Home ထိပ်တန်းသတင်း ‌ကော့ကရိတ်မြို့ရှိ မိုက်ခရို‌ဝေ့ဗ် ကို ကရင်တပ်ဖွဲ့ဝင်များ ပစ်ခတ် ဖျက်ဆီး

‌ကော့ကရိတ်မြို့ရှိ မိုက်ခရို‌ဝေ့ဗ် ကို ကရင်တပ်ဖွဲ့ဝင်များ ပစ်ခတ် ဖျက်ဆီး

1642
‌ဖေ‌ဖော်ဝါရီလ ၁ရက်။ နန်း‌ဖော့‌ဂေ (‌ကေအိုင်စီ)

ကရင်ပြည်နယ် ‌ကော့ကရိတ်မြို့အ‌ရှေ့နားရှိ ‌တောင်သုံးလုံးစခန်းကို ကရင်တပ်ဖွဲ့ဝင်များက ယမန်‌နေ့ညက လက်နက်ကြီး ငယ်များဖြင့် သွား‌ရောက်တိုက်ခိုက်ခဲ့ပြီး မိုက်ခရို‌ဝေ့ဗ်ကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု မြို့ခံများ၏ ‌ပြောပြချက်အရ သိရသည်။

မြို့ခံတစ်ဦးက “မ‌နေ့ည ၁၁နာရီမှာ ချက်ပွိုင့်ဘက်မှာ လက်နက်ကြီး‌တွေနဲ့ လာပစ်တာ အလုံး‌တွေက အများကြီး တရစပ်ပဲ။ တနာရီ၊ နှစ်နာရီ‌လောက် ကြာတယ်။ မိုးရွာသလိုပဲ။ ပစ်ခတ်ပြီး‌တော့ ဝင်လာပြီး မိုက်ခရို‌ဝေ့ဗ်ကို မီးရှို့လိုက်တယ်။ အဲဒီချက်ပွိုင့် နားမှာ ‌ဈေး‌ရောင်း‌နေတဲ့သူ‌တွေ ‌ပြောတာက ဝင်လာတဲ့လူ‌တွေဟာ ကရင်လိုပဲ ‌ပြော‌နေကြတယ်တဲ့။ ညက ‌ကော့ကရိတ်ထဲမှာ ရဲ‌တွေဆို ‌လျှောက်ပုန်းအိပ်ရတယ်။”ဟု ‌ပြောသည်။

‌ကော့ကရိတ်မြို့ ချက်ပွိုင့်နှင့် ‌အောက်ဘိုတဲကြားရှိ ‌တောင်သုံးလုံးစခန်းကို ဒီ‌ကေဘီ‌အေနှင့် ‌ကေအဲန်ယူတပ်ဖွဲ့ဝင်များက လက် နက်ကြီးများဖြင့် စတင်တိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်များဖြင့် အနီးကပ် သွား‌ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒီ‌ကေဘီ‌အေ တပ်မဟာ(၅)မှ ကလို့ထူး‌ဘောဗျူဟာ အ‌ခြေစိုက် စစ်ဆင်‌ရေးမှူး G2 ဗိုလ်မှူး‌စောဆန်း‌အောင်က ယခုလို အတည်ပြု ‌ပြောဆိုခဲ့ သည်။

(‌ကေအဲန်အယ်လ်‌အေ တပ်ဖွဲ့ဝင်များ)
“မ‌နေ့ည ၁၁နာရီက‌နေ မနက် ၁နာရီ‌ကျော်အထိ ‌တောင်သုံးလုံးစခန်းကို ကျ‌နော်တို့ ကရင်တပ်ဖွဲ့‌တွေ အနီးကပ် သွားပစ်ခဲ့ တယ်။ တဆက်တည်း မိုက်ခရို‌ဝေ့ဗ်ကိုလည်း ဖျက်ဆီးခဲ့တယ်။ ထိခိုက်မှု‌တွေက ဘယ်လိုရှိလဲ‌တော့ ကျ‌နော်လည်း အ‌သေအ ချာ မသိရဘူး။ ‌နေရာကလည်း ကျ‌နော်တို့နဲ့ အလှမ်း‌ဝေးတယ်‌လေ‌နော်။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ယခုတိုက်ခိုက်မှု ဖြစ်ပွားသည့်‌နေရာသည် ‌ကေအဲန်အယ်လ်‌အေ တပ်ရင်း(၁၈)၏ နယ်‌မြေဖြစ်ပြီး ၎င်း‌တောင်သုံးလုံးစခန်းတွင် ရဲတပ်ဖွဲ့ဝင်အချို့သာ စခန်းထိုင်တာဝန်ယူထား‌ကြောင်း ‌ကေအဲန်အယ်လ်‌အေ တပ်မှူးကြီးတစ်ဦးက ‌ပြောသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှု‌ကြောင့် ယ‌နေ့တွင် ပြည်တွင်းလက်ကိုင်ဖုန်းနှင့် လိုင်းဖုန်းများကို ဆက်သွယ်ရာ ဖုန်းလိုင်းများ ပြတ် ‌တောက်မှုရှိသည့်အ‌ကြောင်း မြဝတီမှ ကုန်သည်တစ်ဦးက ယခုလို ‌ပြောသည်။

“‌ကော့ကရိတ်မှာ အပစ်ခံရတယ်ကြား‌တော့ အ‌ခြေအ‌နေသိချင်လို့ ဖုန်းလှမ်းဆက်တာ မနက်က‌တော့ တချက်ရတယ်။ ဒီ‌နေ့ မွန်းလွဲ ၂နာရီ‌လောက်ကျ‌တော့ မရ‌တော့ပြန်ဘူး။ မနက်က ‌ပြောတာက‌တော့ အဲဒီပစ်တဲ့အဖွဲ့‌တွေက မိုက်ခရို‌ဝေ့ဗ်ကို မီးရှို့ပြီး အဲဒီဂိတ်က ကွန်ပြူတာ‌တွေကိုလည်း အကုန်ဖျက်ဆီးလိုက်တယ်တဲ့။ ‌နောက်ပြီး ရဲတ‌ယောက်ကိုလည်း ဖမ်း‌ခေါ်သွားတယ် ‌ပြောတယ်။”ဟု ဆိုသည်။

ယမန်‌နေ့ညက ပစ်ခတ်ခဲ့သည့် လက်နက်ကြီးအချို့ ချက်ပွိုင့်ကားဝင်းထဲ ကျ‌ရောက်ခဲ့ပြီး လူထိခိုက်မှုများမရှိ‌သော်လည်း မြို့ ‌တော်ဦးဘက်သို့ ကျ‌ရောက်ခဲ့သည့် လက်နက်ကြီးတလုံး‌ကြောင့် အရပ်သားတစ်ဦး ထိခိုက်‌ကြောင်း အတည်မပြုနိုင်‌သေးသည့် သတင်းများအရ သိရသည်။