Home ထိပ်တန်းသတင်း KSDDP ပါတီ စည်းရုံး‌ရေးမှူးတဦး ‌ကေအဲန်ယူထံ ထွက်‌ပြေး‌ရောက်ရှိ

KSDDP ပါတီ စည်းရုံး‌ရေးမှူးတဦး ‌ကေအဲန်ယူထံ ထွက်‌ပြေး‌ရောက်ရှိ

1749
ဇန်နဝါရီလ ၁၈ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်ပြည်နယ် ဒီမိုက‌ရေစီနှင့် ဖွံ့ဖြိုးတိုးတက်‌ရေးပါတီ(KSDDP)၏ မြဝတီမြို့နယ်‌မြောက်ပိုင်း စည်းရုံးမှူးတဦးဖြစ်သူ ‌စောဖိုး ကလိသည် ပါတီတွင် မလုပ်ကိုင်လို‌တော့သည့်အတွက် ယ‌နေ့မနက်တွင် ‌ကေအဲန်ယူ တပ်မဟာ(၇)ထံ ထွက်‌ပြေး‌ရောက်ရှိလာ ခဲ့သည်။

မြဝတီမြို့နယ် နယ်ခြား‌စောင့်တပ် BGF (၁၀၁၈) တပ်ရင်းစခန်းရှိရာ ‌ရွှေကုက္ကို‌ကျေးရွာတွင် ‌နေထိုင်သည့် အဆိုပါ စည်းရုံး‌ရေး မှူးက ပါတီတွင်း မည်သည့် လုပ်ပိုင်ခွင့်အာဏာမှ မရှိသည့်အတွက် ထွက်‌ပြေး‌ရောက်ရှိလာခြင်းဖြစ်‌ကြောင်း ‌စောဖိုးကလိက ‌ကေအိုင်စီကို ယခုလို ‌ပြောသည်။

(ဓာတ်ပုံက ‌ကေအက်စ်ဒိဒီပီ ပါတီစည်းရုံး‌ရေးမှူးပုံပါ)

သူက “ကျ‌နော် အခုလို ထွက်‌ပြေးလာတာက ဒီ KNUနဲ့ DKBA လိုမျိုး ကိုယ့်အမျိုးသား‌ရေးဘက်က ပြန်လာလုပ်ဖို့ပါ။ ကျ‌နော် KSDDP ပါတီဝင် ဖြစ်‌နေတယ်ဆိုတာလည်း အသက် ၅၀‌ကျော်ပြီဖြစ်တဲ့အတွက် နအဖရဲ့ ဖွဲ့စည်းပုံအ‌ခြေခံ ဥပ‌ဒေအရ စစ်သား လုပ်လို့ မရ‌တော့ဘူး။ ဒါ‌ကြောင့် ဌာနချုပ်က ကျ‌နော့်ကို‌ခေါ်ပြီး ပါတီဝင်ခိုင်းတယ်။ ပါတီဆိုတာလည်း နအဖက ‌ထောင်‌ပေး လိုက်တဲ့ပါတီပဲ‌လေ။ အခွင့်အာဏာ‌တွေ ဘာမှမရှိဘူး။ ဒါကို စိတ်ကုန်‌တော့ ဒီဘက်ကို ပြန်လာဖို့ ဆုံးဖြတ်လိုက်တာပဲ။”ဟု ‌ပြောသည်။

ဆက်လက်၍ သူက “နအဖက ကျ‌နော်တို့ DKBA က‌နေ BGF ဖြစ်ရင် လုပ်ပိုင်ခွင့်အာဏာ‌တွေ သိပ်ရှိ‌တော့မှာ မဟုတ်တဲ့အ တွက် သူတို့ (နအဖ)အမိန့်နဲ့ ကမကထလုပ်ပြီး ပါတီ‌ထောင်ခိုင်းတာပဲ။ KSDDP ပါတီကို‌တော့ ဆက်လုပ်တဲ့သူ‌တွေကို ဘာမှ ကန့်ကွက်ဖို့‌တော့ မရှိဘူး။ ဒါ‌ပေမဲ့ ပါတီမှာ ကရင်မ‌ပြောနဲ့ ဘယ်တိုင်းရင်းသားပါတီမဆို ဘယ်‌တော့မှ ပြည့်ဝတဲ့ အခွင့်အ‌ရေးဆို တာ နအဖက ‌ပေးမှာမဟုတ်ဘူး။ ကျ‌နော်က‌တော့ ဗိုလ်နှုတ်ခမ်း‌မွှေးတို့လို အမျိုးသား‌ရေးပဲ ဆက်လုပ်မယ်။”ဟု ရှင်းပြသည်။

KNU တပ်မဟာ(၇) တပ်ရင်း(၁၀၁)မှ ဒုဗိုလ်မှူးကြီး‌စော‌ဖောဒိုက “ကျ‌နော်တို့ဆီ သူ အခုလို ‌ရောက်ရှိလာတာကို ဝမ်းသာ တယ်။ ကြိုဆိုတယ်။ ‌နောက်ထပ်ပြီး ပြန်လာမယ့်သူ ရှိအုံးမယ်လို့ ယုံကြည်တယ်။”ဟု ဆိုသည်။

‌စောဖိုးကလိသည် နယ်ခြား‌စောင့်တပ် အသွင်‌ပြောင်း မခံရမီက DKBA တပ်မဟာ (၉၉၉)လက်‌အောက်ခံ တပ်ရင်း(၅) တပ်ရင်း မှူးဖြစ်ခဲ့ပြီး ပထမဦးဆုံး KNU ထံ ထွက်‌ပြေး‌ရောက်ရှိလာသည့် KSDDP ပါတီဝင်တဦးလည်း ဖြစ်သည်။

ယခင် ဒီ‌ကေဘီ‌အေ ဥက္ကဌ ‌စောသာထူး‌ကျော်က ၂၀၁ဝခုနှစ် ဩဂုတ်လ ၁၉ရက်‌နေ့တွင် နိုင်ငံ‌ရေးပါတီများ မှတ်ပုံတင်ခြင်း ဥပ ‌ဒေပုဒ်မ ၉နှင့်အညီ ပါတီမှတ်ပုံတင်ခွင့်ပြုလိုက်သည့် KSDDP ပါတီ ဥက္ကဌအဖြစ် တာဝန်ယူခဲ့ပြီး ၂၀၁ဝ ‌ရွေး‌ကောက်ပွဲတွင် အမတ်‌နေရာ ၂‌နေရာ အနိုင်ရရှိခဲ့‌သော်လည်း ယခုအချိန်ထိ ပါတီလှုပ်ရှားမှုများ တစုံတရာ မရှိ‌သေး‌ကြောင်း သိရသည်။