Home ထိပ်တန်းသတင်း KNU တပ်မဟာ(၆)၏ ပစ်ခတ်မှု‌ကြောင့် နအဖ ဗိုလ်ကြီးတဦး ကျဆုံး

KNU တပ်မဟာ(၆)၏ ပစ်ခတ်မှု‌ကြောင့် နအဖ ဗိုလ်ကြီးတဦး ကျဆုံး

1685
ဧပြီလ ၁။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

မွန်-ကရင်နယ်စပ် ဘုရားသုံးဆူမြို့နယ်တွင် သွားလာလှုပ်ရှား‌နေသည့် နအဖစစ်တပ်အား ပြီးခဲ့တဲ့ရက်ပိုင်းက KNU တပ်မဟာ (၆)တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှု‌ကြောင့် နအဖဘက်က ဗိုလ်ကြီး ၁ဦး ‌သေဆုံးပြီး တပ်သား ၃ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု ‌ကေအဲန်ယူဘက်က ‌ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၉ရက်‌နေ့နှင့် ၃ဝရက်‌နေ့က နအဖစစ်တပ် အ‌နောက်ပိုင်းတိုင်းစစ်ဌာချုပ်-နပခ လက်‌အောက်ခံ ခမရ (၃၇၃)တပ်ရင်းကို ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် (KNLA) တပ်ရင်း(၁၆)မှ ဘုရားသုံးဆူမြို့နယ်ရှိ မြိုင်သာယာ နှင့် အပလုံ‌ကျေးရွာစပ်ကြားတွင်တစ်ကြိမ်၊ ‌ကျောက်ပူနှင့် တာ‌ဒေ့‌ကျေးရွာကြားတွင်တစ်ကြိမ် ချုံခိုတိုက်ခိုက်ခဲ့သည်ဟု KNLA တပ်ရင်း(၁၆)မှ အရာရှိတဦးက ‌ပြောသည်။

၎င်းက “မတ်လ ၂၉ရက်‌နေ့ မနက်ပစ်ခတ်မှုမှာ နအဖ ခမရ(၃၇၃) စစ်‌ကြောင်း(၂)က တပ်ခွဲမှူး ဗိုလ်ကြီးဘိုဘို‌မောင် ကျသွား တယ်။ ၃ဝရက်‌နေ့ မနက် ၉နာရီအချိန်မှာလည်း အဲဒီ နအဖတပ်ရင်းကို ‌နောက်တကြိမ် ထပ်ပစ်တယ်။ နအဖဘက်က တပ် သားချည်းပဲ ၃‌ယောက် ဒဏ်ရာထပ်ရတယ်။”ဟု ‌ပြောသည်။

အဆိုပါတိုက်ပွဲတွင် ‌ကေအဲန်အယ်လ်‌အေဘက်မှ ထိခိုက်ကျဆုံးမှု မရှိဟု ‌ကေအဲန်ယူဘက်က ‌ပြောဆိုသည်။

၎င်းနအဖတပ်ရင်းသည် ‌ကေအဲန်ယူတပ်ဖွဲ့ဝင်များ၏ ချုံခိုတိုက်ခိုက်ခံရပြီး ထိခိုက်‌သေဆုံးမှုများရှိခဲ့‌သော်လည်း ‌ဒေသခံရွာသား များကို အကြပ်ကိုင်၊ အပြစ်ရှာမှုများ တစုံတရာ လုပ်‌ဆောင်ခြင်းမရှိ‌ကြောင်း ‌ဒေသခံတစ်ဦးက ‌ပြောသည်။