Home ထိပ်တန်းသတင်း ကနဲ‌လေးစခန်း ကရင်တပ်ဖွဲ့ဝင်များ ပစ်ခတ်

ကနဲ‌လေးစခန်း ကရင်တပ်ဖွဲ့ဝင်များ ပစ်ခတ်

1494
‌ဖေ‌ဖော်ဝါရီ ၈ရက်၊ (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ‌ဝေါ်‌လေ‌ဒေသတွင်ရှိ နအဖ တပ်စခန်းတစ်ခုဖြစ်သည့် ကနဲ‌လေးစခန်းကို ယ‌နေ့ ‌နေ့လယ်၌ ထို‌ဒေသရှိ ကရင်တပ်ဖွဲ့ဝင်များ သွား‌ရောက် ပစ်ခတ်ခဲ့ရာ နအဖ တပ်ဖွဲ့ဘက်က ၂ဦး‌သေဆုံးပြီး ၄ဦးဒဏ်ရာရ ရှိခဲ့သည်ဟု ကရင်တပ်ဖွဲ့ဝင်ဘက်က ‌ပြောသည်။

ယ‌နေ့ ‌နေ့လယ် ၁၂နာရီခွဲ၌ ကနဲ‌လေးစခန်းတွင် ‌ရောက်ရှိ‌နေသည့် နအဖ ‌ခြေမြန်တပ်ရင်း-ခမရ(၃၄၆)ကို ကရင်အမျိုးသား လွှတ်‌မြောက်‌ရေးတပ်မ‌တော် (KNLA) တပ်ရင်း (၂၀၁) တပ်ဖွဲ့ဝင်များသွား ‌ရောက် ပစ်ခတ်ခြင်းဖြစ်သည်ဟု ထိုတပ်ရင်းမှ ဒုရင်းမှူး ဗိုလ်မှူး ‌စောကြည်‌အောင်က ‌ပြောသည်။

ယခု‌နွေရာသီတွင် ကရင်ပြည်နယ်အတွင်းရှိ နအဖ တပ်များ ရိက္ခာပို့‌ဆောင်‌ရေးအတွက် ပိုမိုသွားလာလှုပ် ရှားလာသည်နှင့်အမျှ ထိုင်း-မြန်မာနယ်စပ်ရှိ ‌ဝေါ်‌လေ‌ဒေသတွင် တိုက်ပွဲများ မကြခဏ ဖြစ်ပွား‌နေသလို အခြား ကရင်ပြည်နယ်‌မြောက်ပိုင်း ‌ဒေသများတွင်လည်း တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိသည်ဟု သိရသည်။

ထိုသို့ တိုက်ပွဲများ ဖြစ်ပွားတိုင်း ထိခိုက်‌သေဆုံးမှုများကို ကရင်တပ်ဖွဲ့ဝင်ဘက် ထုတ်ပြန်ခဲ့‌သော်လည်း နအဖ ဘက်က ထုတ်‌လေ့မရှိပါ။