Home သတင်း မြန်မာစစ်တပ်နှင့် ကရင်တပ်ဖွဲ့ တိုက်ပွဲကြား ‌ဒေသခံများ ‌ရှေ့‌ပြေးအဖြစ် အသုံးပြုခံ‌နေရ

မြန်မာစစ်တပ်နှင့် ကရင်တပ်ဖွဲ့ တိုက်ပွဲကြား ‌ဒေသခံများ ‌ရှေ့‌ပြေးအဖြစ် အသုံးပြုခံ‌နေရ

1671
ဇွန်လ ၈ရက်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူ‌ဒေသတွင် မြန်မာစစ်တပ်နှင့် ကရင်လက်နက်ကိုင် အဖွဲ့အစည်းများအကြား တိုက်ပွဲများ ဖြစ်ပွားပြီး‌နောက်ပိုင်း မြန်မာစစ်တပ်မှ ထို‌ဒေသရှိ အမျိုးသမီးနှင့် က‌လေးများ အပါအဝင် ကရင်ရွာသား ၃၀‌ကျော်ကို စစ်‌ကြောင်း၏ ‌ရှေ့‌ပြေးလမ်းပြအဖြစ် ဖမ်းဆီးအသုံးပြုခဲ့သည်။

မြန်မာစစ်တပ် ခလရ(၃၇၃) စစ်‌ကြောင်းက ကရင်‌ဒေသခံများကို လမ်းပြအဖြစ် အသုံးပြုခဲ့သည်နှင့် ပတ်သက်၍ ကရင်အမျိုးသား အစည်းအရုံး(‌ကေအဲန်ယူ) တပ်မဟာ(၆)မှ တာဝန်ရှိသူတစ်ဦးက ‌ကေအိုင်စီကို ယခုလို ‌ပြောသည်။

“မြိုင်သာယာရွာက ၁၀‌ယောက်။ အမျိုးသမီး‌ရော ခ‌လေး‌ရောပါတယ်၊ အဲဒီလူ‌တွေကို စစ်‌ကြောင်းအ‌ရှေ့ကို သွားခိုင်းပြီး‌တော့ အပလုံ ‌ကျေးရွာကို လိုက်ပို့ခိုင်းတယ်၊ အပလုံ‌ရောက်‌တော့ ‌နောက်ထပ် ရွာသား ၂၄‌ယောက်ကို ထပ်ဖမ်းတယ်။ ခ‌လေး‌ရော လူကြီး‌ရော အမျိုးသမီးပါ ပါတယ်။”ဟု ၎င်းတာဝန်ရှိသူက ‌ပြောဆိုသည်။

ခလရ(၃၇၃) စစ်‌ကြောင်းမှ ဖမ်းဆီး‌ခေါ်‌ဆောင်ခြင်း ခံရသည့် ကရင်‌ဒေသခံ ၃၂ဦးမှာ အသက်အငယ်ဆုံး ၆နှစ်မှ အသက်အကြီးဆုံး ၅ဝနှစ်ထိ ပါဝင်သည်။

၎င်း‌ဒေသခံများထဲမှ က‌လေးငယ်နှင့် အသက်အရွယ်ကြီး အမျိုးသမီးတချို့ကို ‌ရှေ့မှ သွားခိုင်းပြီး‌တော့ ကျန်သူများကို စစ်‌ကြောင်း ကြားတွင် စစ်သားများ၏ ‌ကျောပိုးအိတ်များကို သယ်‌ဆောင်ခိုင်းပြီး မဲဇာလီရွာအထိ သွား‌ရောက်ခိုင်းခဲ့သည်။ ဇွန်လ ၅ရက်‌နေ့ ည‌နေ ၆နာရီခွဲခန့်မှာ မဲဇာလီရွာသို့‌ရောက်ရှိသွားပြီး‌နောက် မြန်မာစစ်တပ်မှ ၎င်းတို့ ဖမ်းဆီး‌ခေါ်‌ဆောင်လာခဲ့သည့် ကရင်‌ဒေသခံ များကို ပြန်လွှတ်‌ပေးလိုက်သည်ဟု သိရသည်။

ခလရ(၃၇၃) စစ်‌ကြောင်း(၁)နှင့် စစ်‌ကြောင်း(၂)တို့ ပူး‌ပေါင်းပြီး ဘုရားသုံးဆူ‌ဒေသမှ ‌တောင်စွန်းသို့အသွား မြိုင်သာယာနှင့် သက် ကယ်ရွာအကြားတွင် ‌ကေအဲန်ယူနှင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး‌နောက် မြိုင်သာယာရွာခံများကို ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။

ဇွန်လ ၅ရက်‌နေ့တွင် ဘုရားသုံးဆူမြို့‌ပေါ်ရှိ ‌ထောက်လှမ်း‌ရေး(စရဖ)ရုံးကို အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့က ဝင်‌ရောက် ‌ဖောက်ခွဲပစ်ခတ်ခဲ့အပြီး ထိုအမည်မသိ လက်နက်ကိုင်တပ်ဖွဲ့ကို မြန်မာစစ်‌ကြောင်း‌တွေက လိုက်လံရှင်းလင်းချိန်၌ ကရင်အမျိုးသား တပ်မ‌တော် ‌ကေအဲန်ယူနှင့် ရင်ဆိုင်တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့သည်။

မြန်မာစစ်‌ကြောင်းနှင့် ‌ကေအဲန်ယူတပ်ဖွဲ့တို့ ဖြစ်ပွားခဲ့သည့် အဆိုပါတိုက်ပွဲများတွင် မြန်မာစစ်‌ကြောင်းဘက်မှ အ‌သေအ‌ပျောက် ရှိ ‌နေ‌ကြောင်း အပလုံ‌ဒေသခံများက ‌ပြောဆို‌နေကြသည်။

မကြာ‌သေးမီကလည်း ဘုရားသုံးဆူသို့ တက်လာသည့် ခမရ(၅၆၃)တပ်ရင်းမှ လမ်း‌ကြောင်းတစ်‌လျှောက်ရှိ ‌ဒေသခံ ကရင်ရွာသား တချို့ကို တပ်ပစ္စည်းများထမ်းရန် ‌ပေါ်တာဖမ်းဆီးခဲ့သည်။

လက်ရှိအချိန်၌ ဘုရားသုံးဆူမြို့ အပြင်ဘက်‌နေရာများတွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျှက်ရှိ‌နေသဖြင့် မြို့ခံများမှာ တိုက်ပွဲ ထပ်မံ ဖြစ်ပွားမည်ကို ထိတ်လန့်‌ကြောက်ရွံ့‌နေကြသည်။