Home ထိပ်တန်းသတင်း မယ်လနှင့် အုန်းဖျန်ဒုက္ခသည်စခန်း တွင် လူဦး‌ရေ စစ်‌ဆေး

မယ်လနှင့် အုန်းဖျန်ဒုက္ခသည်စခန်း တွင် လူဦး‌ရေ စစ်‌ဆေး

1709

‌မေလ ၂၄ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ ထမ့်‌ဆောင်ယန်းမြို့နယ်နှင့် ဖုတ်ဖရမြို့နယ် သက်ဆိုင်ရာ တာဝန်ရှိသူ ထိုင်းအာဏာပိုင်များက ထိုင်း-မြန်မာ နယ်စပ်အ‌ခြေစိုက် မယ်လနှင့် အုန်းဖျန်ဒုက္ခသည်စခန်းအတွင်းရှိ လူဦး‌ရေစာရင်း အမှန်သိလိုသည့် အ ‌ကြောင်းပြချက်ဖြင့် ယမန်‌နေ့မှစ၍ အဆိုပါ စခန်းနှစ်ခု၏ လူဦး‌ရေစာရင်းကို စတင်စစ်‌ဆေးခဲ့သည်။

မယ်လစခန်း ဥက္ကဌ ‌စောထွန်းထွန်းက “စခန်းထဲမှာ လူဦး‌ရေစာရင်း‌တွေကို NGOs တမျိုး၊ KRC က တမျိုး၊ သူတို့(ထိုင်းအာ ဏာပိုင်)‌တွေတမျိုး မတူတဲ့အခါကျ‌တော့ ဒီလို စစ်‌ဆေးမှု‌တွေ လာလုပ်တာဖြစ်တယ်။ ထိုင်းအစိုးရညွှန်ကြားလို့ မဟုတ်ဘဲ ဒုက္ခသည်စခန်းကို ကိုင်တွယ်‌နေတဲ့ ခရိုင်နဲ့ မြို့နယ်အဆင့်ရှိသူ ထိုင်းအာဏာပိုင်‌တွေရဲ့ အစီအစဉ်သာဖြစ်ပါတယ်။ လူဦး ‌ရေလာစစ်တာတခုတည်းနဲ့‌တော့ ဘာမှ အကျိုးသက်‌ရောက်မှု မရှိနိုင်ပါဘူး။ ‌နောက် လူစစ်‌ဆေးစဉ် စခန်းအတွင်းမှာ မရှိဘဲ ခရီးလွန်‌နေတဲ့သူ‌တွေကို နာမည်စာရင်းမှတ်ထားပါတယ်။ လုံးဝဖျက်လိုက်တာ‌တော့ မရှိဘူး။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ဒုက္ခသည်စခန်း ၇ခုရှိသည့်အနက် မယ်လနှင့် အုန်းဖျန်ဒုက္ခသည်စခန်း နှစ်ခုကိုသာ လူဦး ‌ရေစစ်‌ဆေးမှုများ ပြုလုပ်‌နေခြင်းသည် သက်ဆိုင်ရာ ဒုက္ခသည်စခန်းများကို တာဝန်ယူ‌ပေး‌နေသည့် ‌ဒေသခံ ထိုင်းအာဏာ ပိုင်များ၏ အ‌ပေါ်တွင် မူတည်သည်ဟု သူက ဆက်‌ပြောသည်။

သို့‌သော် မယ်လနှင့် အုန်းဖျန်ဒုက္ခသည်စခန်းအတွင်း ‌နေထိုင်သည်သည့် လူများကို ယခုလို ထိုင်းအာဏာပိုင်များ၏ လာ ‌ရောက်စစ်‌ဆေးခြင်းနှင့်ပတ်သက်၍ မည်သည့် အ‌ကြောင်း‌ကြောင့်ဖြစ်‌ကြောင်း တပ်အပ် မ‌ပြောနိုင်ဟု ကရင်ဒုက္ခသည်များ ‌ကော်မတီ (KRC) က ‌ပြောသည်။

မယ်လဒုက္ခသည်စခန်း(‌ကေအိုင်စီ)

လူဦး‌ရေစစ်‌ဆေးရာ၌ စခန်းအတွင်းရှိ ‌နေထိုင်သည့်သူ ဒုက္ခသည်များထဲတွင် ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်း ကြီးရုံး(UNHCR) မှတ်ပုံ တင်ထားသူ လူ‌ဟောင်းများကို ဦးစွာ စစ်‌ဆေးသွားမည်ဖြစ်ပြီး ထိုမှတဆင့် UNHCR မှတ်ပုံမတင်ရ ‌သေးသူ လူသစ်များကို ဆက်လက်စစ်‌ဆေးသွားမည်ဖြစ်‌ကြောင်း သိရသည်။

ထို့အပြင် အုန်းဖျန်စခန်း၌ ဒုက္ခသည်ဦး‌ရေ လာစစ်‌ဆေး‌နေသည့် ထိုင်းအာဏာပိုင်များသည် တလအတွင်းပြီး‌စေရန် မြန် သထက်မြန်‌အောင် စစ်‌ဆေး‌ပေး‌နေ‌သော်လည်း မယ်လစခန်းမှာမူ ၄လသတ်မှတ်ထားပြီး တရက်လျှင် အိမ်‌ထောင်စု ၅ဝ သာ စစ်‌ပေးမည်ဖြစ်သည်ဟု သက်ဆိုင်ရာ ရပ်ကွက်ရုံးတွင် စာကပ်ထား‌ကြောင်း မယ်လဒုက္ခသည်များက ဆိုသည်။ သို့ ‌သော် လူဦး‌ရေအမြန်စစ်‌ဆေးပြီး‌စေရန် လာမည့်ရက်များအတွင်း မယ်လစခန်းတွင် လူစစ်‌ဆေးခြင်း အစီအစဉ်‌ပြောင်းလဲ ‌ပေးမည်ဟု ထိုင်းအာဏာပိုင်များက ‌ပြော‌ကြောင်း မယ်လစခန်း တာဝန်ရှိသူများက ဆိုသည်။

အုန်းဖျန်စခန်း လူမှု‌ရေးတာဝန်ခံ ‌စောထူးကလယ်က “ကျ‌နော်တို့ စခန်းမှာ‌တော့ ရပ်ကွက် ၁၆ခုရှိပြီး‌တော့ အခုဆိုရင် တရက်ကို ရပ်ကွက် ၂ခု စစ်တယ်။ ဒီ‌နေ့ ရပ်ကွက် ၄ခု ပြီး‌နေပြီ။”ဟု ရှင်းပြသည်။

မယ်လစခန်း ဇုံ‌အေ ရပ်ကွက်(၁)တွင်‌နေထိုင်သည့် အမျိုးသမီးတစ်ဦးက “ ကျမတို့ရပ်ကွက်မှာကျ‌တော့ တရက်ကို အိမ် ‌ထောင်စု ၇၄စု သတ်မှတ်ထားပြီးစစ်တယ်။ စစ်တာက‌တော့ အမြန်နည်းနဲ့ပဲစစ်တယ်။ အိမ်‌ထောင်စုတစုလုံးကို တခါတည်း စုပြီး ဓါတ်ပုံလိုက်တာပဲ။ ကျမတို့အိမ်‌ထောင်စုက တ‌ယောက်မရှိ‌တော့ စားရင်းက‌နေ ပယ်ဖျက်ခံရ လိုက်ရတယ်”ဟု ‌ပြော သည်။

ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်မြို့ ‌မြောက်ဘက်မှ ၄၅ ကီလိုမီတာ ကွာ‌ဝေးသည့် ရပ်ကွက်‌ပေါင်း (၂၂)ခုရှိ မယ်လဒုက္ခ သည်စခန်းသည် လူဦး‌ရေ ၄ ‌သောင်း‌ကျော် ရှိပြီး မဲ‌ဆောက်မြို့‌တောင်ဘက်မှ ၇၅ ကီလိုမီတာ ကွာ‌ဝေးသည့် ရပ်ကွက်(၁၆) ခုရှိ အုန်းဖျန်ဒုက္ခသည် စခန်းသည် လူဦး‌ရေ ၂ ‌သောင်း‌ကျော်ရှိသည်ဟု KRC ၏ လစဉ်အစီရင်ခံစာ ဒုက္ခသည်လူဦး‌ရေ စာရင်းတွင် ‌ဖော်ပြထားသည်။