Home ထိပ်တန်းသတင်း အငြိမ်းစားယူခဲ့သည့် DKBA တပ်ဖွဲ့ဝင်‌ဟောင်းများအား အသက်အန္တရာယ် ခြိမ်း‌ခြောက်ခံရ

အငြိမ်းစားယူခဲ့သည့် DKBA တပ်ဖွဲ့ဝင်‌ဟောင်းများအား အသက်အန္တရာယ် ခြိမ်း‌ခြောက်ခံရ

1532
‌မေလ ၉ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

နယ်ခြား‌စောင့်တပ် (BGF) မဖွဲ့စည်းခင် အသက်အရွယ်‌ကြောင့် အငြိမ်းစားယူခဲ့သည့် တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မ‌တော် DKBA တပ်ဖွဲ့ဝင်‌ဟောင်းများသည် ယခုအချိန်တွင် အသက်အန္တရာယ် ခြိမ်း‌ခြောက်မှုများ ကြုံ‌တွေ့‌နေရ‌ကြောင်း လွတ် ‌မြောက်နယ်‌မြေသို့ ယ‌နေ့ ထွက်‌ပြေး‌ရောက်ရှိလာသည့် DKBA တပ်မှူး‌ဟောင်းတစ်ဦးက ‌ပြောသည်။

ယခင် DKBA တပ်မဟာ(၉၉၉) လက်‌အောက်ခံ တပ်ရင်း(၃)မှ ဗိုလ်မှူး‌ဟောင်း ‌စောမုဆိုး (‌ခေါ်) ထာကလယ်က နယ်ခြား‌စောင့် တပ် ‌ပြောင်းလဲဖွဲ့စည်းပြီး‌နောက်ပိုင်း သတ်မှတ်ထားသည့်အရွယ်‌ကျော်လွန်ကာ အနားယူခဲ့သည့် တပ်မှူးတပ်သားများနှင့် ကိုယ် လက်အဂင်္ါချို့တဲ့သူများမှာ လက်ရှိ BGF တပ်မှူးအချို့၏ မယုံသကင်္ာမှုဖြင့် ‌စောင့်ကြည့်ခံရသည့်အပြင် အသက်အန္တရာယ်ကိုပါ ခြိမ်း ‌ခြောက်သည်အထိ ကိုယ်တိုင် ကြုံ‌တွေ့ခဲ့ရ‌ကြောင်း ‌ကေအိုင်စီကို ယခုလို ‌ပြောသည်။

၎င်းက “ကျ‌နော်တို့‌တွေ အသက်ပြည့်လို့ အနားယူကြ‌ပေမယ့် သူတို့‌တွေ မယုံကြည်ကြဘူး။ ဗိုလ်နှုတ်ခမ်း‌မွှေးအဖွဲ့ထဲကို သွားမ လား။ KNU နဲ့ သွား‌ပေါင်းမလား‌ပေါ့။ အမြဲတမ်း ‌စောင့်ကြည့်ခံရတယ်။ ဒါ‌တောင်မကဘူး။ လူကိုယ်တိုင်လာပြီး ခင်ဗျားတို့ ‌ကောင်း ‌ကောင်း‌နေကြ‌နော်။ ‌ကောင်း‌ကောင်းမ‌နေရင် ‌တွေ့ပြီးသာမှတ်ဆိုပြီး လာခြိမ်း‌ခြောက်တယ်။ အခန့်မသင့်ရင် သတ်တဲ့အထိလုပ် ကြ‌တော့ ကျ‌နော်လည်း ဒီဘက်ကို ထွက်‌ပြေးလိုက်တယ်‌ပေါ့။”ဟု ‌ပြောသည်။

အဆိုပါ ဗိုလ်မှူး‌ဟောင်း ရည်ညွှန်းသည့် တပ်မှူးများမှာ ယခင် DKBA တပ်မဟာ(၉၉၉)‌အောက်မှ တပ်ရင်းမှူးအချို့ဖြစ်ပြီး ၎င်းနှင့် နီးစပ်ခဲ့သည့် လက်ရှိ နယ်ခြား‌စောင့်(၁၀၁၆) တပ်ရင်းမှူးဖြစ်သူ ဗိုလ်မှူးမြတ်ခိုင်မှာလည်း သူ၏တပ်ဖွဲ့ဝင်များ ‌ကေအဲန်ယူ (သို့မ ဟုတ်) ဗိုလ်မှူးချုပ်‌စောလားပွယ်၏တပ်ဖွဲ့ထံသို့ သွား‌ရောက်ပူး‌ပေါင်းခဲ့ပါက ထိုသူများ ပိုင်ဆိုင်ရာပစ္စည်းများကို သိမ်းဆည်းသည့် အပြင် ဦးစီးကွပ်ကဲသူကိုပါ သတ်ပစ်သည်ဟု ‌စောမုဆိုးက ‌ပြောသည်။

“ပြီးခဲ့တဲ့လတုန်းက မြတ်ခိုင်ရဲ့အဖွဲ့ တပ်ခွဲ(၃)က လူ‌တွေ တပ်ခွဲတစ်ခွဲလုံးနီးပါး ‌ကော်သူး‌လေဆီကို လက်နက်‌တွေနဲ့ သွားပူး‌ပေါင်း တယ်။ ဒါနဲ့ ကိုယ့်လူကိုယ်မထိန်းရ‌ကောင်းလားဆိုပြီး တပ်ခွဲ(၃) တပ်ခွဲမှူးသိန်း‌ရွှေကို သတ်ပစ်လိုက်တယ်။ ထွက်‌ပြေးသွားတဲ့သူ ‌တွေနဲ့ နီးစပ်တဲ့သူ‌တွေကိုလည်း လက်နက်သိမ်းပစ်လိုက်တယ်။”ဟု ‌ပြောသည်။

အသက် ၅၃နှစ်ရှိ ‌စောမုဆိုး (‌ခေါ်) ထာကလယ်သည် ယခင်က ဒီ‌ကေဘီ‌အေ တပ်မဟာ ၉၉၉မှ တပ်ရင်း(၃)တွင် ဒုရင်းမှူးအဖြစ် တာဝန်ယူခဲ့ပြီး နယ်ခြား‌စောင့်တပ် မ‌ပြောင်းခင်ကတည်းက တာဝန်မှ အနားယူခဲ့သည့်‌နောက်ပိုင်း ၎င်းကိုယ်တိုင်လည်း ဗိုလ်မှူး မြတ်ခိုင်၏ ကြံစည်သတ်ဖြတ်မှုကို မကြာခဏ ကြုံ‌တွေ့ခဲ့ရသည်ဟု ‌ပြောသည်။

နယ်ခြား‌စောင့်တပ်ဖွဲ့ဝင်များ၏ အသက်အန္တရာယ် ခြိမ်း‌ခြောက်ခံရမှု၊ ခက်ခဲကြပ်တည်းမှု‌ကြောင့် ထွက်‌ပြေး‌ရောက်ရှိလာသည့် ဒီ‌ကေဘီ‌အေ တပ်မှူးတပ်သားများကို အမြဲကြိုဆို‌ကြောင်း ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် KNLA တပ်ရင်း(၁၀၁) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး‌စော‌ဖောဒိုက ထုတ်‌ဖော်‌ပြောဆိုသည်။

DKBA တပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် ၂၀၁ဝခုနှစ် ဩဂုတ်လအတွင်း နယ်ခြား‌စောင့်တပ် ‌ပြောင်းလဲဖွဲ့စည်းသူများ၊ အနားယူသွားခဲ့ သည့် သက်ကြီးရွယ်အိုများနှင့် ကိုယ်လက်အဂင်္ါပျက်စီးသွားသူူများ၊ နိုင်ငံ‌ရေးပါတီတွင်း ပါဝင်သွားသူများအပြင် စစ်တပ်ကို ပြန် လည်တိုက်ခိုက်‌နေသည့် ကလို့ထူး‌ဘော အ‌ခြေစိုက် ဒီ‌ကေဘီ‌အေတပ်ဖွဲ့ဟူ၍ ကွဲပြားသွားခဲ့သည်။