Home ထိပ်တန်းသတင်း စာ‌မေးပွဲအပြီး မြဝတီရှိ အစိုးရ ဌာနများကို ဝင်တိုက်မည့်သတင်း ‌ကြောင့် မြို့ခံများ ထိတ်လန့်‌နေ

စာ‌မေးပွဲအပြီး မြဝတီရှိ အစိုးရ ဌာနများကို ဝင်တိုက်မည့်သတင်း ‌ကြောင့် မြို့ခံများ ထိတ်လန့်‌နေ

1999

မတ်လ ၁၇ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်ပြည်နယ် နယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့ရှိ စစ်အစိုးရဌာနဆိုင်ရာ ရုံးများကို တိုးတက်‌သောဗုဒ္ဓဘာသာ ကရင်အမျိုး သားတပ်မ‌တော်(DKBA)တပ်ဖွဲ့က ဆယ်တန်းစာ‌မေးပွဲအပြီး ဝင်တိုက်မည်ဟု သတင်းထွက်‌ပေါ်‌သော‌ကြောင့် အထိတ်တ လန့် ဖြစ်‌နေကြရ‌ကြောင်း မြဝတီမြို့ခံများက ‌ပြောဆို‌နေကြသည်။

ယ‌နေ့သည် ဆယ်တန်းစား‌မေးပွဲ‌နောက်ဆုံးရက်ဖြစ်သဖြင့် မနက်ပိုင်းကတည်းက မြို့လယ်‌ခေါင်ရှိ ဘုရင့်‌နောင်လမ်းမတစ် ‌လျှောက်ရှိ စတိုးဆိုင်ကြီးများ၊ အထည်ဆိုင်နှင့် ‌ရွှေဆိုင်အ‌တော်များများမှာ ပိတ်ထား‌ကြောင်း အမည်မ‌ဖော်လိုသူ မြို့ခံအ အမျိုးသမီးတစ်ဦးက ‌ကေအိုင်စီကို ‌ပြောသည်။

သူမက “ဒီ‌နေ့လည် ၁၂နာရီမှာ စာ‌မေးပွဲက ပြီးပြီ‌လေ။ ဒါ‌ကြောင့် ဒီမနက် မြို့ကလူ‌တွေက အပြင်ထွက်တာ သိပ်မ‌တွေ့ရ သလို ဘုရင့်‌နောင်လမ်းမ‌ပေါ်က ကိုယ်ပိုင်အိမ်ဆိုင်‌တွေဖြစ်တဲ့ စတိုးလ်ဆိုင်၊ ကုန်စုံဆိုင်၊ အထည်ဆိုင်နဲ့ ‌ရွှေဆိုင်‌တွေ ပိတ် ထားတယ်။ ရဲ‌တွေက‌တော့ ဟိုး မ‌နေ့က ပိတ်ခိုင်းထားတာ။ ‌နောက် ဒီ‌နေ့ ချစ်ကြည်‌ရေးတံတားထိပ်က Taxi ဆိုင်ကယ်နဲ့ ဆိုက်ကားအကြုံအပို့‌တွေလည်း တစီးမှမရှိဘူး။ တိုက်ပွဲဖြစ်မှာကို လူ‌တွေ ‌တော်‌တော်ထိတ်လန့်‌နေကြတယ်။”ဟု ‌ပြော သည်။

မြဝတီမြို့ ပြည်သူ့‌ဆေးရုံ (Photo-KIC)
ဒီ‌ကေဘီ‌အေအ‌နေဖြင့် မြဝတီမြို့ကို တိုက်ခိုက်ရန်နှင့် စစ်အစိုးရရုံးများကို မီးရှို့ရန် ပြီးခဲ့သည့်အပတ်က မြဝတီအာဏာပိုင် များထံ စာပို့ခဲ့သည့်အတွက် မြို့ခံလူထုအား အပြင်မထွက်ရန် အာဏာပိုင်များက သက်ဆိုင်ရာ ပညာ‌ရေး၊ ကျန်းမာ‌ရေး၊ ‌ဆောက်လုပ်‌ရေး၊ စည်ပင်၊ ပို့ဆက်(ကား၊ ဆိုင်ကယ် လိုင်စင်ရုံး)၊ အခွန်ဦးစီး၊ ‌ငွေစာရင်း၊ သမဝါယမ၊ စီမံကိန်းနှင့် ‌မွေးမြူ ‌ရေး စသည့်ဌာနဝန်ထမ်းများကို ယမန်‌နေ့က ‌သောင်ရင်းခမ်းမတွင် အစည်းအ‌ဝေး‌ခေါ်ယူကာ အသိ‌ပေးထားခဲ့သည်။

ဒီ‌ကေဘီ‌အေအ‌နေဖြင့် ၎င်းစာကို ပြီးခဲ့သည့် ရက်သတ္တပတ်ကတည်းက မြဝတီအာဏာပိုင်များထံ ‌ပေးပို့ထားခြင်းဖြစ် ‌ကြောင်း DKBA တပ်မဟာ(၅) တပ်မဟာမှူး ဗိုလ်မှူးချုပ်‌စောလားပွယ် (ဗိုလ်နှုတ်ခမ်း‌မွှေး)က အတည်ပြု ‌ပြောဆိုသည်။

ဗိုလ်မှူးချုပ်‌စောလားပွယ်က “ကျ‌နော်တို့ အခုလို သူတို့(နအဖ)ရဲ့ ဌာနဆိုင်ရာရုံးကို တရားဝင်စာပို့ထားတဲ့အတွက် ဘာမှ ‌ထွေ‌ထွေထူးထူး ‌ပြောစရာ မရှိပါဘူး။ သူတို့‌တွေ ကျ‌နော်တို့ရဲ့ ‌နေရာအ‌တော်များများကို လာဖျက်ဆီးပြီးပြီ။ ဒါ‌ကြောင့် ကျ‌နော်တို့ဘက်က လုပ်သင့်တာကို ပြန်လည်တုံ့ပြန်သွားဖို့ အ‌ခြေအ‌နေကို ကြည့်ပြီးလုပ်သွားမယ်။”ဟု ‌ပြောသည်။

ယ‌နေ့ ဆယ်တန်းစာ‌မေးပွဲ ‌ဖြေဆိုအပြီး မွန်းလွဲ ၃နာရီခန့်တွင် မြဝတီမြို့ဘက်၌ လက်နက်ကြီး‌ပေါက်ကွဲသံ ကြားရ‌ကြောင်း မြဝတီမြို့ခံတဦးက “ဒီ‌နေ့ ၃နာရီ‌လောက်မှာ လက်နက်ကြီးအသံ သုံး‌လေးချက်‌လောက် ကြားရတယ်။ မြို့ထဲမှာ‌တော့ မဟုတ်ဘူး။ အသံက မင်းလက်ပံရွာဘက်ကလို့ ထင်တာပဲ။”ဟု ‌ပြောဆိုသည်။

မင်းလက်ပံ၊ ဖလူး၊ ‌ဝေါ်‌လေ‌ကျေးရွာများသည် မြဝတီမြို့၏ ‌တောင်ဘက်ခြမ်းတွင်ရှိပြီး ၂၀၁ဝ ‌ရွေး‌ကောက်ပွဲကို ဆန့်ကျင် ကာ နအဖ စစ်အစိုးရကို ပြန်လည်တိုက်ခိုက်‌နေသည့် ဒီ‌ကေဘီ‌အေအဖွဲ့ ယခင်အ‌ခြေစိုက်ရာဖြစ်‌သော်လည်း ယခုအချိန် တွင် စစ်အစိုးရတပ်များက ဝင်‌ရောက်‌နေရာယူထားသဖြင့် ဒီ‌ကေဘီ‌အေမှ စစ်အစိုးရဌာနဆိုင်ရာရုံးများကို တိုက်ခိုက်ရန် ယခုလို တရားဝင်စာ ‌ပေးပို့ခဲ့ခြင်းဖြစ်သည်။