Home ထိပ်တန်းသတင်း ကားလမ်း‌ဘေးချုံရှင်းရန် ‌ဒေသခံများ အဓမ္မခိုင်း‌စေခံရ

ကားလမ်း‌ဘေးချုံရှင်းရန် ‌ဒေသခံများ အဓမ္မခိုင်း‌စေခံရ

2145
‌မေလ ၂ဝရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ပဲခူးတိုင်းအတွင်းရှိ အစိုးရလှုပ်ရှားတပ် ‌တောင်ပိုင်းတိုင်းစစ်ဌာနချုပ်-တပခ ခလရ(၃၄၉)တပ်ရင်းသည် ‌ကျောက်ကြီးမြို့နယ်ရှိ ‌ကျေးရွာ ၁ဝရွာ‌ကျော်မှ ရွာသူရွာသားများကို နံ့သာကွင်း-‌ကျောက်ကြီးမြို့နှင့် ‌ကျောက်ကြီးမှ ‌ကျောက်‌မော်သို့သွားသည့် ကား လမ်းတစ်ဖက်တချက်ကို ခုတ်ထွင်ရှင်းလင်းရန် ယခုလ တတိယအပတ်မှစ၍ အဓမ္မခိုင်း‌စေခဲ့သည်ဟု သိရသည်။

အဆိုပါတပ်များသည် ထို‌ဒေသတွင် လှုပ်ရှား‌နေသည့် ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(KNLA)၏ တိုက်ခိုက်မှုကို မခံရရန်အတွက် ယခုလို ကားလမ်းရှင်းခိုင်းခြင်းဖြစ်‌ကြောင်းကို ရွာသားတစ်ဦးက ယခုလို ‌ပြောသည်။

ယမန်နှစ်က ‌ကျောက်ကြီးမြို့နယ်မှ အဓမ္မလုပ်အားခိုင်း‌စေခံရသည့် ‌ဒေသခံများ (ဓါတ်ပုံ - FTUK)
“ကားလမ်း‌ဘေးက ချုံ‌တွေကို ရှင်းခိုင်းတာပဲ။ ကျ‌နော်တို့ခုတ်တာ အခုလ ၁၈ရက်မှ ပြီးတယ်။ ကားလမ်းကို ရှင်းလို့ရှိရင် ‌ကော် သူး‌လေတပ်‌တွေက ကားလမ်းတ‌နေရာရာမှာ ဖြတ်လာရင် အ‌ဝေးက‌နေ မြင်နိုင်တဲ့အတွက် ကျ‌နော်တို့ကို သူတို့(အစိုးရတပ်) က ဒီလိုခိုင်းတယ်‌လေ။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ကားလမ်းခုတ်ထွင် ရှင်းလင်း‌ရေးတွင် ‌ညောင်တန်း၊ အင်းနက်၊ မ‌တောကူး၊ နို့ဖိုး၊ သူးကဘီး‌ကျေးရွာလူထုက ‌ခြေလျင်ဖြင့် ၂နာရီ ခရီးသွားရသည့် နံ့သာကွင်း-‌ကျောက်ကြီးကားလမ်းကိုလည်း‌ကောင်း၊ ပတ္တလား၊ ဟိဖိုးဒဲ၊ ‌တောခို့၊ ပ‌အော‌တော၊ ထိပ်‌ပေါက်၊ ဓါး ကုလားနှင့် ဝက်လာ‌တော‌ကျေးရွာလူထုက ‌ခြေလျင်ဖြင့် ၃နာရီခရီး သွားရသည့် ‌ကျောက်ကြီး-‌ကျောက်‌မော်ကားလမ်းကိုလည်း ‌ကောင်း အဓမ္မလုပ်အား‌ပေးခဲ့ရသည်ဟု သိရသည်။

အစိုးရစစ်တပ်အတွက် လုပ်အား‌ပေးသွားခဲ့ရသည့် အဆိုပါ ‌ကျေးရွာလူထုများသည် အသက် ၁ဝနှစ်အရွယ် က‌လေးမှ အသက် ၆ဝနှစ်အရွယ်အထိ ပါဝင်ပြီး ပျမ်းမျှအားဖြင့် ထက်ဝက်ခန့်စီရှိသည်ဟု ‌ဒေသခံလူထုက ‌ပြောသည်။

ထို့အပြင် ‌ကျောက်ကြီးမြို့နယ်အတွင်းရှိ အစိုးရလှုပ်ရှားတပ် ခလရ(၃၄၉)တပ်ရင်းသည် ၎င်းတို့တပ်စခန်းတခုဖြစ်သည့် ဘုရား ‌လေးကုန်းစခန်းအမိုးအတွက် ထို‌ဒေသရှိ ပတ္တလား၊ သူးကဘီး၊ အင်းနက်၊ မူ‌ဂေါ်နှင့် ဝက်လာ‌တော ‌ကျေးနယ်အုပ်စုတို့ကို အိမ် မိုးဖက်ကယ် ၁၅ဝပျစ်စီ ‌တောင်းခံခဲ့ပြီး ‌မေလ ၁၆ရက်၌ အ‌ရောက်ပို့‌ပေးခဲ့ရသည်။

ခလရ(၃၄၉)သည် ‌ဒေသခံလူထုများကို အဓမ္မခိုင်း‌စေမှုများ ရှိသလို အဓမ္မ‌တောင်းခံမှုများ မပြတ်တမ်း လုပ်‌ဆောင်‌နေသည့်အ ‌ပေါ် ‌ဒေသခံလူထု၏ ကိုယ်ပိုင်အလုပ်ကို များစွာ ထိခိုက်‌ကြောင်း KNU ‌ကျောက်ကြီးမြို့နယ် ဥက္ကဌ ပဒို‌စောနဲထူးဗျိုင်းက ‌ပြော သည်။

သူက “‌မေလ ၁၅ရက်‌နေ့ကစလို့ လူထု‌တွေကို လယ်တဲဖျက်ခိုင်း၊ ကားလမ်းချုံခုတ်ခိုင်း၊ အိမ်မိုးဖက်ကယ် ပို့ခိုင်း။ လူထုက ဒါ ကို တခုချင်း လိုက်လုပ်‌နေရတာ။ ကျ‌နော်တို့က ဒီမှာ‌နေ‌တော့ ကိုယ့်လူထုရဲ့ အ‌ခြေအ‌နေကို သိတယ်‌လေ။ ဖြစ်နိုင်ရင် နိုင်ငံတ ကာက ဒါကို အ‌လေးအနက်ထားပြီး‌တော့ လုပ်သင့်တာ လုပ်‌ပေး‌စေချင်တယ်။”ဟု ‌ပြောဆိုသည်။

ပဲခူးတိုင်း၊ ‌ကျောက်ကြီးမြို့နယ်တွင် အစိုးရစစ်တပ် ‌တောင်ပိုင်းတိုင်းစစ်ဌာနချုပ်-တပခ ခမရ(၃၄၉)၊ ခမရ(၅၉၉)၏ အစားထိုး တပ်(တပ်နံပါတ် မသိရ‌သေး)၊ ခလရ(၂၆၄)၊ ခလရ(၃၅၁)နှင့် ခလရ(၆၀)တို့ အ‌ခြေစိုက် လှုပ်ရှားလျှက်ရှိပြီး ‌ဒေသခံလူထုများ အ‌နေဖြင့် သစ်ခုတ်၊ ဝါးခုတ်၊ တပ်စခန်းကာရန်နှင့် ကားလမ်း‌ပေါက်သည့် အဓမ္မ လုပ်အား‌ပေးခိုင်း‌စေမှုများကို အမြဲ လုပ်‌ဆောင် ‌ပေး‌နေရသည်ဟု ‌ကျောက်ကြီးမြို့နယ် သတင်းရပ်ကွက်အရ သိရသည်။