Home ထိပ်တန်းသတင်း ရွာ‌ပေါင်း ၄ဝခန့်ကို BGF အိမ်မိုးဖက်‌တောင်းခံ

ရွာ‌ပေါင်း ၄ဝခန့်ကို BGF အိမ်မိုးဖက်‌တောင်းခံ

1362
‌မေလ ၁၇ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အတွင်းရှိ နယ်ခြား‌စောင့်တပ်များက ၎င်းတို့တပ်စခန်းအမိုးအတွက် ‌မော‌လော်ကလိုးနှင့် ကမ ‌မောင်း အနီးဝန်းကျင်ရှိ ရွာ‌ပေါင်း ၄ဝခန့်မှ တအိမ်‌ထောင်လျှင် အိမ်မိုးဖက် ၁၀ဝပျစ်စီ BGF စခန်းသို့ ‌မေလကုန်အ‌ရောက် ‌ပေးပို့ ရန် ‌တောင်းခံခဲ့သည်။

နယ်ခြား‌စောင့်-BGF (၁၀၁၃)နှင့် (၁၀၁၄)တပ်ရင်းများသည် ‌မေလဆန်းပိုင်းမှစ၍ အင်ဖက် သို့မဟုတ် ဓနိဖက်များ ‌တောင်းခံ ခြင်းဖြစ်ပြီး မဖြစ်မ‌နေ သွား‌ရောက်ပို့‌ဆောင်ရမည်ဖြစ်‌ကြောင်း ‌ဒေသခံအမျိုးသမီးတဦးက ယခုလို ‌ပြောသည်။ “ဖက်‌တောင်း တာက ‌မေလ ၇ရက်၊ ၈ရက်‌လောက်ကတည်းကပဲ။ အရင်ကလည်း ‌တောင်းတာရှိတယ်။ မ‌ပေးမ‌နေရစနစ်ပဲ။ အခုတ‌ခေါက်က ဒီလကုန်အ‌ရောက် သွားပို့‌ပေးရမယ်လို့ ‌ပြောထား‌တော့ တစ်ရက်သာသာ‌လောက် သွားရမဲ့ခရီးနဲ့ ထမ်းပို့‌ပေးရအုံးမှာ‌ပေါ့။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ထို‌ဒေသရှိ BGF တပ်များသည် ပြီးခဲ့သည့် ဇန်နဝါရီလက ကတိုင်တိ(ကတဲတိ)၊ ‌လေးဖိုးထာ့၊ ထီးသဘလုထာ့နှင့် ‌ကျောပါး ‌ကျေးနယ်အုပ်စုအတွင်းရှိ ရွာများကို အိမ်မိုးဖက်‌ပေးရန် ‌တောင်းခဲ့‌သော်လည်း KNLA တပ်နှင့် မကြာခဏ တိုက်ပွဲဖြစ်ပွားသဖြင့် သွားလာ‌ရေး အဆင်မ‌ပြေဘဲ ရွာသူရွာသားများမှာ ‌တောင်းခံထားသည့်ဖက်များကို မ‌ပေးနိုင်ဘဲ ဖြစ်ခဲ့ရသည်။

BGF တပ်များသည် ပြီးခဲ့သည့်နှစ်က အလားတူ အိမ်မိုးဖက်များကို ‌တောင်းခံခဲ့‌သော်လည်း ၎င်းတို့ဝင်‌ငွေအတွက် တဆင့် ပြန် လည်‌ရောင်းချခဲ့သည်ဟုလည်း အဆိုပါရွာသူက ‌ပြောသည်။

“ကျမတို့ကြားတာက မနှစ်ကဆိုရင် ကျမတို့ ပို့တဲ့ဖက်ဟာ သူတို့က စခန်းမိုးဖို့ မလုပ်ဘဲ ပြန်‌ရောင်းစားတာ ရှိတယ်။ အခုလည်း မ‌ပေးရင် သူတို့က ကျမတို့ကို ဘာလုပ်မလဲဆိုတာ မ‌ပြော‌ပေမဲ့ ‌သေနတ်ကိုင်ထား‌တော့ ကျမတို့လည်း ‌ကြောက်ပြီး နှစ်တိုင်းလို လို ‌ပေးလာခဲ့ရတယ်။”ဟု ဆိုသည်။

(ကတိုင်တိ‌ကျေးနယ် ‌ဘောကျို့လယ်ရွာလမ်းတစ်‌နေရာ)
နယ်ခြား‌စောင့်တပ်များအ‌နေဖြင့် ရွာသူရွာသားများထံမှ အိမ်မိုးဖက်‌တောင်းရန် မလိုဘဲ ယခု တက်လာသည့် အစိုးရသစ်ကသာ ၎င်းတို့လိုအပ်သမျှ ‌ဆောင်ရွက်‌ပေးရမည့် တာဝန်ရှိ‌ကြောင်း ဖာပွန်ခရိုင်၊ KNU တပ်မဟာ(၅) ရုံးထိုင်မှူး ဗိုလ်မှူး‌စောကလယ်ဒို့ က ‌ပြောဆိုသည်။

သူက “သူတို့(BGF)က မြန်မာအစိုးရစစ်တပ် ဖြစ်သွားပြီ‌လေ။ အစိုးရကိုပဲ အားကိုးရမှာ‌ပေါ့။ ဒီလို ပြည်သူ‌တွေဆီက ‌တောင်း တာ‌တွေ လုပ်ဖို့မလို‌တော့ဘူး။ လူထုဟာ ဝမ်းစာအတွက် ရုန်းကန်‌နေရတာ အနိုင်နိုင်ပဲ‌လေ။ သူတို့ အဲလိုလုပ်‌နေမဲ့အစား ကျ‌နော်တို့နဲ့ ပြန်လာပူး‌ပေါင်းရင် ပိုအကျိုးရှိမယ်။”ဟု ‌ပြောသည်။

စုစု‌ပေါင်းအင်အား ၆၀ဝ ဝန်းကျင်ရှိသည့် နယ်ခြား‌စောင့်တပ်-BGF (၁၀၁၃)တပ်ရင်းနှင့် BFF (၁၀၁၄)တပ်ရင်းကို ဗိုလ်မှူး‌စော လှကြိုင်နှင့် ဗိုလ်မှူး‌စော‌မောင်ချစ်က ဦးစီးခြင်းဖြစ်ပြီး ထို‌ဒေသရှိ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်-KNLA တပ်မ ဟာ(၅) တပ်ဖွဲ့ဝင်များနှင့် မကြာခဏ တိုက်ပွဲ ဖြစ်ပွားလျှက်ရှိသည်။