Home ထိပ်တန်းသတင်း ဖာပွန်ခရိုင်တွင် ‌ရွှေတူးလုပ်ငန်း တိုးချဲ့လုပ်‌ဆောင်ရန် KNU လက်မခံ

ဖာပွန်ခရိုင်တွင် ‌ရွှေတူးလုပ်ငန်း တိုးချဲ့လုပ်‌ဆောင်ရန် KNU လက်မခံ

2218
နိုဝင်ဘာလ ၂၇ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် ဒွယ်လိုးမြို့နယ်ရှိ မဲ့ကလယ့်‌လော်‌ချောင်းတွင် ‌ရွှေလာ‌ရောက်တူး‌ဖော်ခဲ့သည့် ကုမ္ပဏီများက ထို ‌ဒေသရှိ ‌နောက်ထပ် ‌ချောင်းနှစ်‌ချောင်းဖြစ်သည့် မယ်တိုး‌ချောင်းနှင့် မယ်‌ဝေ‌ချောင်းတို့ကိုပါ လာမည့် ၂၀၁၁ အတွင်း ‌ရွှေလုပ်ငန်း များ ထပ်မံ တိုးချဲ့မည့် အစီအစဉ်ကို လက်မခံနိုင်‌ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ဆိုသည်။

ယခု နိုဝင်ဘာလ ပထမအပတ်တွင် ‌ရွှေလာ‌ရောက်တူး‌ဖော်ခဲ့သည့် ကုမ္ပဏီမှ ကိုယ်စားလှယ်များက အဆိုပါ‌ဒေသ၌ လှုပ်ရှား‌နေ သည့် KNLA တပ်ဖွဲ့နှင့် လာ‌ရောက်ညှိနှိုင်း‌ဆွေး‌နွေးခဲ့‌ကြောင်း ဖာပွန်ခရိုင်ရှိ KNLA တပ်မဟာ(၅)၏ ရုံးထိုင်မှူး ဗိုလ်မှူး‌စောက လယ်ဒို့က ‌ကေအိုင်စီကို ယခုလို ရှင်းပြသည်။

“‌ရွှေလုပ်ငန်းတိုးချဲ့ဖို့ဆိုပြီး ကျ‌နော်တို့ကို လာ‌တွေ့တာ နှစ်ခါရှိပြီ။ ပြီးခဲ့တဲ့ ၇လပိုင်းတုန်းက တခါနဲ့ အခုလ အ‌စောပိုင်းမှာ တခါ ‌ပေါ့။ ဒါ‌ပေမဲ့ ကျ‌နော်တို့ဘက်က လက်မခံ‌သေးဘူး။ လက်ခံလိုက်ရင် အဲဒီ‌ဒေသက ပတ်ဝန်းကျင်ပျက်စီးမှု‌တွေ များလာမယ်။ ‌နောက် ပြည်သူ‌တွေလည်း ဒုက္ခ‌ရောက်မယ်။ ဒါ‌ကြောင့် လက်ခံဖို့အတွက်က စဉ်းစားရအုံးမယ်။”ဟု ၎င်းက ဆိုသည်။

ယင်းသို့ လာ‌ရောက်ညှိနှိုင်းသည့် ‌ရွှေတူးကုမ္ပဏီ ကိုယ်စားလှယ်များမှာ ကိုချိုနှင့် ဦးရဲထွန်းတို့ဖြစ်‌ကြောင်း ဗိုလ်မှူး‌စောကလယ် ဒို့က ဆက်လက်‌ပြောဆိုသည်။

သူက “‌ရွှေလာတူးခဲ့တုန်းက ကုမ္ပဏီ‌တွေက မြ‌ဌေးကြွယ်နဲ့ ချစ်‌လေးမြိုင်နဲ့ အခြားကုမ္ပဏီ‌တွေ‌ပေါ့။ သူတို့(ကုမ္ပဏီ) မြတ်တယ်လို့ ‌တော့ ကြားတယ်။ ဘယ်‌လောက်မြတ်လဲဆိုတာ ကျ‌နော်တို့ တိတိကျကျ မသိပါဘူး။ မြတ်လို့ပဲ လုပ်ငန်းထပ်တိုးချဲ့တယ်လို့ ထင် တယ်။”ဟု ဆက်‌ပြောသည်။

အဆိုပါ ‌ရွှေတူး‌ဖော်‌ရေးလုပ်ငန်း‌ကြောင့် ထို‌ဒေသရှိ မဲချို၊ ဝင်း‌မောင်း(‌ဝေါမူ)၊ မ‌လေး‌ကျောက်(မ‌လေးလယ်) ‌ကျေးရွာအုပ်စုရှိ ရွာ သားများ၏ လယ်ယာဧက ၄၀ဝရှိ လယ်ကွင်း ၈၅ကွင်း ပျက်စီးသွားခဲ့‌ကြောင်း ‌ကေအဲန်ယူ၊ ဖာပွန်ခရိုင်၏ မှတ်တမ်းများအရ သိ ရသည်။

၎င်းအပြင် ‌ရွှေတူးကုမ္ပဏီများ ထပ်မံ၍ ‌ရွှေတူး‌ဖော်လိုသည့် မဲတိုး‌ချောင်းနှင့် မဲ‌ဝေ‌ချောင်းတစ်‌လျှောက်ရှိ ဝင်း‌မောင်းနှင့် မ‌လေး ‌ကျောက်‌ကျေးရွာအုပ်စုတွင် ရွာ‌ပေါင်း ၃ဝ ဝန်းကျင်ရှိသည်ဟု သိရသည်။

ပြီးခဲ့သည့် ‌မေလလဆန်းပိုင်းမှစ၍ ‌ရွှေတူး‌ဖော်‌ရေးလုပ်ငန်းကို ရပ်တန့်ထား‌သော်လည်း လက်ရှိအချိန်တွင် အင်အား ၂၀၀‌ကျော် ရှိ နယ်ခြား‌စောင့် အမှတ်(၁၀၁၃)တပ်ရင်းက လုံခြုံ‌ရေး တာဝန်ယူ‌ပေး‌နေသလို KNLA ၏ နယ်‌မြေခံ (၁၀၂)တပ်ရင်းလည်း ပုံမှန် လှုပ်ရှားလျှက်ရှိသည်။

၂၀၀၉ခုနှစ်၊ ‌အောက်တိုဘာလက ယခင် ဒီ‌ကေဘီ‌အေ (၉၉၉)တပ်မဟာ ဗျူဟာမှူး ဗိုလ်မှူးကြီး‌စောချစ်သူ ဦး‌ဆောင်သည့် အင် အား ၆၀ဝခန့်ရှိ တပ်မဟာ(၉၉၉)၊့ (၃၃၃)နှင့် (၆၆၆)လက်‌အောက်ခံ တပ်ရင်းများသည် ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ် မယ်က လယ့်‌လော်‌ချောင်းတွင် ‌ရွှေတူး‌ဖော်‌ရေး စက်ပစ္စည်းများ၊ ထရပ်ကားများနှင့် ‌ရောက်ရှိလာပြီး ကုမ္ပဏီအချို့နှင့်အတူ ‌ရွှေတူးလုပ် ငန်း စတင်လုပ်ကိုင်ခဲ့သည်။