Home ထိပ်တန်းသတင်း ‌ငွေ‌ပေး၍ ဗုံးခွဲရန် ခိုင်း‌စေဟု အစိုးရ စွပ်စွဲချက်အ‌ပေါ် KNU ငြင်းဆို

‌ငွေ‌ပေး၍ ဗုံးခွဲရန် ခိုင်း‌စေဟု အစိုးရ စွပ်စွဲချက်အ‌ပေါ် KNU ငြင်းဆို

1617
ဇွန်လ ၁၈ရက်။ ‌စောခါစူးညား (‌ကေအိုင်စီ)

ပြည်သူများကို ‌ငွေ‌ကြေးမက်လုံး‌ပေး၍ ကရင်အမျိုးသားအစည်းအရုံး(KNU)က ဗုံးခွဲခိုင်းရန် ခိုင်း‌စေ‌နေသည်ဟု ယ‌နေ့ထုတ် မြန် မာအစိုးရပိုင် သတင်းစာ၏ စွပ်စွဲ‌ဖော်ပြထားချက်အ‌ပေါ် မဟုတ်မှန်‌ကြောင်း KNU က ငြင်းဆိုတုံ့ပြန်လိုက်သည်။

ဇွန်လ ၁၂ရက်‌နေ့က ‌နေပြည်‌တော်၊ ဇမ္ဗူသီရမြို့နယ် မြို့မ‌ဈေးရှိ အများပြည်သူသုံး သန့်စင်ခန်းအတွင်း ဗုံး‌ပေါက်ကွဲ၍ အပြစ်မဲ့ ပြည်သူ ၃ဦး ထိခိုက်မှုတွင် KNU က ကျပ်သိန်း ၃ဝ မက်လုံး‌ပေးကာ ခိုင်း‌စေခဲ့သည့် အသက် ၃၅နှစ်အရွယ် ‌အောင်ကိုလတ်(ခ) ‌အောင်ကြီးဆိုသူအား ဖမ်းဆီးရမိထားသည်ဟု အစိုးရသတင်းစာ၏ စွပ်စွဲ‌ဖော်ပြချက်ကို ‌ကေအဲန်ယူက ငြင်းဆိုလိုက်ခြင်းဖြစ် သည်။

KNU ဒု-ဥက္ကဌ ‌စော‌ဒေးဗစ်သက‌ဘောက “ဒါ‌တွေဟာ သူတို့ မတရား လုပ်ကြံအကွက်ဆင်တာ ဖြစ်တယ်။ လုပ်ကြံဝါဒဖြန့်တာ လည်း ဖြစ်တယ်။ ကျ‌နော်တို့ KNU မှာ အကြမ်းဖက်တဲ့ ‌ပေါ်လစီ မရှိဘူး။ ဒါ ရှင်းရှင်း‌လေးပဲ။ ဒီလို မတရားစွပ်စွဲမှု‌တွေဟာ ဟိုး ‌နေဝင်း(အာဏာရှင်‌ဟောင်း) လက်ထက်တုန်းကလည်း ဒီအတိုင်းပဲ။ ဒါသူတို့လုပ်‌နေကျ ဇာတ်ကွက်တစ်ခုပဲ။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ဆက်လက်၍ သူက “မြန်မာစစ်အစိုးရဟာ မဟာဝါဒကို စွဲကိုင်ထားတာဖြစ်တဲ့အတွက် အာဏာတည်မြဲဖို့ ဒီလို လုပ်ကြံဝါဒဖြန့် တာ‌တွေက လုပ်ရိုးလုပ်စဉ်ဖြစ်‌နေပြီ။ အခု ကချင်မှာ ဖြစ်တဲ့ကိစ္စဟာလည်း လူ‌တွေကို အာရုံ‌ပြောင်းဖို့အတွက် လုပ်တာလည်း ဖြစ်နိုင်တယ်။”ဟု သုံးသပ်‌ပြောဆိုသည်။

အစိုးရသတင်းစာက သန့်စင်ခန်းအတွင်း ဗုံးလာ‌ရောက်ထားရှိသူ ‌အောင်ကိုလတ် (ခ) ‌အောင်ကြီးသည် KNU တပ်မဟာ(၂)မှ ‌ဖောက်ခွဲ‌ရေး တာဝန်ခံတစ်ဦးနှင့် သုံးကြိမ်ခန့် ‌တွေ့ဆုံခဲ့ပြီး‌နောက် အခ‌ကြေး‌ငွေ တစ်သိန်းအရင်ယူထားကာ ‌နေပြည်‌တော်တွင် ဗုံး‌ဖောက်ခွဲရန် စီစဉ်ခဲ့‌ကြောင်း ‌ဖော်ပြထား‌သော်လည်း KNU တပ်မဟာ(၂)မှ ဗုံး‌ဖောက်ခွဲ‌ရေးတာဝန်ခံ၏ အမည်နှင့် မည်သည့် တပ်ရင်းမှ ဖြစ်သည်ကိုမူ အတိအကျ ‌ဖော်ပြထားခြင်း မရှိ‌ပေ။

အစိုးရသည် မြန်မာပြည်အတွင်း ဗုံး‌ပေါက်ကွဲမှုဖြစ်တိုင်း KNU လက်ချက်ဟု စွပ်စွဲ‌ပြောဆို‌လေ့ရှိပြီး ‌မေလ ၁၈ရက်‌နေ့က တပ် ကုန်းမြို့နယ်၊ ‌ရွှေမြို့ဘူတာနှင့် ဆင်‌သေဘူတာအကြား ပြည်သူ ၂ဦး‌သေဆုံး၍ ၉ဦး ဒဏ်ရာရရှိခဲ့သည့် မီးရထား‌ပေါ်မှ ဗုံး‌ပေါက် ကွဲမှုတွင် KNU က ခိုင်း‌စေခဲ့သည့် ‌ကျော်ဒီ (ခ) မာရီနိုဆိုသူကို ဖမ်းဆီးမိထားသည်ဟုလည်း အစိုးရသတင်းစာတွင် ‌ဖော်ပြထား သည်။