၁၇ရက်‌နေ့တွင် ကျင်းပသည့် ကမ္ဘာ့ကုလသမဂ္ဂ၏ ၈၃ကြိမ်‌မြောက် အ‌ထွေ‌ထွေညီလာခံ မျက်နှာစုံညီ အစည်းအ‌ဝေးတွင် ဆုံးဖြတ်သတ်မှတ်ခဲ့သည်။