Home ထိပ်တန်းသတင်း မြဝတီမြို့တွင် ဗုံးတစ်လုံး ‌ပေါက်ကွဲ

မြဝတီမြို့တွင် ဗုံးတစ်လုံး ‌ပေါက်ကွဲ

1639
‌မေလ ၁၉ရက်။ (‌ကေအိုင်စီ)

ကရင်ပြည်နယ် မြဝတီမြို့တွင် ယ‌နေ့မနက် မြန်မာစံ‌တော်ချိန် ၈နာရီခွဲခန့်အချိန်၌ ဗုံးတစ်လုံး ‌ပေါက်ကွဲခဲ့သည်ဟု မြို့ခံများက ‌ပြောသည်။

မြို့ခံ အမျိုးသမီးတဦးက “ဒီမနက်မှာ မြဝတီမြို့ စာတိုက်ဝင်းထဲက အများသုံးဖုန်းရုံထဲမှာ ဗုံးတ လုံး ‌ပေါက်ကွဲသွားတယ်။ အဲဒီနားက သံဇကာတံခါး‌တော့ ‌ပေါက်ကွဲတဲ့အရှိန်နဲ့ လွှင့်ထွက်သွားပြီး ပစ္စည်း‌တွေ နည်းနည်းပျက်စီးသွားတယ်။ လူ‌တွေ ထိခိုက်ဒဏ်ရာရတာ မရှိ ဘူး။”ဟု ‌ပြော သည်။

အဆိုပါ ဗုံး‌ပေါက်ကွဲသည့် ‌နေရာမှာ စာတိုက်နှင့် ‌ကြေးနန်းဆက်သွယ်‌ရေးဌာနဝင်းအတွင်း ဖြစ် ပြီး မြဝတီမြို့ ရဲစခန်းနှင့် နီးသည်ဟု သိရသည်။