Home ထိပ်တန်းသတင်း ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ ၁၁ဦး လာ‌ရောက်လက်နက်ချဟု နအဖ သတင်း‌ဖော်ပြ

ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ ၁၁ဦး လာ‌ရောက်လက်နက်ချဟု နအဖ သတင်း‌ဖော်ပြ

1945
ဒီဇင်ဘာလ ၂၈ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ဗိုလ်မှူးချုပ် ‌စောထင်‌မောင်ဦးစီးသည့် KNU/KNLA တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၁၁ဦးသည် ပြီးခဲ့သည့် တနဂင်္‌နေ့က နအဖ စစ်အုပ်စုထံ သို့ သွား‌ရောက် လက်နက်အပ်နှံခဲ့သည်ဟု ယ‌နေ့ထုတ် စစ်အစိုးရ၏ ‌ကြေးမုံသတင်းစာတွင် ‌ဖော်ပြထားသည်။

KNU/KNLA ငြိမ်းချမ်း‌ရေး‌ကောင်စီမှ ‌စော‌ကျော်‌ကျော်ထက်ဦးစီးသည့် အင်အား ၁၁ဦးသည် ကာဘိုင် ၂လက်၊ ၉-မမ ပစ္စတို ၁ လက်၊ ကိုးလုံးကျည် ‌သေနတ်ရှည် ၁လက်၊ ကိုးလုံးကျည် ‌သေနတ်တို ၁လက်၊ လက်ပစ်ဗုံး ၁လုံး၊ ကျည်အိမ်မျိုးစုံ ၃ခု၊ ကျည် မျိုးစုံ ၂၉‌တောင့်၊ လမ်း‌လျှောက်စကား‌ပြောစက် ၃လုံးနှင့်အတူ အ‌ရှေ့‌တောင်တိုင်း စစ်ဌာနချုပ် နယ်‌မြေအတွင်းသို့ ဒီဇင်ဘာလ ၂၆ရက်‌နေ့တွင် လက်နက်အပ်နှံခဲ့သည်ဟု ‌ကြေးမုံသတင်းစာတွင် ‌ဖော်ပြပါရှိသည်။

သို့‌သော် ထိုသတင်း‌ဖော်ပြချက်မှာ နအဖ စစ်အစိုးရ၏ လိမ်လည်‌ဖော်ပြခြင်းသာဖြစ်ပြီး ‌စော‌ကျော်‌ကျော်ထက် ဆိုသူသည် ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီအဖွဲ့ဝင်တဦး မဟုတ်‌ကြောင်း ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ၏ ‌ပြော‌ရေးဆိုခွင့်ရှိသူ ‌ဒေါက်တာ‌စောတီ မ‌သေက ယခုလို ‌ကေအိုင်စီကို တုန့်ပြန်‌ပြောကြားသည်။

၎င်းက“ကျ‌နော်တို့လူ‌တွေ တ‌ယောက်မှ လက်နက်သွားအပ်တာ မရှိပါဘူး။ ‌စော‌ကျော်‌ကျော်ထက် ဆိုတာကလည်း အရင်က ဒီ‌ကေဘီ‌အေ တပ်ဖွဲ့ဝင်တဦးဖြစ်တယ်။ သူတို့(နအဖ)ဆီကို အရင်က လက်နက်တခါ သွားအပ်လိုက်ပြီးပြီ။ အရပ်သားတဦးအ ‌နေနဲ့ပဲ ပြန်‌နေတဲ့လူတ‌ယောက်ဖြစ်တယ်။ ဒါဟာ နအဖ လုပ်ဇာတ်ထွင်လိုက်တာပဲ။”ဟု ‌ပြောသည်။

နအဖစစ်အစိုးရက ယခုလို သတင်းထုတ်ပြန်‌ရေးသားခြင်းသည် KNU/ KNLA ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီအဖွဲ့၏ နာမည်ကို ဖျက်ချင်‌သော‌ကြောင့် တမက်သက်သက် လုပ်‌ဆောင်လုပ်ခြင်းဖြစ်သလို မမှန်ကန်သည့် စစ်အစိုးရ၏ ဝါဒဖြန့်လုပ်ရပ်တခုသာ ဖြစ်‌ကြောင်း ‌စောတီမသီက ‌ဝေဖန်‌ထောက်ပြလိုက်သည်။

‌စော‌ကျော်‌ကျော်ထက်ဦးစီးသည့် ၎င်းငြိမ်းချမ်း‌ရေး‌ကောင်စီ အဖွဲ့ဝင် ၁၁ဦးသည် မည်သည့်‌နေရာတွင် အ‌ခြေချလှုပ်ရှားပြီး မည် သည့်တပ်ရင်း၊ တပ်ခွဲမှ တပ်ဖွဲ့ဝင်များဖြစ်‌ကြောင်း နအဖသတင်းစာက အ‌သေးစိတ် ‌ဖော်ပြခြင်း မရှိ‌ပေ။

ထို့အပြင် ဒီဇင်ဘာလ ၂၂ရက်‌နေ့ကလည်း ကရင်ပြည်နယ် သံ‌တောင်မြို့နယ် ‌ဘောဂလိကြီးမြို့နယ်ခွဲ ‌မောင်းတိုင်ကြီး‌ကျေးရွာ မှ ယာဉ်‌မောင်း ဦး‌အောင်‌အောင် ‌မောင်းနှင်လာ‌သော ယာဉ်တစီး မိုင်းတလုံးနင်းမိ၍ ယာဉ်‌မောင်းသူနှင့် ယာဉ်‌နောက်လိုက် ၃ဦးတို့ ထိခိုက်ဒဏ်ရာရခဲ့ပြီး အလားတူ ဒီဇင်ဘာ ၂၄ရက်‌နေ့တွင်လည်း ပဲခူးတိုင်း ‌ရွှေကျင်မြို့ အ‌ရှေ့‌တောင်ဘက် ၁ဝမိုင်ခန့် တွင် အရပ်သား ၂ဦး မိုင်းနင်းမိ၍ တဦး‌သေဆုံးခဲ့သည်မှာလည်း ‌ကေအဲန်ယူမှ ‌ထောင်ထားသည့် မိုင်းဗုံးများ‌ကြောင့်ဖြစ်‌ကြောင်း ‌ကြေးမုံသတင်းစာတွင် ‌ဖော်ပြခဲ့သည်။

ထို့‌ကော်ကိုး‌ကျေးရွာ အ‌ခြေစိုက် KNU/KNLA ငြိမ်းချမ်း‌ရေး‌ကောင်စီသည် ယခင် ‌ကေအဲန်ယူ တပ်မဟာ(၇)မှူး‌ဟောင်း ဗိုလ်မှူး ချုပ်‌စောထင်‌မောင် ဦးစီးကာ ၂၀၀၇ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလတွင် နအဖစစ်အစိုးရနှင့် ငြိမ်းချမ်း‌ရေးယူခဲ့‌သော်လည်း နယ်ခြား‌စောင့် တပ် အသွင်‌ပြောင်းဖွဲ့စည်း‌ရေးကို ငြင်းဆန်ထားသည့် အပစ်ရပ်တဖွဲ့ဖြစ်သည်။

၎င်းအပြင် စစ်အစိုးရနှင့် ၃နှစ်‌ကျော်ကြာ ငြိမ်းချမ်း‌ရေးယူခဲ့သည့် ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီအဖွဲ့၏ အဖွဲ့ဝင် ၇ဦးကို ပြီးခဲ့သည့် နိုဝင်ဘာ ၃ဝရက်‌နေ့က မြဝတီခရိုင်၊ ဖလူး‌ကျေးနယ်တွင် နအဖတပ်ဖွဲ့ဝင်များက ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။