Home ထိပ်တန်းသတင်း ‌ကော့ကရိတ်မြို့ရှိ နအဖတပ်ရင်း အား ကရင်တပ်ဖွဲ့များ ဝင်‌ရောက် ပစ်ခတ်ရာ ၆ဦး ထိခိုက်‌သေဆုံး

‌ကော့ကရိတ်မြို့ရှိ နအဖတပ်ရင်း အား ကရင်တပ်ဖွဲ့များ ဝင်‌ရောက် ပစ်ခတ်ရာ ၆ဦး ထိခိုက်‌သေဆုံး

2171
မတ်လ ၃ဝရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ‌ကော့ရိတ်မြို့နယ်ရှိ နအဖ တပ်ရင်းအား ယမန်‌နေ့က ကရင်ပူး‌ပေါင်းတပ်ဖွဲ့တို့ ဝင်‌ရောက်ပစ်ခတ်ခဲ့ရာ အရပ် သားတဦး အပါအဝင် ၆ဦး ထိခိုက်‌သေဆုံးခဲ့သည်ဟု ကရင်တပ်ဖွဲ့ဘက်က ‌ပြောသည်။

‌ကော့ကရိတ်-မြဝတီအထွက်ဂိတ် ချက်ပွိုင့်အနီးရှိ နအဖစစ်တပ် အ‌ရှေ့‌တောင်တိုင်းစစ်ဌာန(ရတခ)ချုပ် လက်‌အောက်ခံ ခလရ(၃၁၀)အား ယမန်‌နေ့ ‌နေ့လည် ၁၂ခွဲအချိန်တွင် ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(KNLA) တပ်ရင်း(၁၈)နှင့် တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော်(DKBA) တပ်မဟာ(၅) ပူး‌ပေါင်းပြီး လက်နက်ကြီးငယ်များဖြင့် ဝင် ‌ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်‌ကြောင်း KNLA တပ်မှူးတဦးက အတည်ပြု ‌ပြောဆိုသည်။

၎င်းက “ချက်ပွိုင့်နားမှာရှိတဲ့ ခလရ(၃၁၀)ကို ကျ‌နော်တို့လူ‌တွေ အရင်သွား‌ချောင်းပစ်တယ်။ တဆက်တည်းမှာပဲ ၆၀-မမနဲ့ ထပ်ပစ်တယ်။ နအဖဘက်က ၄‌ယောက် ပွဲချင်းပြီး ‌သေတယ်။ ၁‌ယောက် ဒဏ်ရာရသွားတယ်။ ဒါ‌ပေမဲ့ ချက်ပွိုင့်‌ဘေးနားမှာ ကွမ်းယာ‌ရောင်းတဲ့ ‌ဈေးသည်တ‌ယောက် မှန်သွားတယ်။ လက်နက်ကြီးလက်နက်ငယ်‌တွေနဲ့ နာရီဝက်နီးပါး‌လောက် အပြန်အ လှန် ပစ်ခတ်ကြ‌ပေမယ့် ကျ‌နော်တို့ဘက်က‌တော့ ထိတာမရှိဘူး။”ဟု ‌ပြောသည်။

‌ကော့ကရိတ်-မြဝတီလမ်း‌ကြောင်းတွင် သွားလာ‌နေသည့် ကုန်သည်တဦးကလည်း “ဟုတ်တယ် မ‌နေ့က ‌တောထဲက လူ‌တွေ ချက်ပွိုင့်နားမှာ လာပစ်သွားတယ်။ ရဲစခန်းနားမှာရှိတဲ့ ‌ဗေဒင်ဆရာတ‌ယောက် မှန်သွားတယ်လို့ ‌ပြောကြ‌ပေမဲ့ အတိအကျ ‌တော့ မသိဘူး။”ဟု ‌ပြောသည်။

ဗိုလ်မှူးချုပ်‌စောလားပွယ် ဦး‌ဆောင်၏ ဒီ‌ကေဘီ‌အေ တပ်မဟာ(၅)တပ်ဖွဲ့သည် စစ်အစိုးရ၏ ၂၀၁ဝ ‌ရွေး‌ကောက်ပွဲကို ဆန့် ကျင်လာခဲ့ပြီး ‌ကော့ကရိတ်မြို့ရှိ နအဖတပ်များကို ယ‌နေ့အချိန်ထိ မကြာခဏ ဝင်‌ရောက်ပစ်ခတ်လျှက်ရှိသည်။

၎င်းအပြင် အဆိုပါ ဒီ‌ကေဘီ‌အေတပ်ဖွဲ့သည် ပြီးခဲ့သည့် ‌ဖေ‌ဖော်ဝါရီလ ၂၄ရက်‌နေ့က ‌ကော့ကရိတ်-မြဝတီ ‌တောင်‌ပေါ်ကား လမ်းတစ်‌လျှောက် သွားလာ‌နေသည့် ကုန်တင်ကားများ၊ ခရီးသည်တင်ကားများကို ကားအကြီးအငယ်အလိုက် ဒီ‌ကေဘီ‌အေ ထံ တနှစ်စာအခွန်‌ပေး‌ဆောင်ရန် စာထုတ်ပြန်ထားခဲ့သလို ၎င်းတို့နယ်‌မြေများကို နအဖစစ်တပ်က သိမ်းပိုက်ထားခဲ့သည့်အ တွက် မြဝတီမြို့ရှိ စစ်အစိုးရ၏ ဌာနဆိုင်ရာရုံးများကို ဝင်‌ရောက်မီးရှို့ဖျက်ဆီးမည်ဖြစ်‌ကြောင်းလည်း ပြီးခဲ့သည့် ရက်သတ္တပတ် က မြို့နယ်အာဏာပိုင်များထံ စာ‌ပေးပို့ခဲ့ပြီးဖြစ်သည်ဟု ဒီ‌ကေဘီ‌အေဘက်က ‌ပြောသည်။