Home ထိပ်တန်းသတင်း နို့ဖိုးစခန်းတွင် ငှက်ဖျားကူးစက်မှု များပြားလာ

နို့ဖိုးစခန်းတွင် ငှက်ဖျားကူးစက်မှု များပြားလာ

1505
ဇွန်လ ၃ရက်။ နန်း‌ဖော့‌ဂေ (‌ကေအိုင်စီ)

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် အုန်းဖန်မြို့နယ်အတွင်းရှိ နို့ဖိုးဒုက္ခသည်စခန်းတွင် ‌မေလမှစ၍ ယခုအချိန်ထိ ငှက်ဖျား‌ရောဂါ ကူးစက်မှု နှုန်းမှာ ယခင်ကထက် ပိုမိုများပြားလာ‌ကြောင်း ‌ကေအိုင်စီက စုံစမ်းသိရှိရသည်။

စခန်းတွင်းရှိ ARC ‌ဆေးရုံမှ ဝါရင့်ကျန်းမာ‌ရေးဝန်ထမ်းတစ်ဦးက “အရင်ကဆို တစ်လကို ငှက်ဖျားဖြစ်တဲ့သူ‌တွေက ၅‌ယောက်၊ ၆‌ယောက်‌လောက်ပဲ။ ဒီ‌မေလအတွင်းမှာ‌တော့ ငှက်ဖျားကူးစက်မှုက မြင့်တက်လာပြီး တစ်လအတွင်း လူနာ ၂၅ဦး‌လောက် ရှိ လာတာကို ‌တွေ့ရတယ်။”ဟု ဆိုသည်။

ယင်းသို့ ငှက်ဖျား‌ရောဂါကူးစက်လာရခြင်းမှာ စခန်းတွင်း ‌နေထိုင်သူများက စားဝတ်‌နေ‌ရေးအတွက် အပြင်ထွက်၍ အလုပ်လုပ် ကိုင်ရာမှ စခန်းအတွင်းနှင့် အပြင်ကို ဝင်ထွက်မှုများသည့် အ‌ကြောင်းရင်းများ‌ကြောင့် ဖြစ်နိုင်‌ကြောင်း ‌ဆေးဝန်ထမ်းများက ခန့် မှန်း‌နေကြ‌သော်လည်း စခန်းပြင်မထွက်သည့် ဒုက္ခသည်များလည်း ငှက်ဖျားဖြစ်ပွားမှုများ ရှိလာသည်ကို ‌တွေ့‌နေရသည်ဟု သိ ရသည်။

လက်ရှိအချိန်တွင် ‌ရောဂါဖြစ်ပွားသူများကို စခန်း‌ဆေးရုံ၌သာ ကုသရင်း ကူးစက်ရခြင်း၏ အရင်းအမြစ်ကို အ‌ဖြေရှာ‌နေဆဲဖြစ် ‌ကြောင်းလည်း ၎င်းကျန်းမာ‌ရေးဝန်ထမ်းက ယခုလို ‌ပြောသည်။

“‌ရောဂါကုသမှုကို‌တော့ ‌ဆေးရုံမှာပဲ ထားပါတယ်။ အခုဟာ စခန်းပြင်ထွက်သူ‌တွေတင်မကဘူး။ စခန်းတွင်းမှာပဲ ‌နေထိုင်သူ ‌တွေလည်း ကူးစက်ဖြစ်ပွား‌နေတယ်ဆို‌တော့ ‌ဆေးဝန်ထမ်း‌တွေလည်း ကုသရင်းနဲ့ ‌ရောဂါကူးစက်ရတဲ့ အ‌ကြောင်းရင်းကို အ ‌ဖြေရှာ‌နေပါတယ်။”ဟု သူက ‌ပြောပြသည်။

စခန်းပြင်ပရှိ ငြုပ်သီးစိုက်ခင်းတွင် ‌နေ့စားအလုပ် သွား‌ရောက်လုပ်ကိုင်သူ ဒုက္ခသည်တစ်ဦးက “စခန်းထဲမှာ‌နေတာ ဝင်‌ငွေမရှိ ‌တော့ အပြင်မှာ အလုပ်ထွက်လုပ်တယ်။ အဲလိုသွားလုပ်တာ စားဖို့ဆန်ပဲ ယူသွားတယ်‌လေ။ ‌စောင်၊ ခြင်‌ထောင်‌တွေ မသယ် သွားနိုင်ဘူး။ ဒီ‌တော့ အလုပ်ထဲမှာ ခဏခဏ ခြင်ကိုက်ခံရပြီး စခန်းထဲ ပြန်လာတဲ့အခါကျမှ ဖျား‌တော့တာပဲ။”ဟု ဆိုသည်။

ယခုလို ငှက်ဖျား‌ရောဂါ ကူးစက်ခံရသည့် လူနာများမှာ က‌လေးသူငယ်အရွယ်မှ အသက် ၇ဝနီးပါးအထိ ဖြစ်ကြပြီး ‌သေဆုံး သည်အထိ ‌ရောဂါဖြစ်ပွားမှု မဆိုးဝါး‌သေး‌ကြောင်း စခန်းတွင်း ‌နေထိုင်သူများက ‌ပြောသည်။

American Refugee Care – ARC သည် တာ့ခ်ခရိုင်၊ အုန်းဖန်မြို့နယ်တွင် အ‌ခြေစိုက်ပြီး အုန်းဖျန်နှင့် နို့ဖိုးဒုက္ခသည်စခန်းနှစ်ခု ကို ‌ဆေးရုံနှင့် အခြားကျန်းမာ‌ရေးကိစ္စများကို ကူညီ‌ဆောင်ရွက်‌ပေးလျှက်ရှိသည့် အစိုးရမဟုတ်‌သော အဖွဲ့အစည်းတစ်ခု ဖြစ် သည်။

မဲ‌ဆောက်မြို့‌တောင်ဘက် ကီလိုမီတာ ၁၅ဝအကွာအ‌ဝေးရှိ နို့ဖိုးဒုက္ခသည်စခန်းတွင် ကရင်လူမျိုး အပါအဝင် တိုင်းရင်းသားလူ မျိုး‌ပေါင်းစုံ ‌နေထိုင်လျှက်ရှိပြီး စုစု‌ပေါင်း လူဦး‌ရေ ၁၆,၀၀၀‌ကျော်ရှိသည်ဟု ကရင်ဒုက္ခသည်‌ကော်မတီ၏ မှတ်တမ်းများအရ သိ ရသည်။