Home ထိပ်တန်းသတင်း တန်ပြန်‌တော်လှန်မှုသာ ဒီ‌ကေဘီ‌အေ၏ အနာဂတ်ပန်းတိုင်

တန်ပြန်‌တော်လှန်မှုသာ ဒီ‌ကေဘီ‌အေ၏ အနာဂတ်ပန်းတိုင်

1856
‌မေလ ၄ရက်။ ‌ခေါင်ဆူလိုင့်

သမ္မတ ဦးသိန်းစိန်၏ အရပ်သားအစိုးရသစ် ‌ပေါ်ထွန်းလာခဲ့‌သော်လည်း ကရင်ပြည်နယ်အတွင်းမှာ‌တော့ ဧပြီလမကုန်ခင်အ တွင်း လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူ‌ဒေသတွင် ဒီ‌ကေဘီ‌အေမှ နယ်ခြား‌စောင့်တပ် ‌ပြောင်းလဲဖွဲ့စည်းလိုက်သည့် အဖွဲ့အချင်းချင်း ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။ အလားတူ ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံရွာကြီးတဝိုက်တွင်လည်း ‌သေနတ်သံများ ဆူညံ ကာ ‌ဒေသခံ ရွာသူရွာသားများမှာ ‌နေ့‌နေ့ညည ကျင်းပုန်းထဲ ‌ရှောင်တိမ်း‌နေရသည်။

ကျိုက်ဒုံ‌ကျေးနယ် မိတန်ရွာသူတစ်ဦးက “တိုက်ပွဲဖြစ်တဲ့အသံ‌တွေက‌တော့ အခုပိုပိုကြားလာရတယ်။ ဒီလပိုင်း၊ ရက်ပိုင်းထဲမှာ ဗုံးကျင်းထဲ ပုန်း‌နေရတာပိုများ‌နေတယ်။ ရွာပြင်ထွက်စရာရှိရင်‌တောင် စစ်တပ်‌တွေ မရှိတဲ့ဘက်ကို ‌ရှောင်ကွင်းသွားလာ‌နေရ တယ်။”ဟု ဆိုသည်။

၎င်းတိုက်ပွဲများမှာ အစိုးရ၏ စစ်တပ်နှင့် နယ်ခြား‌စောင့်တပ် ‌ပြောင်းလဲဖွဲ့စည်းရန်ကို လက်မခံခဲ့သည့် ဒီ‌ကေဘီ‌အေတပ်ဖွဲ့အ ကြား ဖြစ်ပွား‌နေသည့် နယ်စပ်‌ဒေသ စစ်‌ရေးပဋိပက္ခ ‌နောက်ဆက်တွဲပင် ဖြစ်သည်။

မြန်မာစစ်တပ်သည် နှစ်‌ပေါင်း ၂ဝအတွင်း ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်သည့် ‌ရွေး‌ကောက်ပွဲမတိုင်ခင် ၁၉၉၅ခုနှစ်ကတည်း က အပစ်ရပ်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို နယ်ခြား‌စောင့်တပ်အသွင် ‌ပြောင်းလဲဖွဲ့စည်းရန် ၂၀၀၉ ခုနှစ်ဆန်းပိုင်းမှစ၍ ဖိအား‌ပေးလာခဲ့သည်။

ထို့‌ကြောင့် ခန့်မှန်း‌ခြေ တပ်ဖွဲ့ဝင်အင်အား ၁,၂၀ဝခန့်ရှိ ဗိုလ်မှူးကြီး‌စောလားပွယ် (ဗိုလ်နှုတ်ခမ်း‌မွှေး) ဦးစီး‌သော ဒီ‌ကေဘီ‌အေ တပ်မဟာ(၅)အဖွဲ့မှာ နယ်ခြား‌စောင့်တပ်ကို လက်မခံဘဲ ငြင်းဆန်ခဲ့ပြီး ‌ရွေး‌ကောက်ပွဲရက်အတွင်း ကရင်ပြည်နယ်စပ် မြဝတီ မြို့ရှိ ‌နေရာအချို့ကို သိမ်းယူထားပြီး ‌နောက်တစ်ရက်တွင် စစ်တပ်နှင့် မြို့ပြတိုက်ပွဲ ဖြစ်ပွားခဲ့သည်။

“နအဖရဲ့ ဒီ‌ရွေး‌ကောက်ပွဲက မမှန်ကန်ဘူး။ လူထုအ‌ပေါ်လည်း မှန်ကန်မှုမရှိဘူး။ ကရင်လူမျိုး‌တွေအားလုံး ပ‌ပျောက်သွား ‌အောင် လုပ်‌နေတာ။ နအဖ‌တွေက ကျ‌နော်တို့ ကရင်လူမျိုး‌တွေရဲ့ တိုးတက်မှု၊ ပညာ‌ရေးအားလုံးကို ဖျက်ဆီးပစ်တယ်။ ကရင် လူမျိုး‌တွေ အသက်ရှည်‌ပေမဲ့ အသက်မရှိသလိုမျိုးဖြစ်‌အောင် လုပ်‌နေတာ။ ကျ‌နော်တို့က မှန်ကန်တဲ့နည်းလမ်းကို ‌ပေါ်လွင် ‌အောင် လုပ်မယ်။ နအဖ‌ပေးထားတဲ့ (BGF)တံဆိပ်ကို အားလုံး မီးရှို့ဖျက်ဆီးပစ်တယ်။ ကျ‌နော်တို့လုပ်‌နေတာ ကျ‌နော်တို့လူ မျိုးအတွက်ဆို‌တော့ ဆက်လုပ်ရအုံးမယ်‌လေ။”ဟု ‌ရွေး‌ကောက်ပွဲရက်က ‌ကေအိုင်စီကို ‌ပြောဆိုခဲ့သည်။

ဒီ‌ကေဘီ‌အေသည် နအဖ၏ ‌ရွေး‌ကောက်ပွဲရက်အပြီး ၂၀၁ဝခုနှစ်၊ နိုဝင်ဘာလ ၈ရက်‌နေ့မှစ၍ ယခုအချိန်ထိတိုင် စစ်တပ်နှင့် ဆက်တိုက်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ‌ကြောင့် ဗိုလ်နှုတ်ခမ်း‌မွှေး အ‌ခြေစိုက်ရာ မြဝတီ‌တောင်ဘက်ရှိ ‌ဝေါ်‌လေ၊ ဖလူး‌ဒေသများမှ ‌သောင်းနှင့်ချီသည့် ရွာသူရွာသားများမှာ စစ်‌ပြေးဒုက္ခသည်များအဖြစ် ထိုင်းဘက်ခြမ်းသို့ ကစဉ့်ကလျား ‌ရှောင်တိမ်းခိုလှုံ‌နေထိုင် ခဲ့ရသည်။

သို့‌သော် ပြည်တွင်းရှိ ကရင်လူထုအများစုက ဒီ‌ကေဘီ‌အေအဖွဲ့၏ လုပ်ရပ်မှာ မှန်ကန်သင့်‌လျော်‌ကြောင်း ‌ထောက်ခံခဲ့ကြသလို ပြည်ပ‌ရောက် ကရင်များကလည်း ‌ငွေ‌ကြေးအားဖြင့် ‌ထောက်ပံ့ကူညီ အား‌ပေးခဲ့ကြသည်။

မြဝတီမြို့နယ် ‌ရွှေကုက္ကို‌ကျေးရွာမှ ရွာသူတစ်ဦးက “ဗမာ‌တွေဟာ ကရင်အဖွဲ့‌တွေကို တဖွဲ့ပြီးတဖွဲ့ ခွဲထုတ်တယ်။ အခုဆို ဒီ‌ကေဘီ‌အေဟာလည်း နှစ်ဖွဲ့ကွဲထွက်သွားတယ်။ ဒါ‌ပေမဲ့ ဗမာစစ်တပ်နဲ့ ပြန်‌ပေါင်းတာထက် ဗိုလ်နှုတ်ခမ်း‌မွှေးတို့လို ပြန်တိုက် တာက ပို‌ကောင်းတယ်‌လေ။ စစ်တပ်နဲ့‌ပေါင်း‌နေလည်း သူတို့ခွင့်ပြုချက်‌အောက်ကပဲ လုပ်‌နေရတာပဲ။ ကိုယ့်အမျိုးသားအတွက် ဘာမှလုပ်‌ပေးနိုင်တာလည်း မဟုတ်ဘူး‌လေ။”ဟု ဆိုသည်။

‌ရွေး‌ကောက်ပွဲကို ဆန့်ကျင်ကာ စစ်တပ်ကို ပြန်လည်‌တော်လှန်ကာ ဦး‌ဆောင်တိုက်ခိုက်ခဲ့သည့် ဗိုလ်မှူးချုပ်‌စောလားပွယ်ကို ‌နော်‌ဝေအ‌ခြေစိုက် ဘက်မလိုက် လွတ်လပ်‌သော ကရင်လူမှုအဖွဲ့အစည်းက ၂၀၁ဝခုနှစ်၊ ဒီဇင်ဘာလ ၄ရက်‌နေ့က ကရင်အမျိုး သား ဒီမိုက‌ရေစီသူရဲ‌ကောင်းဆု ‌ပေးအပ်ခဲ့သည်။

ထိုဆုနှင့်ပတ်သက်၍ ဗိုလ်မှူးချုပ်‌စောလားပွယ်က “ဒီဆုဟာ ကလို့ထူး‌ဘောက DKBA ရဲ‌ဘော်ရဲဘက်‌တွေအပြင် တိုင်းရင်း သား ပြည်သူလူထုအားလုံးအတွက် ဖြစ်ပါတယ်။ ‌ရှေ့ဆက် မြန်မာနိုင်ငံ ဒီမိုက‌ရေစီနဲ့ ငြိမ်းချမ်း‌ရေးရရှိတဲ့အထိ ကျ‌နော်တို့ ကြိုး ပမ်းသွားမယ်။”ဟု ‌ကေအိုင်စီကို ‌ပြောဆိုခဲ့သည်။

ဆုချီးမြှင့်သည့်အဖွဲ့၏ ‌ပြော‌ရေးဆိုခွင့်ရှိသူ ‌စော‌မောသို ၅၈နှစ်က “ဗိုလ်နှုတ်ခမ်း‌မွှေးက ‌စောဘဦးကြီး မူ‌လေးချက်အရ နအဖ (စစ်တပ်)ကို ပြန်တိုက်မှာပဲ။ သူ့ကို ‌ကေအဲန်ယူနဲ့ ရာသက်ပန်ပြန်‌ပေါင်းဖို့အတွက် ကျ‌နော်တို့အဖွဲ့အ‌နေနဲ့ ဆုချီးမြှင့်ထားတာပဲ။ ဒီ‌တော့ ‌ရှေ့ဆက် သူ့ကိုယ်ကျိုးထက် အမျိုးသား‌ရေးအကျိုးကို ရပ်တည်‌စေချင်ပါတယ်။”ဟု ‌ပြောသည်။

ဒီ‌ကေဘီ‌အေ၏ လက်ရှိ ရပ်တည်ချက်နှင့် လုပ်‌ဆောင်ချက်သည် ‌ကေအဲန်ယူနှင့် တစ်ထပ်တည်း ဖြစ်သည့်အတွက် ‌ရှေ့ဆက် လက်တွဲလုပ်‌ဆောင်လိုပါက ကြိုဆိုလျှက်ရှိ‌ကြောင်း ‌ကေအဲန်ယူ ဒုဥက္ကဌ ပဒို‌စော‌ဒေးဗစ်သက‌ဘောက ‌ပြောသည်။

“ဒီ‌ကေဘီ‌အေက‌တော့ မာနယ်ပ‌လောကျရင် ကရင်ပြည်နယ်ရဲ့ အစိုးရပဲ ဖြစ်‌တော့မလိုလို အ‌ပြော‌တွေနဲ့ နအဖရဲ့ အလိမ်ခံခဲ့ရ တယ်။ အရင်က‌တော့ စစ်အာဏာရှင်။ အခုက သိန်းစိန် အာဏာရှင်အစိုးရပါပဲ။ လက်ရှိမှာ ဒီ‌ကေဘီ‌အေက အာဏာရှင် ပြုတ် ကျ‌ရေး၊ ဒီမိုက‌ရေစီနဲ့ ငြိမ်းချမ်း‌ရေးအတွက် တိုက်ပွဲဝင်‌နေတယ်ဆို‌တော့ ‌ကေအဲန်ယူနဲ့ ရည်မှန်းချက်ချင်း တူ‌နေတယ်။ ဒီအ တွက် ‌နောက်ဆို ‌ကေအဲန်ယူနဲ့ ပူး‌ပေါင်းဖို့ဆန္ဒရှိရင် ကျ‌နော်တို့က ကြိုဆို‌နေတာပါပဲ။”ဟု ‌စော‌ဒေးဗစ်သက‌ဘောက ဆိုသည်။

ပြီးခဲ့သည့် ဧပြီလ ၂၁ရက်‌နေ့က ‌ကေအဲန်အယ်လ်‌အေ တပ်မဟာ(၇)ထံသို့ ထွက်‌ပြေး‌ရောက်ရှိလာသည့် နယ်ခြား‌စောင့်တပ် (၁၀၁၆)မှ တပ်ကြပ် ‌စောကံ‌ကောင်းက ဗိုလ်မှူးချုပ်‌စောလားပွယ်၏လုပ်ရပ် မှန်ကန်သည့်အ‌ပေါ် မိမိတို့အ‌နေဖြင့် ‌ထောက်ခံ ‌ကြောင်း ယခုလို ‌ပြောသည်။

တပ်ကြပ်‌စောကံ‌ကောင်းက “ဖူးနှုတ်ခမ်း‌မွှေး(‌စောလားပွယ်)လုပ်ရပ်ဟာ မှန်ကန်ပြီး အ‌ကောင်းဆုံးပါပဲ။ ဒါ‌ပေမဲ့ ကျ‌နော်တို့ ‌ခေါင်း‌ဆောင်‌တွေ နယ်ခြား‌စောင့်တပ် လက်ခံလိုက်တဲ့အ‌ပေါ် ‌အောက်‌ခြေတပ်သားအဖြစ် ကျ‌နော်တို့က သူတို့နဲ့ လိုက်ပါခဲ့ရ တာ‌ပေါ့။ တကယ်‌တော့ ကျ‌နော်တို့စိတ်‌တွေကလည်း ဖူးနှုတ်ခမ်း‌မွှေးတို့ဆီမှာပဲ ရှိပါတယ်။”ဟု ဆိုသည်။

လက်ရှိအချိန်တွင် နယ်ခြား‌စောင့်တပ်ကို လက်ခံခဲ့သည့် ယခင် ဒီ‌ကေဘီ‌အေတပ်ဖွဲ့ဝင်များမှာ တင်းကြပ်သည့် စစ်စည်းကမ်း သတ်မှတ်ချက်များ‌ကြောင့် လစာ၊ ရိက္ခာရရှိသည့်တိုင် အခက်အခဲရှိ‌နေကြသည်။ ၎င်းအပြင် နယ်ခြား‌စောင့်တပ်ဖွဲ့ဝင်များ၏ သွားလာ‌ရေးသည်လည်း မိမိတပ်ရင်းမှူး၏ လက်မှတ်အပြင် စစ်ဖက်‌ရေးရာ အထူးလုံခြုံ‌ရေးအဖွဲ့(စအဖ)၏ ‌ထောက်ခံချက်ပါ ရရှိမှသာ သွားလာနိုင်သည့်အ‌ပေါ် ဒီ‌ကေဘီ‌အေအ‌နေဖြင့် ရပ်တည်မှုထက် စိတ်ကျဉ်းကြပ်ရ‌ကြောင်း နယ်ခြား‌စောင့်တပ်မှူး တစ်ဦးက ‌ပြောပြသည်။

အင်အားကြီးမားသည့် အစိုးရစစ်တပ်ကို ‌ပြောက်ကျားတိုက်ပွဲများဖြင့် ‌တော်လှန်တိုက်ခိုက်‌နေရသည့် ဒီ‌ကေဘီ‌အေအ‌နေဖြင့် လက်နက်ခဲယမ်းနှင့် စားနပ်ရိက္ခာများအတွက် ရန်ပုံ‌ငွေရရှိရန် ၎င်းတို့‌ပြောက်ကျားလှုပ်ရှားရာ နယ်‌မြေများတွင် အခွန်‌ငွေများ ‌ကောက်ခံသည့် ‌ကြေညာချက်ကို ယခုနှစ်ဆန်းပိုင်းက ထုတ်ပြန်ထားခဲ့သည်။

၎င်းအပြင် ဗိုလ်မှူးချုပ်‌စောလားပွယ်သည် ယခင်က မူးယစ်‌ဆေးဝါး ထုတ်လုပ်‌ရောင်းဝယ်သည်ဟု သတင်းများ ထွက်‌ပေါ်ခဲ့ သည့်အ‌ပေါ် လက်ရှိ လုပ်ရပ်အတွက် ယုံကြည်မှု မည်မျှရှိနိုင်မည်ကို သူနှင့် လက်တွဲတိုက်ပွဲဝင်ခဲ့ဖူးသူ အ‌မေရိကန်‌ရောက် ‌ကေအဲန်အယ်လ်‌အေ တပ်မှူး‌ဟောင်းတစ်ဦးက ယခုလို ‌ပြောဆိုသည်။

“ကရင့်‌တော်လှန်‌ရေး အစပိုင်းကလည်း ဓားပြတိုက်တာပဲ။ ရန်ပုံ‌ငွေပိုက်ဆံမရှိလို့ ဓားပြတိုက်ပြီး ‌သေနတ်ဝယ်တယ်။ ဒါ ကရင့် ‌တော်လှန်‌ရေးဖြစ်စဉ်။ သူတို့(ဗိုလ်နှုတ်ခမ်း‌မွေး)လည်း ငြိမ်းချမ်း‌ရေးလုပ်‌နေတဲ့ကာလမှာ ပိုက်ဆံမရှိလို့ မူးယစ်‌ဆေးဝါး လုပ်ချင် လည်းလုပ်မှာပဲ။ အဲဒီ‌တော့ မူးယစ်‌ဆေးဝါးလုပ်လို့ရတဲ့‌ငွေ‌တွေနဲ့ ကျည်ဆံဝယ်ပြီး သူတို့ ပြန်ချမယ်။ မူးယစ်‌ဆေးဝါးနဲ့ကင်းတဲ့ ဗမာပြည်ရဲ့ ‌တော်လှန်‌ရေးအဖွဲ့က‌တော့ အ‌တော်နည်းမယ် ထင်တယ်။ ဆိုတာက အပြစ်ကိုမရှာကြနဲ့။ အဓိကတိုက်ရမှာက ရန်သူဖြစ်ရမယ်။ ဒီ‌တော့ ရန်သူရဲ့ရန်သူဟာ မိတ်‌ဆွေဖြစ်တယ်ဆိုတဲ့ ဒဿနအတိုင်း ကျ‌နော်တို့ ကျင့်သုံးရမှာပဲ။”ဟု ဗိုလ်မှူး ‌ဟောင်းမန်းကီးဒိုဇန်က ‌ပြောသည်။

ယခုနှစ် မတ်လတွင် စစ်တပ်‌နောက်ခံသည့် နအဖ ဗိုလ်ချုပ်မှူး‌ဟောင်းများ ပါဝင်သည့် ပြည်‌ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုး‌ရေးပါတီမှ အစိုးရသစ်အဖြစ် နိုင်ငံကို အုပ်ချုပ်သွားမည့်အ‌ပေါ် ဒီ‌ကေဘီ‌အေအ‌နေဖြင့်လည်း ‌တော်လှန်သည့် ‌ပြောက်ကျားတိုက်ပွဲများကို သာ ဆက်လက် ဆင်နွဲသွားမည်ဖြစ်‌ကြောင်း ကလို့ထူး‌ဘော အ‌ခြေစိုက် G2 စစ်ဆင်‌ရေးမှူး ဗိုလ်မှူး‌စောဆန်း‌အောင်က ‌ကေ အိုင်စီကို ‌ပြောဆိုခဲ့သည်။

ပြည်ပ‌ရောက် ကရင်ပြည်သူတစ်ဦးက “ဗိုလ်နှုတ်ခမ်း‌မွှေးတို့နဲ့ ပတ်သက်လာရင် ရန်သူကို ပြန်တိုက်‌နေတယ်ဆို‌တော့ ကျ‌နော် တို့က သိပ်ကြိုဆိုတာ‌ပေါ့။ ရန်သူကို တိုက်‌နေသမျှ ကာလပတ်လုံး ကရင်ပြည်သူ‌တွေကလည်း ‌ထောက်ခံတယ်။ နိုင်ငံတကာ ‌ရောက် ကရင်‌တွေကလည်း တမျိုးသားလုံးရဲ့ရန်သူကို ဆန့်ကျင်‌နေရင်‌တော့ ‌ထောက်ခံရုံတင်မကဘူး ဝိုင်းဝန်းပံ့ပိုးမယ်ဆိုတဲ့ သ‌ဘောထားရှိတယ်။ ကရင့်ရဲ‌ဘော်‌တွေဟာ ပြည်သူ့ရဲ‌ဘော်‌တွေပဲ။ တစ်‌နေ့ ကရင်အလံတစ်ခုတည်း‌အောက်မှာ၊ အဖွဲ့တစ်ခု တည်း‌အောက်မှာ အတူလက်တွဲတိုက်ရမှာဖြစ်တယ်လို့ ကျ‌နော်က အကြွင်းမဲ့ ယုံကြည်ထားပါတယ်။”ဟု ‌ပြောသည်။