Home ထိပ်တန်းသတင်း အကျဉ်းသား‌ပေါ်တာ ၄ဦး ထပ်မံ လွတ်‌မြောက်လာ

အကျဉ်းသား‌ပေါ်တာ ၄ဦး ထပ်မံ လွတ်‌မြောက်လာ

1440
ဇန်နဝါရီလ ၁၄ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်ပြည်နယ် KNU တပ်မဟာ(၇)အတွင်း ဝင်‌ရောက်လှုပ်ရှားလာသည့် နအဖ တပ်မ(၂၂) တပ်ဖွဲ့စစ်‌ကြောင်းများ နှင့်အတူ လိုက်ပါရသည့် အကျဉ်းသား‌ပေါ်တာ ၄ဦးသည် ယ‌နေ့တွင် နယ်‌မြေခံ ကရင်အမျိုးသား လွတ်‌မြောက်‌ရေးတပ်ဖွဲ့(KNLA)ထံသို့ ထပ်မံ ထွက်‌ပြေး‌ရောက်ရှိလာသည်ဟု သိရှိရသည်။

ဇန်နဝါရီလ ၄ရက်‌နေ့မှ ၁၁ရက်‌နေ့အတွင်း နအဖ တပ်မ(၂၂)မှ အကျဉ်းသား ‌ပေါ်တာ ၅ဦး ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ်မဟာ(၇)လက်‌အောက်ခံ KNLA ထံတွင် ထွက်‌ပြေး‌ရောက်ရှိလာခဲ့သလို ယ‌နေ့တွင် အကျဉ်းသား‌ပေါ်တာ ၄ဦး ထပ်မံ ‌ရောက် ရှိလာခြင်း ဖြစ်သည်။

ယခု ထွက်‌ပြေးလွတ်‌မြောက်လာသည့် အကျဉ်းသား ၄ဦးမှာ ကရင်ပြည်နယ်၊ ‌တောင်က‌လေး‌ထောင်မှ ‌စောစိန်‌အေး ၃၉နှစ်၊ ဘိုဘို ‌ဇော် ၂၃နှစ်၊ မင်းမင်းစိုး ၂၄နှစ်နှင့် ပဲခူးတိုင်း ယာသာဝတီ‌ထောင်မှ အသက် ၄၅နှစ်အရွယ် ‌အေးလွင်တို့ ဖြစ်ပြီး ၎င်းတို့သည် နအဖ တပ်မ(၂၂)လက်‌အောက်ခံ ခလရ(၂၀၁)တပ်ရင်း‌နောက်ကို ဝန်ထမ်းအဖြစ် KNU တပ်မဟာ(၇)နယ်‌မြေတွင် ယခုလဆန်းပိုင်းက ‌ရောက်ရှိလာခဲ့ရာမှ ယခုလို ထွက်‌ပြေးလွတ်‌မြောက်လာခြင်းဖြစ်‌ကြောင်း ‌တောင်က‌လေး‌ထောင်မှ ‌စောစိန်‌အေးက ‌ပြောသည်။

“ဒီ‌ရှေ့တန်းကို ‌ပေါ်တာလာထမ်းရတာ ‌တောင်က‌လေး‌ထောင်က အကျဉ်းသား ၁၀ဝ ပါတယ်။ အခု ထွက်‌ပြေးတာက သုံး‌ယောက် ‌ပေါ့‌နော်။ ကျန်တ‌ယောက်က‌တော့ တ‌ယောက်ပဲ ထွက်‌ပြေးလာတာ။ ကျ‌နော်က လှိုင်းဘွဲမြို့နယ်က တ‌ကောရွာကပါ။ ဘာအမှု၊ အပြစ်မှ မရှိဘဲ ‌ထောင်ကျတာ။ ၂၀၁၀၊ ဆယ်လပိုင်းတုန်းက ရာဘာခြံတခုမှာ မြက်ရှင်းရင်း ဗိုလ်ဘသိန်း ဦး‌ဆောင်တဲ့ BGF တပ် ဖွဲ့က ကျ‌နော့်ကိုဖမ်းပြီး စစ်တပ် လက်ထဲအပ်လိုက်‌တော့ ‌တောင်က‌လေး‌ထောင်ကို အပို့ခံရတာပဲ။ ‌ထောင်မှာ ၁လနဲ့ ၆ရက်အ ကြာမှာ ‌ပေါ်တာအဖြစ် ‌ရှေ့တန်းနယ်‌မြေကို အပို့ခံရပြီး အခု ဒီလိုထွက်‌ပြေးလာတာပဲ။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

နအဖ စစ်‌ကြောင်း‌နောက်ကို လိုက်ပါခဲ့ရစဉ် စစ်သားများ၏ ထိုးကြိတ်ရိုက်နှက်ခြင်းခံရသည့်အပြင် မိုင်းနင်းမိသည့် အကျဉ်းသား များရှိသလို တိုက်ပွဲအတွင်း ဒဏ်ရာရသူများလည်း ရှိသည်ဟု ထွက်‌ပြေးလွတ်‌မြောက်လာသူ မင်းမင်းစိုးက ‌ပြောသည်။

မင်းမင်းစိုးကလည်း “သူတို့ (နအဖ)‌နောက်လိုက်ရင် သူတို့ခိုင်းသမျှ လုပ်ရတဲ့အပြင် ထိုးကြိတ်ကန်တာ၊ ‌သေနတ်ဒင်နဲ့ အထုခံရ တာ ရှိတယ်။ ကျ‌နော်‌တော့ အဲလိုခံရတာ မရှိဘူး။ ဒီလ ၉ရက်က ကျ‌နော်တို့နဲ့ ပါလာတဲ့ ‌ပေါ်တာတ‌ယောက် ‌မြေမြှုပ်မိုင်း နင်းမိ ‌တော့ သူ့ကို ‌ဆေးတိုက်‌ကျွေးတာ‌တော့ ‌တွေ့တယ်။ အဲလို မိုင်းအပြင် ‌သေနတ်ဒဏ်ရာရတဲ့သူ‌တွေ ရှိတယ်။ ဒဏ်ရာရတဲ့သူ‌တွေ ကို နအဖတပ် ခမရ(၉၁၃)စခန်းမှာ ပို့တယ်လို့ ကြားတယ်။ ဘယ်မှာလဲ‌တော့ မသိဘူး။” ဟု ‌ပြောသည်။

‌ရှေ့တန်းအထမ်းသမားအဖြစ် နအဖ အသုံးပြုသည့် အကျဉ်းသားများသည် လူသတ်မှု၊ လူရိုက်မှု၊ ‌မှောင်ရိပ်ခိုမှု၊ နှစ်လုံးထီ‌ရောင်းမှု စသည့် ပြစ်မှုကျူးလွန်ထားကာ ‌ထောင်ကျ‌နေသူများ ဖြစ်ကြပြီး နိုင်ငံ‌ရေးအကျဉ်းသားများ ပါဝင်ခြင်းမရှိ‌ကြောင်း သိရသည်။

ထွက်‌ပြေး‌ရောက်ရှိလာသည့် နအဖ တပ်၏ အကျဉ်းသား‌ပေါ်တာများပတ်သက်၍ KNLA တပ်မဟာ (၇) ဒုရုံးထိုင်မှူး ဗိုလ်ကြီး‌စော မျိုးမင်းသူက “သူတို့(‌ပေါ်တာ)‌တွေ ကျ‌နော်တို့ဆီ ထွက်‌ပြေး‌ရောက်ရှိလာတယ်ဆို‌တော့ ဆန္ဒရှိရာကို သွားနိုင်ဖို့ အ‌ကောင်းဆုံး ‌တော့ ကူညီ‌ပေးတာပါပဲ။ ‌နောက်ထွက်‌ပြေးလာအုံးမဲ့ ‌ပေါ်တာ‌တွေ အများကြီး ရှိအုံးမှာပဲ။”ဟု ဆိုသည်။

လက်ရှိ KNU တပ်မဟာ(၇)နယ်‌မြေတွင် နအဖ စစ်တပ် တပ်မ(၂၂)လက်‌အောက်ခံ ခလရ(၂၀၁)၊ (၂၀၂)၊ (၂၀၄)၊ (၂၀၅)၊ (၂၀၉) တပ်ရင်းများနှင့် နဂိုရှိထား‌သော စကခ(၁၉)လက်‌အောက်ခံ တပ်ရင်း ၄ရင်းနှင့် တိုင်းတပ်ရင်း တရင်းတို့ လှုပ်ရှားလျှက်ရှိသည်ဟု နယ်‌မြေခံ KNLA တပ်ရင်းများ၏ ‌ပြောပြချက်အရ သိရသည်။