Home သတင်း အခမဲ့ ပညာ‌ရေးစနစ် ပြဌာန်းချက်နှင့် လက်‌တွေ့ ကွာခြား‌နေ

အခမဲ့ ပညာ‌ရေးစနစ် ပြဌာန်းချက်နှင့် လက်‌တွေ့ ကွာခြား‌နေ

3122
ဇွန်လ ၁ဝရက်။ နန်း‌ဖော့‌ဂေ (‌ကေအိုင်စီ)

၂၀၁၁-၂၀၁၂ ပညာသင်နှစ်တွင် ပညာ‌ရေးဝန်ကြီးဌာန ဝန်ကြီးက မူလတန်းကို အခမဲ့ ပညာ‌ရေးစနစ် သတ်မှတ်ပြဌာန်းထား‌သော် လည်း ကရင်ပြည်နယ်အတွင်းရှိ စာသင်‌ကျောင်းများတွင် ‌ကျောင်းသူ‌ကျောင်းသားများမှာ တနှစ်စာ ပညာသင်ကြား‌ရေးအတွက် ကုန်ကျမှုများ ရှိ‌နေသည်ဟု သိရသည်။

ဖားအံမြို့ အမှတ်(၁) အထက်တန်း‌ကျောင်းတွင်လည်း မူလတန်းက‌လေးများမှာ ‌ကျောင်းမှ ဘာသာအလိုက် ဖတ်စာအုပ်များ အခမဲ့ ရရှိ‌သော်လည်း အခြား ဗလာစာအုပ်၊ ‌ကျောင်းသားလမ်းညွှန်(student guide)နှင့် ‌ကျောင်းအကျီင်္တံဆိပ်များကို မဖြစ်မ‌နေ ဝယ်ယူ ကြရသည်ဟုလည်း ‌ကျောင်းသားမိဘတစ်ဦးက ယခုလို ‌ပြောသည်။

သူမက “သားက ဒီနှစ်မှာ သုံးတန်း‌လေ။ ‌ကျောင်းမှာ ဖတ်စာအုပ်က အလကား ‌ပေးတယ်။ စာအုပ်‌နောက်‌ကျောမှာ အခမဲ့ ဖြန့်‌ဝေ သည်လို့ ‌ရေးထားတာကိုး။ ဒါ‌ပေမဲ့ သချင်္ာနဲ့ အဂင်္လိပ်စာအတွက် student guide ဝယ်ရတယ်။ ‌နောက် ဗလာစာအုပ် တစ်ဒါဇင်က ၂၄၀၀။ ‌နောက်တခုက ‌ကျောင်းတံဆိပ်နဲ့ အတန်းတံဆိပ်ကို တစ်‌ယောက် ၃-၄စုံစီ ဝယ်ရတယ်။ အဲဒါ စုစု‌ပေါင်း ၅၀၀ဝကျပ် နီးပါး ကျတယ်‌လေ။ ပြန်အမ်းစရာ အ‌ကြွေမရှိ‌တော့ ငါး‌ထောင်အပြည့်ပဲ‌ပေါ့။ ‌ငွေတစ်ပြားမှ မကုန်တာ‌တော့ မဟုတ်ဘူး။”ဟု ‌ပြောသည်။

မူလတန်းအပြင် အချို့ အထက်တန်း‌ကျောင်းများမှာလည်း ပညာ‌ရေးဝန်ကြီးဌာန၏ ပြဌာန်းချက်အတိုင်း မလုပ်‌ဆောင်သည့်အ တွက် တိုင်ကြားမှုများပင် ဖြစ်ပွားခဲ့‌ကြောင်း မြဝတီမြို့ခံ အမျိုးသမီးတစ်ဦးက ‌ပြောသည်။

“‌မေလ ၂၆ရက်‌နေ့က မြဝတီ အထက်တန်း‌ကျောင်းမှာ ၆တန်း ‌ကျောင်းသားတစ်‌ယောက် ‌ကျောင်းအပ်တာ ၃‌သောင်း‌လောက် ကုန် တယ်‌လေ။ အဲဒါနဲ့ ‌ကျောင်းသားမိဘက အထက်ကိုတိုင်‌တော့ အမှုဖြစ်လိုက်‌သေးတယ်။ အဲဒီ‌နောက်ပိုင်း ‌ကျောင်းသား‌တွေကို လူ သစ်‌ကော လူ‌ဟောင်းပါ ၈‌ထောင်ပဲ ‌ကောက်‌တော့တယ်‌လေ။ အဲဒါက အလယ်တန်းအဆင့်။ မူလတန်း‌ကျောင်းသား မိဘ‌တွေဆို လည်း ‌ကျောင်းအပ်တာ ၇‌ထောင်ကုန်ပြီး ‌ကျောင်းအလှူ‌ငွေလို့ ‌ရေးထားတဲ့ အလှူခံပုံးမှာ‌တော့ ‌ငွေငါး‌ထောင် ထည့်လိုက်ရ‌သေး တယ်။”ဟု ‌ပြောပြသည်။

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်း၌ မူလတန်း‌ကျောင်းများတွင် ‌ကျောင်းအပ်ချိန်က သူငယ်တန်းအဆင့် ‌ကျောင်းသားများပင် ကျပ်‌ငွေ ၄၀၀ဝ ကုန်ကျ‌ကြောင်းနှင့် အချို့‌ကျောင်းသူ‌ကျောင်းသားများမှာ မိသားစု စားဝတ်‌နေ‌ရေး အကြပ်အတည်း‌ကြောင့် ပညာ ဆက်လက်သင်ကြားခွင့် ဆုံးရှုံးခဲ့ရသည်ဟု အမည်မ‌ဖော်လိုသူ ‌ကျောင်းဆရာမတစ်ဦးက ယခုလို ‌ပြောသည်။

“ကျမတို့ ‌ကျောင်းမှာ မူလတန်း‌နေ ‌ကျောင်းသူ‌ကျောင်းသား‌ပေါင်း ၈၀‌ကျော်ရှိတယ်။ ‌လေးတန်း‌အောင်ပြီး ငါးတန်းကို ဆက်မတက် ကြ‌တော့ဘူး။ တချို့လည်း သုံးတန်း‌အောင်ပြီး ‌လေးတန်းကို ဆက်မတက်နိုင်‌တော့ဘူး။ သူတို့မိဘ‌တွေက မိသားစု စားဝတ်‌နေ‌ရေး အဆင်မ‌ပြေလို့ ဆက်မထားနိုင်တာပါ။”ဟု ဆိုသည်။

လှိုင်းဘွဲမြို့နယ်အတွင်းရှိ ‌ကျေးလက်‌တောရွာများမှ က‌လေးငယ် အသက် ၅နှစ်မှ ၁၄နှစ်အထိမှာ စတုတ္ထတန်းအထိသာ ‌ကျောင်း ‌နေခဲ့ကြပြီး အ‌ကြောင်းအမျိုးမျိုး‌ကြောင့် အလယ်တန်းသို့ ဆက်လက်၍ ပညာဆည်းပူးရန် နည်းပါးလျှက်ရှိသည်။

လှိုင်းဘွဲမြို့နယ် အဖွား ‌နော်မူး‌စေးက‌တော့ “အဖွားက သားသမီး ၈‌ယောက်ရှိ‌ပေမဲ့ အားလုံး ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်ကြ တယ်။ အဖွားက ၁၃နှစ်အရွယ် ‌မြေး‌လေးနဲ့ပဲ ‌နေရတယ်။ ‌မြေးက ဒီနှစ်မှာ ‌လေးတန်းတက်ရမှာမို့ ‌ကျောင်းဆက်ထားချင်ပါတယ်။ ဒါ ‌ပေမဲ့ ‌မြေး‌ကျောင်းတက်ရင် အဖွားကို ဘယ်သူကြည့်မှာလဲ။”ဟု ‌ပြောဆိုသည်။

မူလတန်းဖြင့် ‌ကျောင်းထွက်ခဲ့ရသူ ‌နော်အဲက “သမီး ‌ကျောင်း‌နေချင်‌သေးတယ်။ ဒါ‌ပေမဲ့ မိုးမိုးနဲ့ ပါးပါးတို့ အလုပ်သွားလုပ်ရင် ‌မောင်‌လေး၊ ညီမ‌လေး‌တွေကို ကြည့်မဲ့သူမရှိ‌တော့ မိုးမိုးက ‌ကျောင်းထွက်ခိုင်းလိုက်တာပါ။”ဟု ဆိုသည်။

ယင်းသို့ အစိုးရက အခမဲ့ ပညာ‌ရေးစနစ် မည်သို့ပင် ပြဌာန်းထား‌စေကာမူ မိသားစုတခုချင်း၏ အ‌ရေးကိစ္စကို မ‌ဖြေရှင်းနိုင်သ‌ရွေ့ က‌လေးငယ်များအတွက် အကျိုးမရှိနိုင်‌ကြောင်း ‌ကျောင်း‌ကော်မတီလည်းဖြစ်၊ ရပ်မိရပ်ဖလည်းဖြစ်တဲ့ ‌စောက‌ပေါ်ဝါးက ယခုလို ‌ပြောသည်။

“အစိုးရက အခမဲ့ ပညာ‌ရေးစနစ်ကို ဘယ်လိုပဲလုပ်လုပ် မိသားစုဝမ်းစာကို မ‌ဖြေရှင်းနိုင်သ‌ရွေ့ က‌လေး‌တွေအတွက် ဘယ်လိုမှ အကျိုးမရှိနိုင်ပါဘူး။ ထမင်းမစားရဘဲနဲ့ ပညာသင်ယူဖို့ဆိုတာလည်း မဖြစ်နိုင်တာ အမှန်ပဲ။”ဟု ‌စောက‌ပေါ်ဝါးက ဆိုသည်။

ယခုလ ၁ရက်‌နေ့မှစ၍ မြန်မာနိုင်ငံအတွင်းရှိ စာသင်‌ကျောင်းများ ဖွင့်လှစ်‌နေပြီးဖြစ်‌သော်လည်း ယ‌နေ့အချိန်ထိ လာ‌ရောက်၍ ‌ကျောင်းအပ်နှံဆဲ ‌ကျောင်းသူ‌ကျောင်းသားများ ရှိ‌နေဆဲဖြစ်သလို အခမဲ့ ပညာသင်ကြားခွင့်မရှိဘဲ ‌ပေး‌ဆောင်‌နေရသည်ချည်း ဖြစ် သည်။