Home ထိပ်တန်းသတင်း မြဝတီတံတား‌အောက် ဗုံး‌ပေါက်ကွဲ အရပ်သား ၂ဦး‌သေ

မြဝတီတံတား‌အောက် ဗုံး‌ပေါက်ကွဲ အရပ်သား ၂ဦး‌သေ

1775
‌ဖေ‌ဖော်ဝါရီလ ၉ရက်။ နန်း‌ဖော့‌ဂေ (‌ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ဘက်ခြမ်းရှိ ချစ်ကြည်‌ရေးတံတား‌အောက်နားတွင် ယ‌နေ့ည‌နေ မြန်မာစံ‌တော်ချိန် ၄နာရီခွဲခန့်၌ ချိန်ကိုက်ဗုံး ‌ပေါက်ကွဲသဖြင့် အရပ်သား ၂ဦး ‌သေဆုံးကာ ၅ဦး ထိခိုက်ဒဏ်ရာရရှိ‌ကြောင်း မြို့ခံအမျိုးသမီးတစ်ဦးက ‌ပြော သည်။

သူက “ဗုံး‌ပေါက်ကွဲတာ အ‌တော်ကျယ်တယ်ဆို‌တော့ အနီးအနားမှာ ‌နေတဲ့သူ‌တွေ၊ ရုံး‌တွေက ဝန်ထမ်း‌တွေ‌တောင် အ‌တော် ထိတ်လန့်သွားတယ်။ အဲဒီမှာ ၂‌ယောက် ‌သေတယ်။ ၅‌ယောက် ဒဏ်ရာရတယ်တဲ့။ ‌ပြောသံကြားတာက‌တော့ ပစ္စည်းထုပ်လို အထုပ်ထဲက ထ‌ပေါက်တာပဲတဲ့။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

အခင်းဖြစ်ပွားသည့်‌နေရာမှာ တံတားညာဘက်ခြမ်း ‌ရွှေတံတားတည်းခိုခန်းအနီးရှိ လက်ဖက်ရည်ဆိုင်‌ရှေ့မှ ‌ပေါက်ကွဲခြင်းဖြစ် ပြီး ထို‌နေရာနှင့် မနီးမ‌ဝေးတွင် နယ်ခြား‌စောင့်တပ်များ လုံခြုံ‌ရေး‌စောင့်လျှက်ရှိသဖြင့် ထိခိုက်သည့်အထဲတွင် နယ်ခြား‌စောင့် တပ်မှ ဗိုလ်မှူးတဦးနှင့် တပ်သား ၂ဦးလည်း ပါဝင်‌ကြောင်း မြဝတီ‌ဆေးရုံနှင့် နီးစပ်သူများက ‌ပြောဆို‌နေကြသည်။

အမည်မ‌ဖော်လိုသူတစ်ဦးက “‌သေသွားတဲ့နှစ်‌ယောက်က အရပ်သားပဲ။ လက်ဖက်ရည်ဆိုင်ပိုင်ရှင် အမျိုးသမီးတ‌ယောက်နဲ့ အခြား အမျိုးသားတ‌ယောက်။ ဒဏ်ရာရတဲ့အထဲမှာ နယ်ခြား‌စောင့်တပ်က ဗိုလ်မှူးကြည်လင်နဲ့ တပ်သား ၂‌ယောက်၊ ရဲ ၁ ‌ယောက်နဲ့ အဲဒီအနားက ဖြတ်သွားတဲ့ ဆိုင်ကယ်သမားတ‌ယောက် ပါတယ်တဲ့။ အဲဒီဗိုလ်မှူးက မျက်နှာကိုထိ‌တော့ မျက်လုံးနှစ် ဖက်စလုံး ဒဏ်ရာပြင်းတယ်လို့ ‌ပြောတယ်။”ဟု ဆိုသည်။

ယခု‌ပေါက်ကွဲမှုမှာ ဗုံးနှစ်လုံးဖြစ်ပြီး ပထမတလုံး ‌ပေါက်ကွဲချိန်တွင် ထိခိုက်မှုမရှိဘဲ ‌နောက်ထပ် ၅မိနစ်ခန့်အကြာတွင် ထို‌နေရာ သို့ နယ်ခြား‌စောင့်တပ် သွား‌ရောက်ကြည့်ရှုရာမှ ထပ်မံ ‌ပေါက်ကွဲခြင်းဖြစ်‌ကြောင်း ထို‌ပေါက်ကွဲမှု‌ကြောင့် အနီးဝန်းကျင်မှ လူ များကို ထိမှန်ခြင်းဖြစ်သည်ဟု နယ်ခြား‌စောင့်တပ်(၁၀၁၈)မှ တပ်ရင်းမှူး ဗိုလ်မှူး‌စော‌မောင်ဝင်းက အတည်ပြု ‌ပြောဆိုသည်။

“ပထမတလုံး ‌ပေါက်တာ ဘယ်သူမှ‌တော့ မထိဘူး။ အဲဒါကို ဗိုလ်ကြည်လင်တို့ သွားကြည့်တဲ့အခါမှာ အထုပ်ထဲက ‌နောက် တလုံး ထပ်‌ပေါက်ပြီး ၂‌ယောက်‌သေသွားတယ်။ ၅‌ယောက် ဒဏ်ရာရတယ်‌လေ။ ဗိုလ်ကြည်လင်က‌တော့ မျက်နှာကိုထိ‌တော့ အခု သူ့ကို မဲ‌ဆောက်‌ဆေးရုံကို ပို့ထားပါတယ်။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

၎င်းတံတား‌အောက်တွင် ပြီးခဲ့သည့်နှစ် ‌ရွေး‌ကောက်ပွဲရက်‌နောက်ပိုင်း ပစ်ခတ်မှုများ ဖြစ်ပွားပြီးကတည်းက ယခုအချိန်ထိ နယ် ခြား‌စောင့်တပ်များက လုံခြုံ‌ရေး‌စောင့်ကြပ်‌ပေး‌နေရပြီး ယခု‌ပေါက်ကွဲမှုမှာ မည်သူ့လက်ချက်ဖြစ်သည်ကို မ‌ဖော်ထုတ်နိုင်‌သေး ‌ပေ။

မြဝတီမြို့တွင် ယခုလဆန်းပိုင်းမှစ၍ လုံခြုံ‌ရေး အ‌ခြေအ‌နေ‌ကောင်းမည်မဟုတ်‌ကြောင်း မြို့ခံများအကြား ‌ကောလဟလ ဖြစ် ‌နေသည့်ကြားမှ ယခုလို ဗုံး‌ပေါက်ကွဲမှု ဖြစ်ပွားခြင်းဖြစ်သည်။