Home သတင်း ဘုရားသုံးဆူမြို့နယ်တွင် ‌ပြောက်ကျားတိုက်ပွဲ ပြန်လည်စတင်လာ

ဘုရားသုံးဆူမြို့နယ်တွင် ‌ပြောက်ကျားတိုက်ပွဲ ပြန်လည်စတင်လာ

2364
ဇွန်လ ၇ရက်။ နန်း‌ဖော့‌ဂေ (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့အနီးတွင် မြန်မာစစ်တပ်နှင့် ကရင်တပ်ဖွဲ့ဝင်များ ယ‌နေ့ ထိုင်းစံ‌တော်ချိန် မွန်းလွဲ ၁နာရီခန့်အ ချိန်တွင် လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်မှု အချိန်အ‌တော်ကြာ ဖြစ်ပွားခဲ့သည်ဟု နယ်စပ်သတင်းများအရ သိရသည်။

အဆိုပါတိုက်ပွဲ‌ကြောင့် နှစ်ဖက်ထိခိုက်မှုကို အတိအကျ မသိရ‌သော်လည်း ကရင်တပ်ဖွဲ့ဝင်များက မဲ့ကသာရွာ နယ်‌မြေရှိ မြန် မာစစ်တပ် ခမရ(၂၈၄)ကို ဝင်‌ရောက်တိုက်ခိုက်ခြင်းဖြစ်‌ကြောင်း ထိုင်း-မြန်မာနယ်စပ် အ‌ခြေအ‌နေကို ‌စောင့်ကြည့်‌နေသည့် ထိုင်းစစ်တပ်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

သူက “ဒီ‌နေ့ဖြစ်တဲ့တိုက်ပွဲက မဲ့ကသာဂွင်ပဲ။ ‌နေ့လည် ၁နာရီ‌လောက်က ဖြစ်လိုက်၊ နားလိုက်နဲ့ ၂နာရီ‌လောက်မှာ အသံ‌တွေက တိတ်သွားတယ်။ ကရင်ဘက်က လက်နက်ငယ်‌တွေနဲ့ ပစ်ခတ်‌ပေမဲ့ ဗမာတပ်ဘက်က‌တော့ ၈၁-မမနဲ့ လှမ်းပစ်တာ ကြား‌နေရ တယ်။ ကရင်တပ်ဖွဲ့က ဘယ်အဖွဲ့ဆိုတာ မသိ‌သေးသလို ထိခိုက်မှုကို‌တော့ ကျ‌နော်တို့လည်း စုံစမ်း‌နေတုန်းပဲ။”ဟု ဆိုသည်။

အလားတူ ‌ကော့ကရိတ်မြို့နယ်တွင်လည်း တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော် ဒီ‌ကေဘီ‌အေ (၉၀၇)တပ် ရင်းနှင့် မြန်မာစစ်တပ်တို့ ယ‌နေ့ ‌နေ့လည်တွင် ပစ်ခတ်မှုဖြစ်ပွားရာ မြန်မာစစ်တပ်၏ လက်နက်ကြီးအစ ထိမှန်၍ မဲ့တလယ်ရွာမှ အသက် ၁၆နှစ်အရွယ် လူငယ်‌လေးတစ်ဦး ဒဏ်ရာရရှိခဲ့‌ကြောင်း ၎င်းနယ်‌မြေသို့ ‌ရောက်ရှိ‌နေသည့် ပညာ‌ရေးဝန်ထမ်းတစ်ဦး က ‌ကေအိုင်စီကို ယခုလို ‌ပြောသည်။

“ဒီ‌ကေဘီ‌အေနဲ့ ပူးချိမူးရွာတဝိုက်မှာရှိတဲ့ ဗမာစစ်တပ်တို့ ဒီ‌နေ့လည်မှာ ပစ်ခတ်ကြတယ်။ အဲလိုပစ်‌တော့ လက်နက်ကြီးက မဲ့ တလယ်ရွာမှာ သွားကျပြီး အဲဒီရွာက အသက် ၁၆နှစ်အရွယ် ရွာသား‌ကောင်‌လေးတစ်‌ယောက်ကို အစမှန်သွားတယ်။ အခု အဲဒီ‌ကောင်‌လေးကို နို့ဖိုးစခန်း ‌ခေါ်လာပြီး ‌ဆေးကုသမှု ‌ပေးထားတယ်။”ဟု ‌ပြောဆိုသည်။

ထိုပစ်ခတ်မှုတွင် ‌ကော့ကရိတ်မြို့နယ်၊ မဲ့တလယ်ရွာမှ ‌နော်ခုတီ၊ ‌စောဖား‌ကျော်ဘိနှင့် ‌စောဖား‌ကျော်လားတို့ ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် ‌နော်ခုတီ၊ ‌စောဖား‌ကျော်ဘိသည် ဒဏ်ရာပြင်းထန်သည့်အတွက် ယမန်‌နေ့က ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် အုန်းဖန် ‌ဆေးရုံသို့ ပို့‌ဆောင်ထား‌ကြောင်း သိရသည်။

ယမန်‌နေ့ မွန်းလွဲ ၃နာရီမှ ည‌နေ ၆နာရီအထိ မဲ့ကသာရွာအနီးရှိ စစ်ကွပ်ကဲ‌ရေးဌာနချုပ်(၁၉) လက်‌အောက်ခံ ခမရ (၅၆၃)ကို ကရင်အမျိုးသား လွတ်‌မြောက်‌ရေးတပ်မ‌တော်(KNLA) တပ်ရင်း(၁၆)မှ တပ်ခွဲတခွဲနှင့် ဗျူဟာအဖွဲ့က ဆယ်မိနစ်ခန့် ‌ပြောက် ကျားဝင်‌ရောက် ပစ်ခတ်ခဲ့သည်ဟု တပ်မဟာ(၆)မှ တပ်မှူးတစ်ဦးက ‌ပြောသည်။

သူက “မ‌နေ့ည‌နေပိုင်းက‌တော့ KNLA တပ်ရင်း(၁၆)က တပ်ခွဲ(၂)အဖွဲ့နဲ့ တပ်မဟာ ဗျူဟာအဖွဲ့တို့ မဲ့ကသာဂွင်မှာရှိတဲ့ ခမရ (၅၆၃)ကို သွားတိုက်ခိုက်တယ်။ ပစ်ခတ်မှုက ၁ဝမိနစ်‌လောက်ပါပဲ။ ထိခိုက်မှု‌တွေ‌တော့ မရှိဘူးလို့ ‌ပြောကြတယ်။”ဟု ‌ပြော သည်။

ပြီးခဲ့သည့် ဇွန်လ ၅ရက်‌နေ့ မွန်းလွဲပိုင်း ၃နာရီခွဲခန့်တွင် မျက်နှာဖုံးစွပ် လက်နက်ကိုင် ၄ဦး မြို့တွင်းရှိ စရဖရုံးနှင့် ဓမ္မာရုံအား ဝင် ‌ရောက်ဗုံးခွဲပြီး ပစ်ခတ်မှုများ ဖြစ်‌ပေါ်ခဲ့ရာ စရဖ တပ်ကြပ် ‌ကျော်‌ကျော်‌အောင်နှင့် အသက် ၁၃နှစ်အရွယ် မိန်းက‌လေးငယ်တစ် ဦး ‌သေဆုံးကာ စရဖ တပ်ဆွယ်မှူး ဦးစိုးဝင်း၊ မွန်ပြည်သစ်ပါတီ ကြံ‌တောရွာဂိတ်မှူး နိုင်‌အောင်ချမ်းနှင့် ဆိုင်ကယ်တက္ကစီသမား တို့ ဒဏ်ရာရရှိခဲ့‌ကြောင်း လွတ်လပ်သည့် မွန်သတင်းဌာနက ‌ရေးသားထားသည်။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့တွင် ဒီ‌ကေဘီ‌အေ၊ ‌ကေအဲန်ယူ၊ မွန်ပြည်သစ်ပါတီ၊ ကရင်ငြိမ်းချမ်း ‌ရေး‌ကောင်စီနှင့် မြန်မာစစ်တပ်များ လှုပ်ရှားလျှက်ရှိပြီး ပစ်ခတ်မှုများ‌ကြောင့် ဘုရားသုံးဆူမြို့ခံများမှာ ထိတ်လန့်လျှက်ရှိကာ ‌ကျောင်းများနှင့် ‌ဈေးများမှာ ယ‌နေ့အထိ ပိတ်ထား‌နေရဆဲဖြစ်‌ကြောင်း သိရသည်။