Home ထိပ်တန်းသတင်း တနသင်္ာရီတိုင်းရှိ လှုပ်ရှားတပ်များ အား ဘာသာစကား သင်ကြားပို့ချ ‌ပေးမည်

တနသင်္ာရီတိုင်းရှိ လှုပ်ရှားတပ်များ အား ဘာသာစကား သင်ကြားပို့ချ ‌ပေးမည်

2103
ဧပြီလ ၁၁ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

မြန်မာအစိုးရသည် တနသင်္ာတိုင်း နယ်စပ်‌ဒေသတွင် လှုပ်ရှား‌နေသည့် ၎င်းတို့၏ စစ်တပ်များအတွက် ဘာသာစကား နားလည် တတ်ကျွမ်းမှုရှိရန် ကမ်းရိုးတန်း‌ဒေသ စစ်ဌာနချုပ်(ကရခ) မြိတ်မြို့တွင် ဧပြီလ ၁၅ရက်‌နေ့မှ ဇွန်လ ၁၅ရက်‌နေ့အထိ ၂လတိတိ ဘာသာစကားသင်တန်း သင်ကြား ပို့ချ‌ပေးမည်ဖြစ်‌ကြောင်း စစ်တပ်အသိုင်းအဝိုင်းမှလာသည့် သတင်းများအရ သိရသည်။

တနသင်္ာရီ နယ်စပ်‌ဒေသတွင် တာဝန်ထမ်း‌ဆောင်ရာ၌ ဘာသာစကား တတ်ကျွမ်းနားလည်‌စေရန် ရည်ရွယ်သည့် အဆိုပါသင် တန်းတွင် ကရင်နှင့် ထိုင်းဘာသာစကားကို သင်ကြားမည်ဖြစ်ပြီး သင်တန်းတက်‌ရောက်ရန်အတွက် တနသင်္ာရီတိုင်းတွင် လှုပ် ရှား‌နေသည့် စစ်ကွပ်ကဲ‌ရေးဌာနချုပ်(စကခ)နှင့် စစ်ဗျူဟာ(စဗဟ)လက်‌အောက်ခံ တပ်ရင်းအားလုံးမှ တပ်ရင်း ၁ရင်းကို ဒုဗိုလ် အဆင့်ရှိ အရာရှိ ၂ဦးစီ မပျက်မကွက် ‌စေလွှတ်ရန် ကမ်းရိုးတန်းတိုင်း‌ဒေသ စစ်ဌာနချုပ်(ကရခ)မှ ပြီးခဲ့သည့် ဧပြီလ ၁ဝရက် ‌နေ့က ညွှန်ကြားလိုက်သည်ဟု စစ်တပ်သတင်းရပ်ကွက်အရ သိရသည်။

တနသင်္ာရီတိုင်းမှ အစိုးရစစ်တပ်နှင့် နီးစပ်သူတဦးက “ကရခ အမိန့်နဲ့ ၁၄ရက်‌နေ့‌နောက်ဆုံး တိုင်းစစ်ဌာနချုပ်မြိတ်ကို အားလုံး အ‌ရောက်သွားရမယ်။ ရည်ရွယ်ချက်က‌တော့ နယ်စပ်‌ဒေသမှာ ထိုင်း‌တွေနဲ့ ကိစ္စတခုခု ‌ပေါ်လာလို့ရှိရင် ‌တွေ့ဆုံ‌ဆွေး‌နွေးလို့ရ ‌အောင်ရယ်။ ‌ဒေသခံလူထု‌တွေကို စည်းရုံးဖို့အတွက်ပဲ ဖြစ်တယ်။”ဟု ‌ပြောသည်။

အစိုးရစစ်တပ်မှ ထိုကဲ့သို့ လုပ်‌ဆောင်ခြင်းသည် ဆန့်ကျင်ဘက်အဖွဲ့အစည်းများကို စုံစမ်း‌ထောက်လှမ်းရာတွင် ထိုင်းဘက်ခြမ်း ဖြစ်‌စေ၊ မြန်မာပြည်တွင်းက ကရင်လူထုများအကြားဖြစ်‌စေ ၎င်းတို့လူများကို မြှုပ်နှံထားနိုင်ရန်အတွက် လုပ်‌ဆောင်ခြင်းဖြစ် ‌ကြောင်း ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ဘိတ်/ထားဝယ်ခရိုင်၏အတွင်း‌ရေးမှူး ပဒို‌စော‌သောသီ‌ဖေက ‌ပြောသည်။

“ကျ‌နော်တို့ သိရတဲ့အတိုင်းဆိုလို့ရှိရင် ဒါ‌တွေဟာ ‌ထောက်လှမ်း‌ရေးအသိုင်းအဝိုင်းက လာတဲ့လုပ်‌ဆောင်ချက်‌တွေ ဖြစ်တယ်။ ဆိုလိုချင်တာက ဆန့်ကျင်ဘက်အဖွဲ့အစည်း‌တွေကို စုံစမ်း‌ဖော်ထုတ်နိုင်ဖို့အတွက် သူတို့လူ‌တွေကို လူထု‌တွေအကြားမှာ မြှုပ် နှံထားဖို့ပါပဲ။”ဟု ၎င်းက ‌ပြောသည်။

နယ်စပ်‌ဒေသနှင့် တိုင်းရင်းသား‌ဒေသများတွင် လှုပ်ရှား‌နေသည့် စစ်တပ်များအား ဘာသာစကားသင်ကြားပို့ချမှုကို ယခင်က ရန်ကုန်မြို့ရှိ စစ်ဌာနချုပ်ရုံးများတွင် ဌာနဆိုင်ရာများမှ စု‌ပေါင်း၍ သင်ကြားပို့ချ‌ပေးခဲ့‌သော်လည်း လွန်ခဲ့သည့် ၃နှစ်ကစပြီး သက်ဆိုင်ရာ ‌ဒေသအလိုက် စတင် သင်ကြားပို့ချလာခဲ့ခြင်းဖြစ်သည်။