Home ထိပ်တန်းသတင်း နိုင်ငံတကာ‌ရောက် ကရင်အချို့ ကရင်နှစ်သစ်ကူးပွဲ‌တော် ကျင်းပပြီးစီး

နိုင်ငံတကာ‌ရောက် ကရင်အချို့ ကရင်နှစ်သစ်ကူးပွဲ‌တော် ကျင်းပပြီးစီး

2003
ဇန်နဝါရီလ ၃ရက်။ နန်းထူးစံ (‌ကေအိုင်စီ)

ဇန်နဝါရီလ ၅ရက်‌နေ့တွင် ကျ‌ရောက်မည့် ကရင်သက္ကရာဇ် ၂၇၅ဝခုနှစ်၊ ကရင်နှစ်သစ်ကူး‌နေ့ပွဲ‌တော်ကို နိုင်ငံတကာ‌ရောက် ကရင်လူမျိုးအချို့က ကြိုတင်ကျင်းပပြီးစီးခဲ့ပြီဖြစ်‌ကြောင်း သိရသည်။

အ‌မေရိကန်နိုင်ငံ မင်နီစိုးတားပြည်နယ်၊ ဆစ်‌ပေါလ်(St.Paul)မြို့တွင် ‌ရောက်ရှိ‌နေထိုင်သည့် ကရင်များက ယမန်‌နေ့ (တနဂင်္ ‌နွေ)‌နေ့တွင် ကရင်နှစ်သစ်ကူးပွဲ‌တော်ကို ကျင်းပပြုလုပ်ခဲ့ရာ ကရင်လူထု ရာနှင့်ချီ၍ တက်‌ရောက်ခဲ့သည်ဟု သိရသည်။

ထို‌နေ့သည် ကရင်လဖြစ်သည့် သ‌လေလဆန်း ၁ရက်‌နေ့၊ ကရင်နှစ်သစ်ကူး‌နေ့ဖြစ်‌သော်လည်း နိုင်ငံတကာသို့ ‌ရောက်ရှိ‌နေ သည့် ကရင်လူမှုအသိုင်းအဝိုင်းများက ၎င်းတို့‌ရောက်ရှိရာ နိုင်ငံ၏ အားလပ်ရက်များတွင်သာ နှစ်သစ်ကူးပွဲ‌တော်ကို ကြိုတင် ကျင်းပ‌လေ့ရှိသည်။

(‌စောမူ့လျား‌ဖောင်မှ ရိုးရာ‌စောင်းတီးခတ်‌နေစဉ်)

အလားတူ ဒီဇင်ဘာလ ၂၆ရက်‌နေ့က ထိုင်းနိုင်ငံ ဘန်‌ကောက်မြို့ရှိ Sacred Heart Convent School ‌ခေါင်တိန်ဘုရားရှိခိုး ‌ကျောင်းတွင် Oversea Karen Relieve Social Organization (OKRSO) မှ ဦးစီးကျင်းပသည့် ကရင်နှစ်သစ်ကူးပွဲ‌တော်သို့ နာမည်ကြီး ပိုးကရင်အဆို‌တော်များဖြစ်သည့် ‌ကျော်လိုက်သိန့်၊ နန်းသိန်းလား‌ဘောင်နှင့် နန်းမူးထွန့်အွာတို့ အပါအဝင် ဧည့်ပရိ ဿတ်‌ပေါင်း ၅၀၀‌ကျော် တက်‌ရောက်ခဲ့သည်ဟု OKRSO အတွင်း‌ရေးမှူး နန်း‌ဖောင်အွာက ‌ပြောသည်။

“ဘန်‌ကောက်မှာလုပ်တဲ့ ကရင်နှစ်သစ်ကူးပွဲက အဆို‌တော် ‌ကျော်လိုက်သိန့်က ဖီ့ဘူး‌ယော်ရွတ်ဆို‌ပေးတယ်။ ဒီပွဲမှာ ပရိဿတ် ၅၀၀‌ကျော်တက်‌ရောက်တယ်။ ‌နောက်ပြီး OKRSO က လူငယ်‌ကျောင်းသားဒုံးအဖွဲ့နဲ့ ပြည်ပ‌ရောက် ကရင်စာ‌ပေနဲ့ ယဉ်‌ကျေးမှု ဒုံးအဖွဲ့‌တွေအပြင် အုပ်စုလိုက်‌ရော၊ တစ်ကိုယ်‌တော် သီဆို‌ဖျော်‌ဖြေမှု‌တွေလည်း တင်ဆက်ခဲ့ကြတယ်‌လေ။ ‌နောက်ပြီး ပြည်ပ ‌ရောက် ‌စောမူ့လျား‌ဖောင်က ကရင့်ရိုးရာ ‌စောင်းတူရိယာတီးခတ်မှုနဲ့ တင်ဆက်ခဲ့တယ်။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ထိုင်း-မြန်မာနယ်စပ်မှ ကရင်ဒုက္ခသည် ၂၀ဝနီးပါးရှိသည့် ‌နော်‌ဝေနိုင်ငံ‌မြောက်ပိုင်းရှိ ကရင်လူမှုအဖွဲ့(NNKC)ကလည်း (၂၇၅၀) နှစ် ကရင့်နှစ်သစ်ကူးပွဲ‌တော် အခမ်းအနားကို ၂၀၁ဝခုနှစ်၊ ဒီဇင်ဘာလ ၃ဝရက်‌နေ့က ‌နော်‌ဝေနိုင်ငံ ဟာစတပ်(Harstad)မြို့ရှိ မဲ့ရှီလာဘုရား‌ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။

၎င်းအခမ်းအနားကို ရိုးရာကျွဲချိုမှုတ်ခြင်းဖြင့် ဖွင့်လှစ်ခဲ့ပြီး ကရင်အမျိုးသားအလံ‌တော်ကို အ‌လေးပြုခြင်း၊ ကရင်အမျိုးသားအ စည်းအရုံး ဥက္ကဌ၏ မိန့်ခွန်းကို ဖတ်ကြားခြင်း၊ နှစ်သစ်ကူးဖြစ်‌ပေါ်လာပုံ၊ ကရင့်သမိုင်း‌ကြောင်းနှင့် လက်ရှိကရင်လူမျိုးများ၏ အ‌ခြေအ‌နေများကို ရှင်းလင်း‌ဟော‌ပြောခြင်း၊ သက်ကြီးရွယ်အိုများကို ရို‌သေဂါရဝပြုခြင်းအပြင် တက်‌ရောက်လာသည့် ဧည့်ပရိ ဿတ်များကို ကရင်ရိုးရာ ဒုံးယိမ်းအကနှင့် ရိုးရာတူရိယာ အတီးအမှုတ်၊ သီဆိုမှုများဖြင့် ‌ဖျော်‌ဖြေခဲ့ကြသည်။

(ဘန်‌ကောက်မြို့တွင် ကျင်းပသည့် ကရင်နှစ်သစ်ကူးပွဲ‌တော်)

ဒီဇင်ဘာလ ၃ဝရက်‌နေ့တွင် ဒိန်းမတ်နိုင်ငံ‌ရောက် ကရင်အမျိုးသားများသည် ယခုနှစ် ကျ‌ရောက်လာသည့် ကရင်နှစ်သစ် ကူးပွဲ‌တော်အခမ်းအနားကို ကျင်းပပြုခဲ့‌ကြောင်း သိရသည်။