Home ထိပ်တန်းသတင်း ‌ကေအဲန်ယူ ပစ်ခတ်မှု‌ကြောင့် စက်‌လှေပါ နအဖစစ်သားများ ‌သေ‌ကြေ ‌ပျောက်ဆုံး

‌ကေအဲန်ယူ ပစ်ခတ်မှု‌ကြောင့် စက်‌လှေပါ နအဖစစ်သားများ ‌သေ‌ကြေ ‌ပျောက်ဆုံး

1584
ဇန်နဝါရီလ ၁၈ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဘူးသိုမြို့နယ်တွင် သံလွင်မြစ်အတွင်း နအဖစစ်သား ၁ဝဦး ပါလာသည့် စက်‌လှေကို ပြီးခဲ့သည့် ရက်ပိုင်းက ‌ကေအဲန်ယူ တပ်မဟာ(၅)တပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့သဖြင့် စက်‌လှေတိမ်း‌မှောက်ကာ နအဖတပ်သားအားလုံး ‌သေ‌ကြေ‌ပျောက်ဆုံးသွားခဲ့‌ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၆ရက်‌နေ့ည‌နေ ၄နာရီခန့်တွင် တ‌ခေါ်ထာ့ရှိ နအဖ ခမရ(၂၀)တပ်ရင်းမှ တပ်ဖွဲ့ ၁ဝဦးသည် ‌သေမုထာ့ မှ တ‌ခေါ်ထာ့သို့ စက်‌လှေဖြင့် အပြန်လမ်းတွင် ကင်းလှည့်လည်‌နေသည့် ‌ကေအဲန်ယူ တပ်မဟာ(၅)တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှု ကြုံ‌တွေ့ခဲ့ရခြင်းဖြစ်သည်ဟု ‌ကေအဲန်ယူ တပ်မဟာ(၅) ရုံးထိုင်မှူး ဗိုလ်မှူး‌စောကလယ်ဒို့က ယခုလို ‌ပြောသည်။

“ည‌နေ ၄နာရီ ကျ‌နော်တို့လူ‌တွေ ကင်းလှည့်‌နေတဲ့အချိန်‌ပေါ့။ စစ်သား‌တွေ တင်‌ဆောင်လာတဲ့ စက်‌လှေတစင်းကို လှမ်းမြင် လိုက်တယ်။ အဲဒီမှာ နအဖစစ်သား‌တွေဖြစ်တဲ့အခါကျ‌တော့ သူတို့‌တွေ ပစ်ခတ်ကြတယ်‌ပေါ့။ မ‌သေတဲ့လူ‌တွေက ‌ရေထဲခုန်ချ လိုက်တယ်။ စက်‌လှေထဲက ‌သေနတ် ၃လက်နဲ့ ကျည်ဆံတချို့ ကျ‌နော်တို့ သိမ်းဆည်းရမိတယ်။ စက်‌လှေကို‌တော့ ‌အောက်ကို ပဲ ‌မျောချလိုက်တယ်။”ဟု အတည်ပြု ‌ပြောကြားသည်။

အဆိုပါ ပစ်ခတ်မှုအပြီး ၂နာရီ‌ကျော်ခန့်တွင် ‌မျောချလိုက်သည့် နအဖစစ်သား စီးနင်းလိုက်ပါလာ‌သော စက်‌လှေကို သံလွင်မြစ် ကမ်းနံ‌ဘေးရှိ မယ်နူထာ့‌ကျေးရွာနှင့် မနီးမ‌ဝေးတွင် အခြား‌ကေအဲန်ယူ တပ်မဟာ(၅) တပ်ဖွဲ့တဖွဲ့မှ ပြန်ဆယ်ယူခဲ့သည်ဟု ကိုယ်တိုင်မြင်‌တွေ့ခဲ့ရသူ ရွာသားတဦးက ‌ပြောသည်။

၎င်းက “စက်‌လှေတစင်းလုံး ‌ပေါက်ပြဲ‌နေတယ်။ ‌လှေက ‌ရေထဲမနစ်‌ပေမယ့် အထဲမှာ ‌ရေက ‌လှေတစ်ဝက်‌လောက်ရှိမယ်။ ‌လှေ ထဲမှာ ‌သွေး‌တွေ နီရဲ‌နေတာပဲ။”ဟု ‌ပြောသည်။ အဆိုပါ ပစ်ခတ်မှုဖြစ်ပွားခဲ့မှု‌ကြောင့် လက်ရှိအချိန်တွင် သံလွင်မြစ်တွင် သွား လာ‌နေသည့် ‌ဒေသခံရွာသားများသည် အ‌ခြေအ‌နေကိုကြည့်၍ သွားလာ‌နေရသည်ဟု သိရသည်။

‌ကေအဲန်ယူ တပ်မဟာ(၅) ထိန်းချုပ်ရာနယ်‌မြေတွင် သံလွင်မြစ်အတွင်း ယခင်က နအဖနှင့် ‌ကေအဲန်ယူ တပ်ဖွဲ့ဝင်များကြား ပစ်ခတ်မှုမျိုး အနည်းငယ် မကြာခဏ ဖြစ်ပွားခဲ့‌သော်လည်း ယခုကဲ့သို့ ကြီးကြီးမားမား ဖြစ်ပွားခြင်းမရှိ‌ကြောင်း ‌ကေအဲန်ယူ တပ်မဟာ(၅)က ‌ပြောသည်။