Home ထိပ်တန်းသတင်း နအဖ ပူး‌ပေါင်းတပ် ထပ်မံ ထိခိုက်ကျဆုံး

နအဖ ပူး‌ပေါင်းတပ် ထပ်မံ ထိခိုက်ကျဆုံး

1688
မတ်လ ၂၈ရက်။ (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်တွင် လှုပ်ရှား‌နေသည့် နအဖ၊ နယ်ခြား‌စောင့် BGF ပူး‌ပေါင်းတပ်များနှင့် KNU တပ်မဟာ(၇) လက်‌အောက်ခံတပ် တို့ကြား ပြီးခဲ့သည့်ရက်ပိုင်းက ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာ နအဖနှင့် BGF ပူး‌ပေါင်းတပ်မှ ထပ်မံ ထိခိုက်‌သေဆုံးသည်ဟု ‌ကေအဲန်ယူ တပ်မဟာ(၇) က ‌ပြောသည်။

မတ်လ ၂၆ရက်‌နေ့ ည‌နေ ၅နာရီခွဲတွင် ပိုင်ကျုံမြို့နယ်ရှိ မဲ့လာအားခီးနှင့် ‌စေဖိုးခီးအကြားတွင် နအဖ ခမရ(၃၅၇)တပ်ရင်း၊ BGF တပ်ရင်း(၁၀၁၆) ပူး‌ပေါင်းတပ်ဖွဲ့နှင့် ‌ကေအဲန်အယ်လ်‌အေ တပ်ရင်း(၂၂)တို့ကြား ပစ်ခတ်မှုတကြိမ် ထပ်မံဖြစ်ပွားခဲ့ရာ နအဖမှ ၅ဦးကျဆုံးပြီး ၂ဦး ထိခိုက်သလို BGF ၁ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုလည်း ‌ကေအဲန်အယ်လ်‌အေဘက်က ‌ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၅ရက်‌နေ့က နအဖ စကခ(၁၂) လက်‌အောက်ခံ ခမရ(၅၄၆) တပ်ရင်း၊ ခမရ(၃၅၇)တပ်ရင်းနှင့် BGF တပ်ရင်း (၁၀၁၆) ပူး ‌ပေါင်းတပ်ဖွဲ့ဝင်များကို ‌ကေအဲန်ယူ တပ်မဟာ(၇) လက်‌အောက်ခံ တပ်ရင်းတို့ ချုံခိုတိုက်ခိုက်ခဲ့ရာ ထိခိုက်ဒဏ်ရာရခဲ့သည့် တပ်ရင်းမှူး အပါအ ဝင် အခြားတပ်ဖွဲ့ဝင်များကို ‌နောက်တန်းပြန်အပို့တွင် တိုက်ခိုက်ခံရခြင်းဖြစ်သည်။

ယင်းသို့ တိုက်ခိုက်ရာတွင် နအဖ တပ်ရင်းမှူးကို သယ်‌ဆောင်သွားသည့်ကားမှာ လွတ်သွားခဲ့ပြီး ‌နောက်ထပ် စစ်ကားတစ်စီးကို ထိခိုက်ခဲ့သဖြင့် ထိုကားမှာ မဲ့လာအားဂွင်၌ ပျက်စီးသွား‌ကြောင်း မြင်‌တွေ့ခဲ့သူများက ‌ပြောသည်။

၂၅ရက်နှင့် ၂၆ရက်‌နေ့ ‌ကေအဲန်အယ်လ်‌အေ တပ်မဟာ(၇)၏ ‌ပြောက်ကျားတိုက်ခိုက်မှုတွင် နအဖနှင့် နယ်ခြား‌စောင့်တပ်များ ထိခိုက်ကျဆုံးမှု ရှိခဲ့ ‌သော်လည်း ‌ကေအဲန်အယ်လ်‌အေဘက်မှ အထိအခိုက် အကျအဆုံးမရှိ‌ကြောင်း ‌ကေအဲန်ယူဘက်က ထုတ်‌ဖော်‌ပြောဆိုသည်။

‌ကေအဲန်ယူ တပ်မဟာ(၇)နယ်‌မြေ၊ ပိုင်ကျုံမြို့နယ်တွင် အ‌ခြေစိုက်သည့် နအဖတပ်ရင်းများသည် တပ်မ(၂၂)၊ စကခ(၁၂)၏ လက်‌အောက်ခံ တပ် များဖြစ်ပြီး ဗိုလ်မှူး‌စောမြတ်ခိုင် ဦး‌ဆောင်သည့် BGF တပ်ရင်း(၁၀၁၆)နှင့် KNU တပ်မဟာ(၇)တပ်ရင်းများ လှုပ်ရှားလျှက်ရှိသည်။