Home ထိပ်တန်းသတင်း ဗစ်တိုးရီးယားပြည်နယ် Nhill ‌ဒေသတွင် ပထမဆုံးအကြိမ် ကရင်နှစ်သစ်ကူးပွဲ‌တော် ကျင်းပ

ဗစ်တိုးရီးယားပြည်နယ် Nhill ‌ဒေသတွင် ပထမဆုံးအကြိမ် ကရင်နှစ်သစ်ကူးပွဲ‌တော် ကျင်းပ

1533
ဇန်နဝါရီလ ၁၅။ ‌စော‌ကျော်ခွီး (‌ကေအိုင်စီ)

ကရင်မိသားစု (၈)စုသာ ‌ရောက်ရှိ‌နေထိုင်သည့် ဩစ‌တြေးလျားနိုင်ငံ၊ ဗစ်တိုးရီးယားပြည်နယ်ရှိ Nhill ‌ဒေသတွင် ၂၇၅ဝနှစ် ‌မြောက် ကရင်နှစ်သစ်ကူး‌နေ့ ပွဲ‌တော်အခမ်းအနားကို ပထမဆုံးအကြိမ်အဖြစ် ယ‌နေ့နံနက် (၁၁)နာရီခွဲမှ ည‌နေ(၄)နာရီ အထိ ကျင်းပပြုလုပ်ခဲ့သည်။

ကရင်အမျိုးသားအဖွဲ့အစည်း(AKO) ဗစ်တိုးရီးယားဌာနခွဲ၏ ကူညီပံ့ပိုးမှုဖြင့် ပြုလုပ်သည့် ၎င်းနှစ်သစ်ကူး အခမ်းအနားတွင် Nhill ‌ဒေသရှိ ကရင်မိသားစုများနှင့်အတူ အက်ဒိလိတ်နှင့် မဲလ်ဘုမ်းမှ ကရင်များ၊ နိုင်ငံခြားသားများ၊ ‌ကျောင်းဆရာ၊ ဆရာမ များ၊ မြို့‌တော်ဝန်နှင့် ဖိတ်ကြားထား‌သော ဧည့်သည်များ စုစု‌ပေါင်း (၃၀၀)‌ကျော် တက်‌ရောက်လာခဲ့‌ကြောင်း သိရှိရသည်။

အခမ်းအနားကို ပိုးကရင်သီချင်းနှင့် စတင်ဖွင့်လှစ်ပြီး အဖွင့်မိန့်ခွန်းတွင် မဲလ်ဘုမ်းမြို့‌တော်ဝန် မစ္စတာကလစ်ရွန်ကက “ဒီ‌ဒေသမှာ ကရင်နှစ်သစ်ကူးပွဲ‌တော် ဖြစ်‌မြောက်‌အောင် ကြိုးစား‌ဆောင်ရွက်ကြတဲ့ Nhill ‌ဒေသက နှစ်သစ်ကူးဖြစ်‌မြောက် ‌ရေး‌ကော်မတီမှ ‌စော‌ကော်တုနဲ့ လာ‌ရောက်ပံ့ပိုးကူညီ‌ပေးကြ‌သော ဩစ‌တြေးလျား ကရင်အဖွဲ့အစည်း မဲလ်ဘုမ်းဌာနခွဲမှ ကရင်လူမျိုး‌တွေကို ‌ကျေးဇူးတင်ပါတယ်။ ကရင်ပြည်သူများအတွက် တတ်နိုင်တဲ့အကူအညီ‌တွေကို ‌ပေးသွားမှာပါ။”ဟု ‌ပြော သည်။

ဩစ‌တြေးလျား ကရင်အမျိုးသားအဖွဲ့အစည်း မဲလ်ဘုမ်းဌာနခွဲမှ နန်းသူက “ကရင်လူမျိုး‌တွေဟာ ဘယ်‌နေရာပဲ‌ရောက် ‌ရောက် မိမိတို့ရဲ့ ‌နေ့ထူး‌နေ့မြတ်ဖြစ်တဲ့ ကရင်နှစ်သစ်ကူး‌နေ့ကို စဉ်ဆက်မပြတ် ကျင်းပရမယ်။ မိမိရိုးရာ၊ စာ‌ပေ၊ ယဉ်‌ကျေးမှု ဓ‌လေ့ထုံးစံ‌တွေကို ‌လေးစားလိုက်နာပြီး တန်ဖိုးထား ချစ်ခင်ရမယ်။ လူကြီးမှ လူငယ်သို့ ကရင့်ဘိုးဘွားအ‌မွေအနှစ်‌တွေ ပိုမို သိရှိလာ‌အောင် လက်ဆင့်ကမ်း တာဝန်‌တွေ‌ပေးပြီး မိမိအမျိုးသားအကျိုးစီးပွား၊ လူမျိုးများ လူတန်း‌စေ့‌ရေး‌တွေအတွက် ဝိုင်း ဝန်းပံ့ပိုးကူညီကြရမယ်။”ဟု ‌ပြောကြားသွားခဲ့သည်။

အခမ်းအနားတွင် ကရင့်ယဉ်‌ကျေးမှု ရိုးရာဒုံးယိမ်းအကများနှင့် ‌ဖျော်‌ဖြေခြင်း၊ ကရင့်ရိုးရာအစားအစာများနှင့် ဧည့်ခံ‌ကျွေး‌မွေး ခြင်းအပြင် ည‌နေပိုင်းတွင် လူငယ်များက ‌ဘောလုံးပွဲနှင့် ခြင်းလုံးခတ်ပွဲများ ယှဉ်ပြိုင်ကစားခဲ့ကြသည်။

“ဒီ‌ဒေသမှာ အခုလို ကျင်းပတဲ့ ပထမဆုံးအကြိမ် နှစ်သစ်ကူးပွဲ‌တော်ကို လာ‌ရောက်ရတာ အင်မတန် ဝမ်းသာမိတယ်။ ကျ‌နော် မ‌တွေ့ဖူး၊ မသိဖူးတဲ့ ကိုယ့်လူမျိုး‌တွေနဲ့ ‌တွေ့ဆုံရင်းနှီးခွင့်ရခဲ့တာကိုလည်း ‌ကျေနပ်မိပါတယ်။ ဒီက ကရင်လူထုက လည်း အခုလို တက်ကြွစွာ ပါဝင်လာနိုင်တာကိုလည်း ကျ‌နော် ‌လေးစားမိပါတယ်။”ဟု နှစ်သစ်ကူးပွဲ ဆင်နွဲခဲ့သူ ‌စောစန်း ‌မောင်က ‌ကေအိုင်စီကို ‌ပြောသည်။

မဲလ်ဘုမ်းမြို့မှ ကားဖြင့် ၅နာရီကြာသွားရသည့် Nhill ‌ဒေသသို့ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းနှင့် မ‌လေးရှားနယ်စပ်မှ ‌ပြောင်း‌ရွှေ့‌ရောက်ရှိလာသည့် ကရင်မိသားစု ၈စုမှ လူဦး‌ရေ ၃ဝဦး ‌နေထိုင်လျက်ရှိသည်။