Home ထိပ်တန်းသတင်း နအဖ တပ်သားငယ် ၂ဦး ‌ကေအဲန်ယူထံ ထွက်‌ပြေးလာ

နအဖ တပ်သားငယ် ၂ဦး ‌ကေအဲန်ယူထံ ထွက်‌ပြေးလာ

1708
ဇန်နဝါရီလ ၂၅ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ KNU တပ်မဟာ(၆)သို့ နအဖ စကခ(၅)လက်‌အောက်ခံတပ်ရင်း ခမရ(၅၄၃)မှ တပ်သားနှစ်ဦးဖြစ်သူ ‌မောင်ဝဏ္ဏ ၁၈နှစ်နှင့် ‌မောင်ဝင်းဘို ၂ဝနှစ်တို့သည် ဇန်နဝါရီ ၂၃ရက်‌နေ့က နယ်‌မြေခံ KNLA တပ်ရင်း (၁၇)ထံ ထွက်‌ပြေး‌ရောက်ရှိလာသည်ဟု သိရှိရသည်။

ထွက်‌ပြေး‌ရောက်ရှိလာသည့် ‌မောင်ဝင်းဘိုက “ကျ‌နော်က စစ်သားမလုပ်ချင်ဘဲ အတင်းအဓမ္မ စစ်တပ်အတွင်း အသွင်းခံရ တာပါ။ လက်ဖက်ရည်ဆိုင်မှာ အဆွဲခံရပြီး ‌မေမြို့ စစ်သင်တန်း‌ကျောင်းက ဆင်းလာတာနဲ့ ဒီကို အပို့ခံရတယ်။ ဒီ‌ရှေ့တန်းနယ် ‌မြေကို ‌ရောက်လာတာ ၇ရက်ပဲ ရှိပါ‌သေးတယ်။ စစ်သားမလုပ်ချင်‌တော့လို့ အသက်စွန့်ပြီး ထွက်‌ပြေးလာတာပဲ။”ဟု ‌ကေအိုင်စီ ကို ‌ပြောသည်။

ယင်းသို့ ထွက်‌ပြေးလွတ်‌မြောက်လာသည့် တပ်သားနှစ်ဦးကို KNLA တပ်ရင်း(၁၇)က ‌ကေအဲန်ယူ၊ ဒူးပလာယာခရိုင်သို့ တာဝန် လွဲ‌ပေးခဲ့သည်။

‌ကေအဲန်ယူ ဒူးပလာယာခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် အတွင်း‌ရေးမှူး(၂) ‌စောအဲ့ဒို့က “အခု‌ရောက်လာတဲ့ သူတို့နှစ်ဦးဟာ သူတို့ရဲ့ ‌ခေါင်း‌ဆောင် နာမည်‌မေးတာ‌တောင် မသိဘူး။ တကယ့် တပ်သားသစ်‌တွေပဲ။ သူတို့က‌တော့ အလုပ်ပဲ ပြန်လုပ်မယ် လို့ ‌ပြောတယ်။ ကျ‌နော်တို့က သူတို့သွားချင်တဲ့ ‌နေရာကို အတတ်နိုင်ဆုံး ပို့‌ဆောင်‌ပေးသွားမယ်။”ဟု ဆိုသည်။

ယခု ထွက်‌ပြေးလာသည့် နအဖတပ်သားနှစ်ဦးနှင့်အတူ MA-3 ‌သေနတ် ၂လက်၊ ကျည်အ‌တောင့် ၄၀၀၊ နင်းမိုင်း ၁လုံးနှင့် လက်ပစ်ဗုံး ၁လုံး ပါလာခဲ့သည်ဟု ‌ကေအဲန်ယူဘက်က ‌ပြောဆိုသည်။

လက်ရှိ KNU တပ်မဟာ(၆) ကြာအင်းဆိပ်ကြီးမြို့နယ်တွင် နအဖ စကခ(၅)လက်‌အောက်ခံ ခမရ(၅၄၃) အပါအဝင် နည်းဗျူ ဟာ(၂) လက်‌အောက်ခံ ခလရ(၂၈၃)၊ (၂၈၄)နှင့် (၃၂)တို့ လှုပ်ရှားလျှက်ရှိသည်ဟု သိရသည်။