Home ထိပ်တန်းသတင်း နယ်ခြား‌စောင့်တပ်မှ ပိုးကရင် အဆို‌တော် ဗိုလ်ထူ့လွီးအွာအား တပည့်ဖြစ်သူက ပစ်သတ်ခဲ့

နယ်ခြား‌စောင့်တပ်မှ ပိုးကရင် အဆို‌တော် ဗိုလ်ထူ့လွီးအွာအား တပည့်ဖြစ်သူက ပစ်သတ်ခဲ့

1703
နိုဝင်ဘာလ ၂၆ရက်။ ‌ကေအိုင်စီ

မြဝတီမြို့နယ်၊ ‌ရွှေကုက္ကို‌ကျေးရွာတွင် အ‌ခြေစိုက်သည့် နယ်ခြား‌စောင့်တပ်ရင်း (၁၀၁၈)မှ ဗိုလ်အဆင့်ရှိသူ ပိုးကရင်အဆို‌တော် ထူ့လွီးအွာသည် နိုဝင်ဘာလ ၂၂ရက်‌နေ့တွင် တပည့်ရဲ‌ဘော်တစ်ဦး၏ ပစ်သတ်ခံရပြီး ‌သေဆုံးသွားခဲ့သည်ဟု သိရသည်။

အမည်မ‌ဖော်လိုသူ နယ်ခြား‌စောင့်တပ်မှူးတစ်ဦးက “ဒီလ ၂၂ရက်‌နေ့ ည ၁၁နာရီ ၁၅မိနစ်မှာ ဗိုလ်ထူ့လွီးအွာကို သူ့တပည့် ရဲ‌ဘော်က ပစ်သတ်လိုက်တာ။ သူ အိပ်‌ပျော်‌နေတုန်း အဲဒီရဲ‌ဘော်က ကင်း‌စောင့်‌နေတာ။ အခြားကင်းသမားက အပြင်မှာမို့ မသိ လိုက်ဘူး။ ‌သေနတ်သံကြားလို့ ‌မေးကြည့်‌တော့ အဲဒီပစ်သတ်တဲ့ရဲ‌ဘော်က ကျည်ဆံလွှတ်ထွက်သွားတာလို့ ‌ပြောပြီး‌နောက် ‌တော့ ထွက်‌ပြေးသွားတယ်။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

‌သေနတ်ဒဏ်ရာနှစ်ချက်ဖြင့် ‌သေဆုံးသွားခဲ့သည့် ဗိုလ်ထူ့လွီးအွာမှာ ပိုးကရင် သီချင်းအ‌တော်များများကို ‌ရေးသား၊ သီဆိုကာ ကိုယ်တိုင် သရုပ်‌ဆောင်ခဲ့သလို နယ်ခြား‌စောင့်တပ်ဖွဲ့တွင် ယဉ်‌ကျေးမှုနှင့် မှတ်တမ်းဌာန၌ တာဝန်ယူခဲ့ပြီး ၎င်း၏ဈာပနကို နိုဝင်ဘာလ ၂၄ရက်‌နေ့က ပြုလုပ်ခဲ့ပြီးဖြစ်သည်။

၎င်းအား ပစ်သတ်ခဲ့သူ ရဲ‌ဘော်ကို ယခုအချိန်တွင် သက်ဆိုင်ရာ တာဝန်ရှိသူများက ဖမ်းဆီးလိုက်ပြီးဖြစ်‌ကြောင်း ရွာခံအချို့နှင့် နယ်ခြား‌စောင့်တပ်မှ အခြားတပ်မှူးတစ်ဦး၏ ‌ပြောပြချက်အရ သိရသည်။

ပြစ်မှုကျူးလွန်သူ အဆိုပါရဲ‌ဘော်မှာ ‌သေဆုံးသူ ဗိုလ်ထူ့လွီးအွာနှင့် ‌ဆွေမျိုး‌တော်စပ်သူဖြစ်ပြီး ဦး‌ဏှောက်မမှန်သည့်အတွက် ယခုလို ပြုလုပ်ခြင်းဖြစ်သည်ဟု ‌ရွှေကုက္ကို‌ကျေးရွာမှ ရွာခံများက ‌ပြောဆို‌နေကြသည်။

အဆိုပါနယ်ခြား‌စောင့်တပ်အမှတ် (၁၀၁၈)၏ တပ်ရင်းမှူးမှာ ဗိုလ်မှူး‌စော‌မောင်ဝင်း ဖြစ်သည်။