Home ထိပ်တန်းသတင်း နိုင်ငံ‌တော်သမ္မတ၏ လွတ်ငြိမ်း ချမ်းသာခွင့်အမိန့်အ‌ပေါ် ရှုတ်ချ‌ဝေဖန်မှုများ ရှိ‌နေ

နိုင်ငံ‌တော်သမ္မတ၏ လွတ်ငြိမ်း ချမ်းသာခွင့်အမိန့်အ‌ပေါ် ရှုတ်ချ‌ဝေဖန်မှုများ ရှိ‌နေ

1750
‌မေလ ၁၇ရက်။ ‌ကေအိုင်စီ

အကျဉ်းကျခံရသူများအား လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်းနှင့် ပတ်သက်၍ ယမန်‌နေ့က ထုတ်ပြန်ခဲ့သည့် နိုင်ငံ‌တော် သမ္မတ၏ အမိန့်‌ကြေညာချက်အ‌ပေါ် အဖွဲ့အစည်း အသီးသီးမှ ရှုတ်ချ‌ဝေဖန်မှုများ ထွက်‌ပေါ်လျှက်ရှိသည်။

မြန်မာနိုင်ငံ‌ရှေ့‌နေများ‌ကောင်စီမှ ဦးမျိုးက “လွတ်ငြိမ်းချမ်းသာခွင့်ဆိုတာ ‌ထောင်ခါရတယ်။ အခုဟာက ‌ထောင်ဒဏ် ‌လျော့‌ပေါ့ တာပဲ။ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဘာမှမကိုက်ညီဘူး။ ‌ထောင် ဒဏ်တနှစ် ‌လျော့‌ပေါ့တယ်ဆိုတာက နှစ် ၅ဝကျတဲ့သူအတွက်ဆို ၄၉နှစ်‌တောင် ကျန်‌နေအုံးမှာမို့ မိသားစုအတွက်ဖြစ်‌စေ၊ ‌ထောင်ကျသူအတွက်ဖြစ်‌စေ ဘာမှ‌ပျော်ရွှင်မှာ မဟုတ်ပါဘူး။ ‌သေဒဏ် သမား‌တွေ တစ်သက်တစ်ကျွန်း အ‌လျော့ခံရတာက ‌ကောင်း‌ပေမဲ့လည်း ဒါ လုပ်ရမဲ့ထုံးစံပဲ‌လေ။ အရင် အစိုးရလက်ထက်က အကျဉ်းသားဟာ နိုင်ငံ‌ရေးအရ အစိုးရသစ်နဲ့ မဆိုင်‌တော့ဘူး။ ဒီ‌တော့ အပြီးအပိုင်ကို လွှတ်‌ပေးရမယ်‌လေ။”ဟု ‌ပြောဆိုသည်။

နိုင်ငံ‌ရေးအကျဉ်းသားများ ကူညီ‌စောင့်‌ရှောက်‌ရေးအဖွဲ့-မြန်မာနိုင်ငံ(AAPP)က သမ္မတအ‌နေဖြင့် လုပ်‌ဆောင်သင့်သည်မှာ အ ကျဉ်းသားအားလုံး အပြီးအပြတ် လွှတ်‌ပေးရန်အပြင် လက်နက်ကိုင်အဖွဲ့များနှင့်လည်း ညှိနှိုင်း‌ဖြေရှင်းသွားရန်လည်း လိုအပ် ‌ကြောင်း AAPP ၏ အတွင်း‌ရေးမှူး ကိုတိတ်နိုင်က ယခုလို ‌ပြောသည်။

“စစ်အာဏာရှင် အစိုးရက‌နေ အရပ်သားအစိုးရကို ‌ပြောင်းလဲလာတယ်ဆိုတာ တကယ့်ကို ကြီးမားတဲ့ နိုင်ငံ‌ရေး အ‌ပြောင်းအ လဲတစ်ခုပဲ။ ဒီအ‌နေအထားအ‌ပေါ်မှာ နိုင်ငံ‌ရေးအကျဉ်းသား‌ရော၊ လက်နက်ကိုင်အဖွဲ့ဝင် အကျဉ်းသား‌တွေပါ အားလုံး လွှတ် ‌ပေးရမယ်။ အရပ်သားအစိုးရဆိုတာ အကျဉ်းသား‌တွေ လွှတ်‌ပေးရုံတင်မဟုတ်ဘူး။ လက်နက်ကိုင်အဖွဲ့‌တွေ၊ အပစ်ရပ်ငြိမ်းချမ်း ‌ရေးအဖွဲ့‌တွေနဲ့ပါ ညှိနှိုင်း‌ဖြေရှင်းမှု‌တွေ လုပ်ရမယ်။ ဒါ အဖြစ်သင့်ဆုံးအလုပ်ပဲ။”ဟု ‌ပြောသည်။

စစ်အစိုးရကို ‌တော်လှန်ကာ လက်ရှိ အစိုးရသစ်ကို လက်ခံခြင်းမရှိသည့် ‌ကေအဲန်ယူကလည်း သမ္မတဦးသိန်းစိန်သည် အရပ် သား အစိုးရမဟုတ်ဘဲ စစ်တပ်‌နောက်ခံသည့် ရုပ်‌သေးအစိုးရသာဖြစ်၍ လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ချက်မှာ လှည့်ကွက် တစ်ခုသာဖြစ်‌ကြောင်း ‌ကေအဲန်ယူ ဒုဥက္ကဌ ပဒို‌စော‌ဒေးဗစ်သက‌ဘောက ‌ထောက်ပြ‌ပြောဆိုလိုက်သည်။

‌စော‌ဒေးဗစ်သက‌ဘော “ဒါ လှည့်ကွက်တစ်ခုပဲ။ လူထုလိုအပ်တာက နိုင်ငံ‌ရေးသမား‌တွေ အားလုံးကို လွှတ်‌ပေးဖို့။ အခုဟာ နိုင် ငံတကာကို မျက်လှည့်ပြ‌နေတာပဲ။ လူထု‌တောင်းဆိုချက်ကို လိုက်‌လျောတာ မဟုတ်ဘူး။ ဒီလို ပြည်သူ့ဆန္ဒကို မလိုက်နိုင်တဲ့ သ‌ဘောက သိန်းစိန်အစိုးရဟာ စစ်တပ်ရဲ့ ကြိုးကိုင်မှု‌အောက်က ရုပ်‌သေးအစိုးရလို့ပဲ မြင်ပါတယ်။”ဟု ဆိုသည်။

အဆိုပါထုတ်ပြန်ချက်အ‌ပေါ် လူ့အခွင့်အ‌ရေး‌စောင့်ကြည့်အဖွဲ့(HRW)နှင့် အဂင်္လန်အ‌ခြေစိုက် မြန်မာ့အ‌ရေး လှုပ်ရှားသည့်အဖွဲ့ (Burma Campaign UK)တို့ကလည်း ‌ကြေညာချက်ထုတ်ကာ ‌ဝေဖန်ရှုတ်ချလိုက်သည်။

Burma Campaign UK ၏ ဒါရိုက်တာ Mark Farmaner က “ဒါ အ‌တော်စိတ်ပျက်ဖို့‌ကောင်းပါတယ်။ ဒါ‌ပေမဲ့ သိန်းစိန်ဟာ ဒီမို က‌ရေစီ လှုပ်ရှားသူ‌တွေကို ‌ထောင်ချထားဆဲမို့ အံ့ဩစရာ‌တော့ မရှိပါဘူး။ ဒါဟာ ဗမာပြည်ရဲ့ တကယ့်အ‌ပြောင်းအလဲကြီး မဟုတ်‌သေးပါဘူး။”ဟု ‌ကြေညာချက်တွင် ‌ပြောဆိုထားသည်။

အမိန့်အမှတ် ၂၈/၂၀၁၁ဖြင့် ထုတ်ပြန်သည့် သမ္မတ၏ အမိန့်‌ကြေညာချက်သည် နဝတ စစ်အစိုးရ တက်လာစအချိန်က ၄/၈၉ အမိန့်‌ကြေညာချက်ဖြင့် ထုတ်ပြန်ခဲ့‌သော အကျဉ်းသားများနှင့်ဆိုင်သည့် အမိန့်‌ကြေညာချက်များအတိုင်း နိုင်ငံတကာ ဖိအား ‌လျော့ကျ‌ရေးနှင့် နိုင်ငံ‌ရေး အကျဉ်းသားများ အမှန်တကယ် မလွတ် ‌မြောက်‌ရေး ရည်ရွယ်ချက်ဖြင့် ထုတ်ပြန်ခဲ့သည့် လွတ်ငြိမ်း ချမ်းသာခွင့်အတု ‌ကြေညာချက်သာဖြစ်‌ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်‌ပေါင်းစုအဖွဲ့ကြီး၊ ၈၈မျိုးဆက်‌ကျောင်းသား များနှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ‌ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ယ‌နေ့ ‌ကြေညာချက်ထုတ်ပြန် ‌ဝေဖန်လိုက်သည်။

နိုင်ငံ‌တော်သမ္မတ၏ အမိန့်ထုတ်ပြန်ချက်တွင် (က)‌သေဒဏ်ချမှတ်ခံရသူများအတွက် ‌ထောင်ဒဏ်တစ်သက်သို့လည်း‌ကောင်း (ခ)‌ထောင်ဒဏ်ကျခံ‌နေရသူများသည် ယင်းတို့အ‌ပေါ် သတ်မှတ်ထား‌သော ‌ထောင်ဒဏ်ကို ‌ထောင်ဒဏ်ရရှိပြီး‌သော ‌လျော့‌ပေါ့ ရက်များအပြင် တနှစ် ထပ်မံ ‌လျော့‌ပေါ့ရရှိ‌စေရန်လည်း‌ကောင်း လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်‌သော်လည်း အကျဉ်း‌ထောင် အ သီးသီးရှိ နိုင်ငံ‌ရေးအကျဉ်းသား ၂၂၀၀‌ကျော်ကို လွှတ်မ‌ပေးခြင်းမှာ မြန်မာနိုင်ငံ၏ နိုင်ငံ‌ရေးပြဿနာကို မှန်မှန်ကန်ကန် ‌ဖြေရှင်း လိုခြင်းမရှိ‌ကြောင်း ထင်ရှားသည့်အတွက် အကျဉ်းသားများ လွတ်‌မြောက်‌ရေး ဆက်လက်လှုပ်ရှားကြရန် အဆိုပါအဖွဲ့ ၃ဖွဲ့က တိုက်တွန်းထားသည်။