Home ထိပ်တန်းသတင်း သမ္မတ ဦးသိန်းစိန်အဖွဲ့ အင်ဒိုနီးရှားနိုင်ငံသွား‌ရောက်

သမ္မတ ဦးသိန်းစိန်အဖွဲ့ အင်ဒိုနီးရှားနိုင်ငံသွား‌ရောက်

2004
‌မေလ ၆ရက်။

အစိုးရသစ် သမ္မတ ဦးသိန်းစိန်သည် မြန်မာကိုယ်စားလှယ် အဖွဲ့ဝင်များ လိုက်ပါ၍ အင်ဒိုနီးရှားနိုင်ငံသို့ ချစ်ကြည်‌ရေးနှင့် အာ ဆီယံအစည်းအ‌ဝေးအတွက် ယမန်‌နေ့က မြန်မာနို်င်ငံမှ ဂျကာတာမြို့သို့ ထွက်ခွာသွား‌ကြောင်း မြန်မာ့အလင်းနှင့် ‌ကြေးမုံ သတင်းစာများတွင် ‌ဖော်ပြထားသည်။

အဆိုပါ သတင်းစာများ၏ ‌ဖော်ပြချက်အရ အင်ဒိုနီးရှား သမ္မတနိုင်ငံ သမ္မတ၏ ဖိတ်ကြားချက်အရ ချစ်ကြည်‌ရေးခရီး သွား ‌ရောက်ရန်နှင့် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ ကျင်းပမည့် (၁၈)ကြိမ်‌မြောက် အာဆီယံ အစည်းအ‌ဝေး တက်‌ရောက်ရန် သမ္မတ ဦးသိန်းစိန်နှင့်အဖွဲ့ သွား‌ရောက်ရခြင်းဖြစ်‌ကြောင်း ‌ဖော်ပြထားသည်။

သမ္မတ ဦးသိန်းစိန်နှင့်အတူ လိုက်ပါသွားသည့် မြန်မာကိုယ်စားလှယ်များထဲတွင် နိုင်ငံခြား‌ရေးဝန်ကြီးဌာန ပြည်‌ထောင်စုဝန်ကြီး ဦးဝဏ္ဏ‌မောင်လွင်၊ အမျိုးသားစီမံကိန်းနှင့် စီးပွား‌ရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ပြည်‌ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း၊ ဒုတိ ယဝန်ကြီးများနှင့် ဌာနဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ လိုက်ပါသွားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့သို့ ထွက်ခွာသွားခဲ့သည့် သမ္မတသစ်နှင့်အဖွဲ့ကို ဒုတိယ သမ္မတ သီဟသူရ ဦးတင်‌အောင်မြင့် ဦး၊ ‌ဒေါက်တာစိုင်း‌မောက်ခမ်း၊ တပ်မ‌တော်ကာကွယ်‌ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်း‌အောင်လှိုင်တို့ ပို့‌ဆောင်နှုတ်ဆက်ကြ ‌ကြောင်း ‌ရေးသား‌ဖော်ပြထားသည်။