Home ထိပ်တန်းသတင်း မယ်လစခန်းတွင် ဆယ်‌ကျော်သက် အရွယ် မုဒိမ်းမှုတခု ဖြစ်ပွား

မယ်လစခန်းတွင် ဆယ်‌ကျော်သက် အရွယ် မုဒိမ်းမှုတခု ဖြစ်ပွား

2296
ဒီဇင်ဘာလ ၆ရက်။ (‌ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်းတွင် ယမန်‌နေ့က ဆယ်နှစ်အရွယ် မိန်းက‌လေးတစ်ဦးကို ဆယ်‌ကျော်သက်လူငယ်က ကျူးလွန်သည့် မုဒိမ်းမှုတခု ဖြစ်ပွားခဲ့‌ကြောင်း သိရသည်။

မယ်လစခန်း ဇုံဘီ၊ ရပ်ကွက်(၃)တွင် ‌နေထိုင်သူ အဆိုပါမိန်းက‌လေးကို ယမန်‌နေ့ မနက် ၉နာရီ‌ကျော်အချိန်တွင် စခန်းအပြင်နား တွင် ဟင်းသီးဟင်းရွက် ရှာ‌နေစဉ် ထိုရပ်ကွက်‌နေ အသက်(၁၄)နှစ်အရွယ် ‌ယောက်ျား‌လေးတစ်ဦးက အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည် ဟု ဇုံဘီ ကရင်အမျိုးသမီးအစည်းအရုံး (KWO)မှ တာဝန်ရှိသူတဦးက ‌ပြောသည်။

သူမက “က‌လေးမရဲ့ အ‌ဖေအ‌မေ‌တွေ ‌ပြောတာက က‌လေးမက သူ့ သူငယ်ချင်းတ‌ယောက်နဲ့အတူ ဇုံဘီရဲ့ ကားလမ်းမကြီးတဖက် မှာ ဟင်းသီးဟင်းရွက် ရှာ‌နေတဲ့အချိန်။ ‌ကောင်‌လေးက အဲဒီမှာ သူ့မိဘ ခြံလုပ်တယ်‌လေ။ အဲဒါ သူတို့‌တွေ့ကြ‌တော့ ‌ကောင်‌လေး က က‌လေးမရဲ့ သူငယ်ချင်းကို ပိုက်ဆံ‌ပေးပြီး မုန့်သွားဝယ်ခိုင်းလိုက်တယ်။ အဲဒီအချိန်မှာပဲ က‌လေးမကို အဓမ္မပြုကျင့်တာလို့ ‌ပြော တယ်။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

အခင်းဖြစ်ပွားပြီး‌နောက် ကျူးလွန်သူ ‌ယောက်ျား‌လေးကို စခန်းလုံခြုံ‌ရေးများက ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး ကျူးလွန်ခံရသူကို လက် ရှိအချိန်တွင် မဲ‌ဆောက်‌ဆေးရုံသို့ ပို့‌ဆောင်ကာ ‌ဆေးစစ်ချက်ခံယူ‌နေ‌ကြောင်း သိရသည်။

အဆိုပါ မိန်းက‌လေးသည် မယ်လစခန်းထဲတွင် တတိယတန်း ‌ကျောင်းသူ‌လေးအဖြစ် ပညာသင်ကြားလျှက်ရှိပြီး ယခုလို ဖြစ်ရသည့် အတွက် စိတ်ထိခိုက်ရ‌ကြောင်း သူမကို အုပ်ထိန်း‌နေသည့် အစ်မဖြစ်သူက ‌ကေအိုင်စီကို ‌ပြောသည်။

“ကျမညီမက က‌လေးစိတ်ပဲ ရှိ‌သေးတယ်။ ဘာအပျိုလူပျိုစိတ်မှ မရှိဘူး။ အိမ်မှာလည်း တူ၊ တူမ‌တွေကို ဝိုင်းကြည့်‌ပေးတယ်။ အဲဒီ ‌နေရာက အရင်က သူ သွား‌နေကျပဲ‌လေ။ မ‌နေ့က ‌ကျောင်းပိတ်လို့ သူငယ်ချင်းနဲ့ သွားတာ။ ဒီလိုကြုံရမယ်လို့ တခါမှ မထင်မိခဲ့ဘူး။ သူ့အတွက် အရမ်းကို စိတ်မ‌ကောင်းဖြစ်ရတယ်။”ဟု ‌ပြောသည်။

မယ်လစခန်း လူမှု‌ရေးတာဝန်ခံ ‌နော်‌ဒေး‌ဒေးဖိုးက “‌လော‌လောဆယ်‌တော့ ကျူးလွန်တဲ့ လူငယ်ကို ထွက်မ‌ပြေးရ‌အောင် စခန်းအ ချုပ်ခန်းမှာ ယာယီ ထိန်းသိမ်းထားတယ်။ ဒီလို ရာဇဝတ်မှု‌မြောက်တာဆိုရင် စခန်းအ‌နေနဲ့က ထိုင်းလက်ထဲကိုအပ်ပြီး ထိုင်းဥပ‌ဒေနဲ့ ပဲ ‌ဖြေရှင်း‌စေတယ်‌လေ။ အသက်မပြည့်‌သေး‌ပေမဲ့လည်း မုဒိမ်းမှု၊ လူသတ်မှု ကျူးလွန်သူ‌တွေလည်း ရှိ‌နေ‌တော့ ထိုင်းနိုင်ငံရဲ့ က‌လေးဥပ‌ဒေနဲ့ သူတို့ ‌ဖြေရှင်းသွားမှာပဲ‌လေ။ ဒါ‌ပေမဲ့ ရာဇဝတ်မှုတစ်ခုရဲ့ ဖြစ်ပျက်ပုံကို‌တော့ စခန်းစည်းကမ်းအရ ‌ပြောဆိုပိုင်ခွင့် မရှိဘူး။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

စခန်းအတွင်း ကျန်းမာ‌ရေးပညာ‌ပေးလုပ်ငန်း လုပ်‌ဆောင်‌နေသည့် IRC လက်‌အောက်မှ GBV-Gender Base Violence အဖွဲ့က လည်း ၎င်းတို့ပညာ‌ပေး‌နေသည့်ကြားမှ ယခုလို အသက်မပြည့်လူငယ်များအကြား မုဒိမ်းမှုများ ဖြစ်ပွား‌နေရသည့် အ‌ကြောင်းရင်းကို စစ်တမ်း‌ကောက်ခံမှုများ လုပ်‌ဆောင်လျှက်ရှိသည်ဟု သိရသည်။

လူဦး‌ရေ ငါး‌သောင်းခန့် ‌နေထိုင်သည့် မယ်လဒုက္ခသည်စခန်းတွင် အလားတူ မုဒိမ်းမှုမျိုးအပြင် ခိုးမှု၊ မူးယစ်‌ဆေးဝါး ‌ရောင်းဝယ်မှု များလည်း ယခင်က မကြာခဏ ဖြစ်ပွားခဲ့သည်။