Home ထိပ်တန်းသတင်း ရွာ‌ပေါင်း ၂ဝမှ လယ်တဲများကို အစိုးရတပ် အဓမ္မ ဖြိုဖျက်ခိုင်း

ရွာ‌ပေါင်း ၂ဝမှ လယ်တဲများကို အစိုးရတပ် အဓမ္မ ဖြိုဖျက်ခိုင်း

1624
‌မေလ ၁၈ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ပဲခူးတိုင်း ‌ကျောက်ကြီးမြို့နယ်အတွင်းရှိ ရွာ‌ပေါင်း ၂ဝမှ လယ်သမားများ၏ လယ်တဲများကို မြန်မာအစိုးရတပ် ‌တောင်ပိုင်းတိုင်း စစ်ဌာနချုပ်-တပခ လက်‌အောက်ခံ ခမရ(၃၄၉) ဒုတပ်ရင်းမှူး ဗိုလ်မှူးရန်ဝင်း ဦး‌ဆောင်သည့်တပ်ဖွဲ့က ‌မေလ ၁၅ရက်‌နေ့မှစ၍ အကုန် ဖြိုဖျက်ခိုင်းသည်ဟု ‌ကျောက်ကြီးမြို့နယ် သတင်းရပ်ကွက်အရ သိရသည်။

‌ကျောက်ကြီးမြို့နယ်အတွင်းရှိ ပတ္တလား၊ သူကဘီး၊ အင်းနက်၊ မူ‌ဂေါ်နှင့် ဝက်လာ‌တော‌ကျေးနယ်အုပ်စုမှ လယ်တဲများမှာ ‌ဒေ သခံ KNLA တပ်ဖွဲ့များ နားခိုနိုင်သည့်‌နေရာဖြစ်သဖြင့် အစိုးရတပ်က ၎င်းတို့ကို ယခုလို ဖြိုဖျက်ခိုင်းခြင်းဖြစ်‌ကြောင်း အမည်မ ‌ဖော်လိုသူ ‌ဒေသခံတဦးက ‌ကေအိုင်စီကို ‌ပြောသည်။

“ကျ‌နော်တို့ လယ်သမား‌တွေကို အခုလို လယ်တဲ‌တွေ ဖြိုဖျက်ခိုင်းတာ အရင်နှစ်တုန်းကလည်း ရှိခဲ့‌ပေမဲ့ ဒီလို ရွာအများနဲ့ ဖျက် ခိုင်းတာ မရှိဘူး။ သူတို့ KNLA တပ်‌တွေ ခို‌အောင်းနိုင်တဲ့‌နေရာဖြစ်တယ်လို့ စွပ်စွဲပြီး ဒီလို မတရားခိုင်းဖျက်‌တော့တာပဲ။ ရွာတိုင်း ‌တော့ ဖျက်တာ မကုန်‌သေးဘူး။ မဖျက်ရင် မီးရှို့ပစ်မယ်လို့ ‌ပြောတယ်။ ‌နောက် တဲအပြင် ‌ကောက်ရိုးပုံမိုးထားတဲ့ အမိုးရုံကို လည်း ဖျက်ခိုင်း‌တော့ ကျွဲ၊ နွား‌တွေအတွက် အစားအစာ အခက်အခဲ ဖြစ်လာနိုင်တယ်။”ဟု ‌ပြောဆိုသည်။

ပဲခူးတိုင်း ‌ကျောက်ကြီးမြို့နယ်အတွင်းရှိ ၎င်းရွာများမှ လူထုများသည် လယ်ယာလုပ်ငန်းကိုသာ အဓိကထား အသက်‌မွေးဝမ်း ‌ကျောင်းအတွက် လုပ်ကိုင်ကြသူများဖြစ်ရာ ထိုနယ်တစ်ဝိုက်တွင် ခန့်မှန်း‌ခြေ လယ်တဲ‌ပေါင်း ၅၀၀‌ကျော် ရှိနိုင်‌ကြောင်း ကရင်အ မျိုးသားအစည်းအရုံး-KNU၏ ‌ကျောက်ကြီးမြို့နယ် ဥက္ကဌ ပဒို‌စောနဲထူးဗျိုင်းက ‌ပြောသည်။

“ဒါက ‌ဒေသခံရွာ‌တွေကို အနုနည်းနဲ့ ‌မောင်းထုတ်တာလည်း ဖြစ်နိုင်တယ်။ ဘာဖြစ်လဲဆို‌တော့ သူတို့(အစိုးရ) နယ်‌မြေစိုးမိုး‌ရေး ဗျူဟာတစ်ခုပဲ။ ‌နောက် သူတို့‌တွေ ‌ဒေသခံရွာ‌တွေကို ဒီလို အတင်းလယ်တဲ‌တွေ လိုက်ဖျက်ခိုင်း‌တော့ ပြဿနာ‌တော့ ‌တော် ‌တော်ကြီးတယ်။ ‌ကောက်ရိုးရုံအမိုးဖျက်ရင် ‌ကောက်ရိုးပုပ်သိုးပြီး ကျွဲ၊ နွား‌တွေ စားလို့ မရ‌တော့ဘူး။ ‌နောက် လယ်လုပ်တဲ့အခါ လယ်သမား‌တွေက ‌နေစရာ ဘယ်ရှိ‌တော့မှာလဲ။”ဟု ‌ပြောသည်။

လယ်တဲဖြိုဖျက်ခိုင်းခံရသည့် အဆိုပါရွာများမှာ ပတ္တလား၊ ဟိဖိုးဒဲ၊ ‌တောခို့၊ ပယ်‌အော‌တော၊ ထိပ်‌ပေါက်၊ ဝက်လာ‌တော၊ ဓါးကုလား၊ သူးကဘီး၊ မ‌တောကူး၊ ‌ထောလူခို့၊ ပနာ့နယ်၊ နို့ဖိုး၊ နို့‌ဂေါ်၊ ‌စော်မူတရဲ၊ ထယ့်ထူ၊ ပ‌လော‌လော်ပလယ့်၊ အင်းနက်၊ ကျွန်း ကုန်း၊ တ‌ရေးဆိ‌လော်၊ ‌ညောင်တန်းနှင့် ငပျက်အင်းတို့ ဖြစ်သည်။

‌ကျောက်ကြီးမြို့နယ်တွင် လက်ရှိအချိန်၌ မြန်မာအစိုးရတပ် ‌တောင်ပိုင်းတိုင်းစစ်ဌာနချုပ်-တပခ လက်‌အောက်ခံ ခမရ(၃၄၉)၊ ခမရ(၅၉၉)၊ ခမရ(၅၆၉)၏ အစားထိုးတပ်(တပ်နံပါတ်မသိ‌သေး)၊ ခလရ(၂၆၄)၊ ခလရ(၃၅၁)၊ ခလရ(၆၀)နှင့် KNLA တပ်ရင်း (၉)၊ KNDO တပ်ရင်း(၃)တို့ လှုပ်ရှားလျှက်ရှိသည်။