Home ထိပ်တန်းသတင်း နအဖ တပ်ဖွဲ့ဝင် ၃ဦး ရင်ဆိုင်တိုက်ပွဲတွင် ကျဆုံး

နအဖ တပ်ဖွဲ့ဝင် ၃ဦး ရင်ဆိုင်တိုက်ပွဲတွင် ကျဆုံး

1513
ဇန်နဝါရီလ ၂၉ရက်။ (‌ကေအိုင်စီ)

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်းရှိ နအဖ ခမရ(၃၄၃)နှင့် ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် (‌ကေအဲန်အယ် လ်‌အေ) တပ်ရင်း(၂၁)တို့ ယ‌နေ့မနက်တွင် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားရာ နအဖဘက်မှ တပ်ကြပ်တဦး အပါအဝင် ၃ဦး ကျဆုံးခဲ့ သည်ဟု သိရသည်။

“ဖြစ်တာက ဒီမနက် ၆နာရီ ဝ၅မိနစ်မှာပဲ လှိုင်းဘွဲမြို့နယ်၊ တ‌ရေဖိုးကွီးနဲ့ ရှမ်းရွာသစ်ကြားက မဲ့‌တော်‌ဒေး‌နေရာမှာ မိနစ် ၂ဝ ‌လောက် ကြာတယ်။ နအဖရဲ‌ဘော်‌တွေလည်း တိုက်ပွဲဖြစ်တာနဲ့ ကစဉ့်ကလျားကို ထွက်‌ပြေးကြတယ်။ ကျ‌နော်တို့လူ‌တွေက ၁၅ ‌ယောက်ပဲ။ သူတို့ဘက်က အ‌ယောက် ၃၀‌လောက်ရှိတာ။ ဒီတိုက်ပွဲမှာ နအဖဘက်က တပ်ကြပ် ၁ဦးနဲ့ တပ်သား ၂ဦးကျတယ်။ ဒဏ်ရာရသူက‌တော့ ကျ‌နော်တို့ ယူလို့မရဘူး။”ဟု ‌ကေအဲန်အယ်လ်‌အေ တပ်မဟာ(၇)မှ တပ်မှူးတဦးက ‌ပြောသည်။

အဆိုပါ ရင်ဆိုင်တိုက်ပွဲတွင် ‌ကေအဲန်အယ်လ်‌အေဘက်မှ ထိခိုက်မှုမရှိဘဲ နအဖတပ်ဖွဲ့၏ ၆၀-မမ ၁လက်၊ အမ်‌အေ-ဖိုး ၁ လက်၊ အမ်‌အေ-ဝမ်း ၁လက်နှင့် ကျည်ဆံအ‌တော်များများကို သိမ်းဆည်းနိုင်ခဲ့သည်ဟု သိရသည်။

‌ကေအဲန်အယ်လ်‌အေ တပ်ရင်း(၂၁)သည် တပ်မဟာ(၇) လက်‌အောက်ခံတပ်ရင်းဖြစ်ပြီး ခမရ(၃၄၃)မှာ နအဖ စစ်ကွပ်ကဲ‌ရေး ဌာနချုပ်(၁၉)၏ လက်‌အောက်ခံ တပ်ရင်းဖြစ်သည်။