Home ထိပ်တန်းသတင်း နအဖ ရိက္ခာသယ်ယူ‌နေသည့် သစ်တံတားငယ် ၇စင်းကို ‌ကေအဲန်ယူ မီးရှို့ခဲ့

နအဖ ရိက္ခာသယ်ယူ‌နေသည့် သစ်တံတားငယ် ၇စင်းကို ‌ကေအဲန်ယူ မီးရှို့ခဲ့

1765
ဒီဇင်ဘာလ ၇ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဖာပွန်မြို့နှင့် ကမ‌မောင်းရွာအကြားရှိ နအဖတပ်များ ရိက္ခာသယ်ယူ‌နေသည့် သစ်သားတံတားငယ် ၇စင်းကို နယ်‌မြေခံ ကရင်အမျိုးသားလွတ်‌မြောက်တပ်ဖွဲ့(KNLA)တပ်များက နိုဝင်ဘာလဆန်းပိုင်းက မီးရှို့ဖျက်ဆီးလိုက်သည်ဟု သိရ သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂ရက်‌နေ့မှစ၍ အဆိုပါ တံတားငယ် ၇စင်းကို မီးရှို့ခဲ့ခြင်းဖြစ်ပြီး ဟိ‌နော‌လော်၊ နိုခဲ‌လော်၊ ထွိသီးအု‌လော်၊ ခုလာ့‌လော်၊ ခွချိ‌လော်၊ ‌ခေါ‌လော်ကလိုး၊ ‌မော‌မော‌လော်တံတားတို့ ဖြစ်သည်ဟု ဖာပွန်ခရိုင် တပ်မဟာ(၅) KNLA ရုံးထိုင်မှူး ဗိုလ်မှူး‌စောကလယ်ဒို့က ‌ကေအိုင်စီကို ယခုလို ‌ပြောသည်။

သူက “ကျ‌နော်တို့ဖျက်တဲ့ တံတား‌တွေက ဖာပွန်နှင့် ကမ‌မောင်းရွာကြားမှာရှိတဲ့ ကတဲတိ(ကတိုင်တိ)ရွာ‌အောက်က တံတား ၂စင်း၊ ကတိုင်တိရွာအထက်က ၄စင်း၊ မာ့‌ထောင်းနဲ့ ကူးဆိပ်ရွာကြားက ၁စင်း‌ပေါ့‌နော်။ ကျ‌နော်တို့ ဒီလိုဖျက်ရတာလည်း ဒီလို မျိုး ‌ဆောင်းတွင်း စပါးရိတ်သိမ်းချိန်မှာ နအဖ တပ်‌တွေ တက်လာပြီး အဲဒီမှာရှိတဲ့ ‌တောင်ယာနဲ့ လယ်ယာစပါးခင်း‌တွေကို မီးရှို့ ဖျက်ဆီးတာ ရှိတယ်။ ‌နောက် သူတို့ လိုအပ်တဲ့ ရိက္ခာ‌တွေ ဒီလမ်း‌ကြောင်းက‌နေပဲ သုံးတယ်‌လေ။ ဒါ‌ကြောင့် ကျ‌နော် ဖျက်ပစ်ရ တာပါ။”ဟု ‌ပြောသည်။

အဆိုပါနယ်‌မြေရှိ ‌ဒေသခံ ရွာသားတဦးကလည်း “‌ကော်သူး‌လေ(KNLA)တပ်‌တွေ ဒီလို တံတား‌တွေ ဖျက်ပစ်တာ ကျ‌နော်တို့ ‌တော့ ဘာမှကန့်ကွက်စရာ အ‌ကြောင်းမရှိဘူး။ အရင်နှစ်‌တွေတုန်းကဆိုရင် ကျ‌နော်တို့ လယ်စပါးခင်း၊ ‌တောင်ယာစပါးခင်း‌တွေ ကို သူတို့(နအဖစစ်တပ်)လာပြီး မီးရှို့တာ လုပ်‌နေကျပဲဟာ။”ဟု ‌ပြောသည်။

လက်ရှိအချိန်တွင် မီးရှို့ခံရ‌သော တံတားအချို့ကို ပြန်လည်ပြုပြင်ရန်အတွက် အချို့‌ကျေးရွာများမှ ရွာသူရွာသားများကို နအဖ လှုပ်ရှားတပ်များက သစ်ခုတ်၊ သစ်ဖြတ် စသည့်လုပ်ငန်းများတွင် လုပ်အား‌ပေးများ ‌ခေါ်ယူခိုင်း‌စေလျှက်ရှိ‌ကြောင်း သိရသည်။

တံတားဖျက်ဆီးခံ‌သော နယ်‌မြေတွင် ‌ဝေါ့သမို၊ သာ့‌အော့ပ‌လေ၊ ပဟိကလား၊ ဝါ့သိုးခို့၊ ‌မော‌လော်ကလိုး၊ ‌ဘောကျို့ထာ့၊ ကတဲ ‌တေ့(ကတိုင်တိ)၊ ‌တောသူးကလား၊ ဖားလိုး၊ ထီးက‌ချောမဲ၊ ထွိသီးအုထာ့၊ မာ့‌ထောင်း၊ ကူးဆိပ်၊ ‌ဝေဆာ၊ ‌ဝေမို၊ တံခွန်တိုင် စသည့်ရွာများရှိပြီး လက်ရှိ ထို‌ဒေသတွင် အင်အား တ‌ထောင်‌ကျော်ရှိ နအဖ စကခ(၄) လက်‌အောက်ခံ ဖြစ်သည့် ခမရ(၇၀၂)၊ (၇၀၃)၊ (၇၀၇)၊ ခလရ(၉၆)နှင့် KNLA (၁၀၂)တပ်ရင်းတို့ လှုပ်ရှားလျှက်ရှိသည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၀၉ခုနှစ် စက်တင်ဘာလကလည်း ‌ကေအဲန်ယူက ကမ‌မောင်းနှင့် ဖာပွန်မြို့ သွားလာသည့်လမ်းများကို ပိတ်ဆို့ ထားပြီး တံတားအချို့ကိုလည်း ဖျက်ဆီးကာ နအဖ စစ်တပ်များ၏ ရိက္ခာသယ်ယူ‌ရေးလမ်း‌ကြောင်းကို ဟန့်တားခဲ့‌သေးသည်။