Home ထိပ်တန်းသတင်း BGF တပ်ဖွဲ့ဝင် ၁၇ဦး ‌ကေအဲန်ယူထံ ထွက်‌ပြေး‌ရောက်ရှိလာ

BGF တပ်ဖွဲ့ဝင် ၁၇ဦး ‌ကေအဲန်ယူထံ ထွက်‌ပြေး‌ရောက်ရှိလာ

1537
ဒီဇင်ဘာလ ၆ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ် မြဝတီခရိုင်၊ ဖလူး‌ကျေးနယ်တွင် လှုပ်ရှားလျှက်ရှိ‌သော ကရင်နယ်ခြား‌စောင့်တပ်(BGF) တပ်ရင်း(၁၀၂၂)မှ တပ်ခွဲမှူးတဦး အပါအဝင် ၁၇ဦးသည် ဒီဇင်ဘာလ ၃ရက်‌နေ့က ‌ကေအဲန်ယူထံ ထွက်‌ပြေး‌ရောက်ရှိလာသည်ဟု သိရသည်။

ထို‌နေ့ည‌နေတွင် ဖလူး‌ကျေးရွာ အ‌ခြေစိုက် ဗိုလ်မှူး‌စောမုတ်သုန် ဦးစီးသည့် BGF (၁၀၂၂)တပ်ရင်းမှ တပ်ခွဲ(၁)မှူး ဗိုလ်ကြီး ‌စောသိန်းမြိုင် (‌ခေါ်) ဗိုလ်‌ခေါင်းဖြူ ဦး‌ဆောင်သည့်အဖွဲ့သည် စစ်အစိုးရ၏ နယ်ခြား‌စောင့်တပ်အဖြစ် ဆက်လက် လုပ်လိုစိတ် မရှိ‌တော့သဖြင့် မိမိတို့တပ်စခန်းမှ ထွက်‌ပြေးသွားခဲ့ပြီး ‌ကေအဲန်ယူတပ်ဖွဲ့ဝင်များနှင့် ချိတ်ဆက်ကာ ‌ရောက်ရှိလာခြင်းဖြစ် ‌ကြောင်း တပ်ခွဲမှူး ဗိုလ်ကြီး‌စောသိန်းမြိုင်က ‌ပြောသည်။

“ကျ‌နော်တို့ နယ်ခြား‌စောင့်တပ် လုပ်‌နေ‌ပေမယ့် စိတ်မှမပါတာ။ အဲဒါ‌ကြောင့် တ‌ယောက်နဲ့ တ‌ယောက်တိုင်ပင်ပြီး‌တော့ ည‌နေ ၆နာရီ‌ကျော်မှာ စခန်းက‌နေ ထွက်‌ပြေးခဲ့လိုက်တယ်။ ပြီးမှ ‌ကေအဲန်ယူနဲ့ ဆက်သွယ်လိုက်တာပါ။”ဟု ‌ပြောသည်။

ထွက်‌ပြေးခဲ့သည့် အဆိုပါ BGF တပ်ဖွဲ့ဝင်များထဲတွင် တပ်ခွဲမှူး၊ ဒုခွဲမှူး၊ ဒုဗိုလ်၊ ဒုအရာခံဗိုလ်၊ တပ်ကြပ်ကြီးနှင့် တပ်သား ၁၂ ဦးတို့ ပါရှိပြီး ၎င်းတို့၏ လက်နက် ၁၉လက်နှင့် ခဲယမ်းအချို့မှာ ‌ကေအဲန်ယူနှင့် မချိတ်ဆက်မိခင် လမ်းခုလတ်တွင် ရွာသားတစ် ဦး၏ ဖြား‌ယောင်းမှု‌ကြောင့် အ‌ကြောင်းမဲ့ ဆုံးရှုံးခဲ့ရသည်ဟု ဗိုလ်ကြီး‌စောသိန်းမြိုင်က ‌ပြောသည်။

သူက “ကျ‌နော်တို့ထွက်လာ‌တော့ လမ်းမှာ ရွာသားတ‌ယောက်နဲ့ဆုံတယ်။ သူက မင်းတို့‌တွေ အဲလိုထွက်‌ပြေးလာ‌တော့ လုံခြုံ ‌ရေး စိတ်မချရဘူးတဲ့။ ဒါ‌ကြောင့် လက်နက်‌တွေကို သူ တာဝန်ယူ‌ပေးမယ်ဆိုလို့ ကျ‌နော်တို့က ‌ပေးလိုက်မိတာ လူ‌ရော၊ လက် နက်ပါ မ‌တွေ့‌တော့ဘူး။”ဟု ဆိုသည်။

၎င်းတို့၏ ‌ပြောဆိုချက်အရ နယ်ခြား‌စောင့် တပ်ဖွဲ့ဝင်အများစုမှာ မိမိတို့၏ တပ်ရင်းနံပါတ်ကိုပင် မသိရှိဘဲ တပ်ရင်းမှူးအမည် ကိုသာ မှတ်သားထား‌ကြောင်း သိရသည်။

ယင်းသို့ ‌ကေအဲန်ယူထံသို့ ထွက်‌ပြေး‌ရောက်ရှိလာသည့် အဆိုပါ BGF တပ်ဖွဲ့ဝင်များကို ‌ကေအဲန်ယူမှ ‌ကောင်းမွန်စွာ ကြိုဆို လက်ခံခဲ့သည့်အပြင် လိုအပ်သည်များကိုလည်း ကူညီ‌ဆောင်ရွက်‌ပေးထား‌ကြောင်း ‌ကေအဲန်အယ်လ်‌အေ (၁၀၁) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး‌စော‌ဖောဒိုက ‌ပြောသည်။

တပ်ရင်းမှူး ဗိုလ်မှူး‌စောမုတ်သုန် ဦး‌ဆောင်သည့် BGF အမှတ်(၁၀၂၂)တပ်ရင်းသည် ယခင် ဒီ‌ကေဘီ‌အေအဖြစ် ရပ်တည်ခဲ့ စဉ်က ဗိုလ်မှူးချုပ်‌စောလားပွယ် ဦး‌ဆောင်သည့် ဒီ‌ကေဘီ‌အေ တပ်မဟာ(၅) လက်‌အောက်ခံ (၉၀၇)တပ်ရင်းဖြစ်သည်။