Home ထိပ်တန်းသတင်း အစိုးရသစ်ကို ယုံကြည်မှုမရှိကြာင်း KNU ‌ကြေညာချက်ထုတ်ပြန်

အစိုးရသစ်ကို ယုံကြည်မှုမရှိကြာင်း KNU ‌ကြေညာချက်ထုတ်ပြန်

1699
ဧပြီလ ၄ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေကို အ‌ခြေခံပြီး တိုင်းရင်းသားလူမျိုးစုများအတွက် အာမခံချက်မရှိ‌သော ၂၀၁ဝ ‌ရွေး‌ကောက်ပွဲ ကျင်းပပြီးသည့်‌နောက် ယခုတက်လာသည့် စစ်ယူနီ‌ဖောင်းချွတ် အစိုးရသစ်ကို ယုံကြည်လက်ခံမှုမရှိ‌ကြောင်း ကရင်အမျိုးသား အစည်းအရုံး(KNU)က ယ‌နေ့‌ကြေညာချက်တစ်‌စောင် ထုတ်ပြန်လိုက်သည်။

အစိုးရသစ်သည် နအဖ ထိပ်ပိုင်းစစ်‌ခေါင်း‌ဆောင်များ၏ ချုပ်ကိုင်မှု‌အောက်တွင် ဆက်လက်ရှိ‌နေ‌သေးသည့်အတွက် မြန်မာတ နိုင်ငံလုံး စစ်မှန်သည့် ဒီမိုက‌ရေစီ အသွင်ကူး‌ပြောင်း‌ရေး၊ မဖြစ်မ‌နေ လိုအပ်‌နေသည့် တိုင်းရင်းသား ပြန်လည်သင့်မြတ်‌ရေးနှင့် တည်ငြိမ်‌အေးချမ်းမှုတို့ကို တာဝန်ယူနိုင်မည်မဟုတ်ဟု ၎င်း‌ကြေညာချက်တွင် ‌ဖော်ပြထားသည်။

KNU တွဲဖက်အ‌ထွေ‌ထွေအတွင်း‌ရေးမှူး(၁) ဗိုလ်မှူး‌စောလှ‌ငွေက “ဒီအစိုးရသစ် တက်လာတာ နိုင်ငံတကာက တချို့တိုင်းပြည် က မြန်မာနိုင်ငံ ‌ပြောင်းလဲ‌ရေးအတွက် ‌ခြေလှမ်းတရပ်လို့ မြင်ကြ‌ပေမဲ့ လက်ရှိ ဖြစ်ပျက်‌နေတဲ့ အ‌ခြေအ‌နေကိုနှိုင်းကြည့်ရင် လက်မခံပါဘူး။ နိုင်ငံ‌ရေးအကျဉ်းသား‌တွေအားလုံး လွှတ်‌ပေးပြီး တိုင်းရင်းသား ‌ဒေသ‌တွေမှာ ထိုးစစ်ဆင်မှုရပ်၊ ‌နောက် တတိုင်းပြည်လုံးအတိုင်းအတာနဲ့ ပစ်ခတ်ရပ်စဲ‌ရေးလုပ်ပြီး တိုင်းရင်းသားတရပ်လုံးနဲ့ ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲလုပ်မှသာ နိုင်ငံ‌ရေးပြ ဿနာက ‌ဖြေလည်နိုင်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဒီ‌ကြေညာချက်ကို ထုတ်တာပါ။”ဟု ‌ပြောသည်။

ယခု တက်လာသည့် အစိုးရသစ်သည် ယခင်အစိုးရအတိုင်း မူမ‌ပြောင်းလျှင် တိုင်းပြည်မှာ ချွတ်ခြုံကျလာပြီး မ‌ကျေနပ်မှုများ ‌ကြောင့် တပ်မ‌တော်အတွင်း၌ပင် ‌အောက်‌ခြေထုတပ်သားများ၏ ဆန့်ကျင်မှုများ ‌ပေါ်လာနိုင်သလို တပ်မ‌တော်အတွင်း ဒီမိုက ‌ရေစီ လိုလားသူများနှင့် အာဏာရှိသူများအကြား အကွဲအပြဲဖြစ်ကာ တိုင်းပြည် မငြိမ်မသက် ဖြစ်လာနိုင်‌ကြောင်း ဗိုလ်မှူး‌စော လှ‌ငွေက ဆက်လက် သုံးသပ်‌ပြောဆိုသည်။

မြန်မာစစ်တပ်သည် ‌ရွေး‌ကောက်ပွဲအပြီး အပြစ်မဲ့အရပ်သားများကို မတရား ဖမ်းဆီးထိန်းသိမ်းမှု၊ ညှင်းပမ်းနှိပ်စက် သတ်ဖြတ်မှု၊ အတင်းအဓမ္မ ခိုင်း‌စေမှုနှင့် အကာအကွယ်အဖြစ် အရပ်သားများကို ‌ရှေ့တန်း၌ အသုံးပြုသည့်အပြင် တိုင်းရင်းသားလူမျိုးစု အရပ်သားပြည်သူများက ‌လေးလံသည့် တပ်ရိက္ခာနှင့် ခဲယမ်းမီး‌ကျောက်များကို ‌နေ့စဉ်နှင့်အမျှ သယ်‌ပေး‌နေရကာ ကုန်တင် ကား၊ ‌မော်‌တော်ဆိုင်ကယ်နှင့် နွားလှည်းများမကျန် လုပ်အား‌ပေးခိုင်းရသည်ဟု ‌ကြေညာချက်တွင် ‌ထောက်ပြ‌ရေးသားထား သည်။

စစ်အစိုးရသည် လက်ရှိ မြန်မာနိုင်ငံအတွင်း အရပ်သားပြည်သူများ၏ လုံခြုံ‌ရေးနှင့် အသက်ရှင်ရပ်တည်‌ရေးအတွက် ပထမ‌ခြေ လှမ်းအ‌နေဖြင့် တိုင်းရင်းသား‌ဒေသအတွင်းရှိ ထိုးစစ်ဆင်မှုကို ရုပ်သိမ်း၍ ပစ်ခတ်ရပ်စဲ‌ရေး ပြုလုပ်ပြီး နိုင်ငံ‌ရေးပြဿနာကို နိုင်ငံ‌ရေးနည်းဖြင့် ‌ဖြေရှင်းကာ ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲ စတင်ရန် ‌ကေအဲန်ယူက ‌တောင်းဆိုထားသည်။

၎င်းအပြင် စစ်အစိုးရတပ်များ၏ အရပ်သားပြည်သူများအား လုပ်အား‌ပေးခိုင်း‌စေမှု၊ ပစ်မှတ်ထား တိုက်ခိုက်မှုနှင့် အဓမ္မ ပစ္စည်း သိမ်းယူမှု စသည့်လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှုများကို ရပ်တန့်‌စေပြီး ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲများ အမြန်ဆုံး လုပ်‌ဆောင်ရန် ကမ္ဘာ့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းမှ တိုက်တွန်းရန်လည်း နှိုး‌ဆော်ထားသည်။

‌ကေအဲန်ယူသည် ၁၉၄၉ခုနှစ်မှစ၍ မြန်မာစစ်အာဏာရှင် အဆက်ဆက်ကို ယခုအချိန်ထိ ‌တော်လှန်တိုက်ခိုက်‌နေသည့် တိုင်း ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတခုဖြစ်ပြီး ၂၀၁ဝ ‌ရွေး‌ကောက်ပွဲအပြီး ယခင်လ မတ်လ ၃ဝရက်‌နေ့က အစိုးရသစ် သမ္မတ ဦးသိန်းစိန် ကျမ်းသစ္စာကျိန်ဆိုပြီး‌နောက် ပထမဆုံးအကြိမ် ‌ကြေညာချက်ထုတ်ပြန်သည့် လက်နက်ကိုင်အဖွဲ့ဖြစ်သည်။